မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    A Wrinkle in Time ( 2018 )

    A Wrinkle in Time ( 2018 )

    MMATV ပရိတ်သတ်ကြီးအတွက် 2018ထွက် movieလေးဖြစ်တဲ့ A Wrinkle in Time ဆိုတဲ့ လုံးဝမိုက်တဲ့Movieလေးပါ

    Disney ဆိုတော်တော်များများကြားဖူးမယ်ထင်ပါတယ်။ ခုတစ်ခေါက်ကတော့လတ်တလောမှ လတ်လတ်ဆတ်ဆတ် Disney ကလွှင့်ပေးထားတဲ့ ဇာတ်ကားးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်?

    သဘာဝလွန်ဇာတ်ကားတွေကိုမှ နှစ်နှစ်ခြိုက်ခြိုက်သဘောကျတယ်ဆိုတဲ့သူတွေ အကြိုက်တွေ့စေမှာပါ?

    ဒီကားရဲ့ Film makerကတော့ Wreck-It Ralph,
    Frozen,Zootopiaတို့ကိုအသက်သွင်းထားတဲ့ Jennifer Lee ဖြစ်ပါတယ်

    ဒါရိုက်တာကတော့ Ava DuVernayဖြစ်ပါတယ်

    1962လောက်ကထွက်ရှိခဲ့တဲ့ Madeleine L’Engle ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီ အခုလက်ရှိမှာလည်းအောင်မြင်မှုရရှိထားတဲ့ကားပါ

    Distributors တွေကတော့ Walt Disney Studios,Motion Picturesတို့ပါ

    ဒီကားလေးမှာ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကတော့ အင်္ဂလိပ်ကားကြည့်နေကြသူတွေနဲ့မစိမ်းတဲ့သရုပ်ဆောင်တွေပါ Oprah Winfrey, Reese Witherspoon, Maindy Kaling, Chris Pine, Storm Reid နဲ့ Levi Miller တို့ကအဓိက သရုပ်ဆောင်ထားပါတယ်

    အဓိကဇာတ်ဆောင်ကလေးတွေကလဲ သရုပ်ဆောင်ကောင်းလွန်းပါတယ်။လျှို့ဝှက်နက်နဲပြီး ပဟေဠိဆန်တဲ့စိတ်ကူးပုံဖော်ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်⚡⚡

    ဇာတ်လမ်းအကျဉ်း
    *******************
    နာဆာအဖွဲ့ဝင်သိပ္ပံပညာရှင်ဇနီးမောင်နှံမှာ မဟုတ်မခံစိတ်ရှိတဲ့ သမီးကြီး မက်♀️နဲ့ ဖျတ်လတ်သွက်လက်တဲ့သားငယ် ချားလ်ဝေါလေ့စ်♂️ ဆိုပြီးကလေးနှစ်ယောက်ရှိတယ်

    တစ်နေ့မှာအဖေဖြစ်သူကအာကာသထဲရွက်လွှင့်ရင်း ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်။

    သူတို့အဖေ ပျောက်သွားပြီးနောက်လေးနှစ်ကြာတာ့ တစ်ညမှာချားလ်ဝေါလေ့စ်က မစ္စစ်ဝှက်စစ်ဆိုတဲ့နတ်မိမယ်စေတမန်တစ်ယောက်ကို အိမ်ကိုဖိတ်ခေါ်လာတာကနေ မစ္စစ်ဟူး မစ္စစ်ဝှခ်ျဆိုတဲ့နောက်ထပ်၂ယောက်နဲ့ပါတွေ့ပြီး သူတို့သုံးဦးက ကလေးတွေရဲ့ အဖေပျောက်ရှာပုံတော်ခရီးကို ကူညီပေးကြတယ်။

    မောင်နှမ၂ယောက်အပြင် မက်ရဲ့သူငယ်ချင်းဖြစ်သူ ကယ်လ်ဗင်ကပါ အဖေပျောက်ရှာပုံတော်ခရီးမှာ ကူညီရှာပေးကြတယ်။

    နတ်မိမယ်စေတမန်တွေရဲ့အပြောအရ သူတို့အဖေက စကြဝဠာကြီးရဲ့ထောင့်တစ်နေရာမှာပိတ်မိနေတာကို သိပြီး သူတို့အဖေကိုကယ်ဖို့ကြိုးစားပါတော့တယ်

    အဲ့လိုချိန်မှာမကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်မှုတွေရော

    နက်နဲကျယ်ပြန့်တဲ့ စကြ၀ဠာကြီးထဲမှာ
    -သူတို့အဖေကိုဘယ်လိုရှာကြမလဲ

    -ရှာလို့တွေ့ပါ့မလား???????????????
    -အဖေဖြစ်သူကိုရှာနေရင်း မောင်ဖြစ်သူကိုမကောင်းဆိုးဝါးပူးကပ်သွားတဲ့အခါ
    ဘာတွေဆက်ဖြစ်မှာလဲ????????

    -မိသားစုတွေပေါင်းစည်းမှာလားဆိုတာကိုတော့ ကြည့်ရှုအားပေးပါဦးနော်???

    *OST လေးတွေကလည်းတကယ်ကို နားထောင်ကောင်းပါတယ် SIA တို့ Demi Lovato တို့လိုနာမည်ကြီးတွေကသီဆိုပေးထားတာပါ movie ထဲက effect တွေ visualတွေကလဲ အရမ်းကောင်းလွန်းလို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးနော်??

     

    Translated by SDL,HMN & May Thinzar Myint

    Encoded by Sandar Lwin

    MMATV Channelမှတင်ဆက်သည်

    Duration:

    Quality: Blu-ray 720p

    Release:

    IMDb: 4.2/10

    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )
    A Wrinkle in Time ( 2018 )