မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    1 Mile To You ( 2017 )

    1 Mile To You ( 2017 )

    ကျွန်တော်တို့ ငယ်ရွယ်စဉ်အချိန်က တပ်မက်မှုတွေဟာ အဆုံးအစမဲ့စွာ ကြီးမားပါတယ်။

    ကျောင်းတော်ကြီးရယ်၊ သူငယ်ချင်းတွေရယ်၊ မိမိပါဝင်နေတဲ့ အသင်းအဖွဲ့ စတာတွေက မိဘတွေပြီးရင် ဒုတိယအကြိမ်ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေပါ။

    ဒီအရာတွေအားလုံး ရုတ်တရက်ဆိုသလို မိမိကို သေကွဲ ခွဲသွားကြတယ်ဆိုရင်………

    ကျွန်တော်တို့ လူသားတွေဟာ ချစ်ခြင်းမေတ္တာနဲ့ အသက်ရှင် နေထိုင်ကြတယ်ဆိုတာကို ဒီကားလေးထဲမှာ မြင်တွေ့ကြရမှာပါ။

    ကယ်ဗင်ဟာ ထူးချွန်တဲ့ တာတိုအပြေးသမားတစ်ယောက်ပါ။

    သူချစ်တဲ့ ကျောင်းအပြေးအသင်းနဲ့ သူ့ချစ်သူ အယ်လီအပေါ် ငယ်ရွယ်သူပီပီ သံယောဇဉ်ကြီးလှပါတယ်။

    အပြေးပြိုင်ပွဲတစ်ခုမှာ သူဟာ စံချိန်သစ်တင်နိုင်ခဲ့ပြီး ပျော်ရွှင်ခဲ့ရပေမယ့် သူမပါသွားတဲ့ သူ့ချစ်သူနဲ့ သူငယ်ချင်းတွေရဲ့ ကျောင်းကားဟာ မတော်တဆဖြစ်ပြီး အားလုံး သေဆုံးသွားခဲ့ပါတယ်။

    ပေတေနေရင်းနဲ့ ဘဝကိုဖြတ်သန်းရချိန်မှာ သူချစ်ရတဲ့ ကျောင်းကလဲ ပိတ်သိမ်းရမယ့်အခြေအနေကို ရောက်လာပါတယ်

    ကျောင်းပြောင်းပြီးနောက်မှာ သူ့ရဲ့ နည်းပြဆရာအသစ်ဖြစ်လာတဲ့ နည်းပြ ကေ ဟာ သူ့ရဲ့နာကျင်ခဲ့ရမှုတွေကို ဘယ်လိုဖြေဖျောက်ပေးနိုင်မှာလဲ၊

    ကယ်ဗင်ခံစားနေရတဲ့ အတိတ်ဆိုးက ရုန်းမထွက်နိုင်တဲ့ စိတ်ဝေဒနာကို ဘယ်လိုအရာတွေက ကူညီတိုက်ထုတ်ပေးနိုင်ခဲ့ပြီး စိတ်သစ်လူသစ်ဖြစ်သွားမလား၊

    သူချစ်တဲ့ ချစ်သူရဲ့ တမလွန်ဘဝကိုပဲ လိုက်သွားမလားဆိုတာကို ရင်တစ်မောမောနဲ့ ကြည့်ရှုအားပေးကြပါဦး။

    ဇာတ်ကားအစမှာ နားဆင်ရမယ့် Last Kiss သီချင်းလေးကို ချစ်ရသူနဲ့အတူတူ နားဆင်သင့်ကြောင်းလေး အကြံပြုပါရစေဗျာ။

     

    Translator : Htoo Aung

    Encoder : Sandar Lwin

    MMATV Channelမှတင်ဆက်သည်

    Duration: 104

    Quality: Blu-ray 720p

    Release:

    IMDb: 6.3/10

    Avertising
    1 Mile To You ( 2017 )