မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    2
    BoredFineGoodAmazingExcellent
    Loading...

    Ajin : Demi-Human ( 2017 )

    Ajin : Demi-Human ( 2017 )

    ဒီဇာတ်ကားကတော့ 2017 , September 30 မှာ စတင် ရုံတင်ပြသခဲ့တဲ့ Japanese Mystery , Action ဇာတ်ကားလေးပဲ ဖြစ်ပါတယ် …

    2015 မှာ ထွက်ရှိခဲ့တဲ့ Anime ကို Live Action အဖြစ် ပြန်လည်အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ် … ခေါင်းဆောင်မင်းသားအဖြစ် Rurouni Kenshin မင်းသား ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် …

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    Ajin တွေက ဘယ်လိုမှ မသေနိုင်တဲ့ လူသားတွေပါ … ဘယ်လိုပဲ သတ်သတ် ပြန်ရှင်လာနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိကြပါတယ် … အကယ်လို့ ခြေလက်အင်္ဂါတွေ ပြတ်တောက်သွားရင် ပြန်ထွက်လာနိုင်တယ့် အစွမ်းသတ္တိတွေနဲ့ပေါ့ …

    တစ်နေ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ကိုယ်သူ Ajin ဖြစ်နေမှန်းသိလိုက်ရပါတယ် …

    ဂျပန်နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းက Ajin တွေကို ကာကွယ်ပေးမယ်လို့ ပြည်သူလူထုကို ပြောကြားထားပြီး … နောက်ကွယ်မှာ Ajin တွေကို စမ်းသပ်ခံ ပစ္စည်းတစ်ခုအနေနဲ့ သဘောထားပြီး … ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲဖို့အတွက် Ajin တွေအပေါ် စမ်းသပ်ချက်တွေ များစွာ ပြုလုပ်ခဲ့ပါတယ် …

    ထိုစမ်းသပ်ချက်ခံ Ajin တွေထဲမှာ ယာဉ်မတော်တဆဖြစ်ပြီးနောက် Ajin မှန်း သူ့ကိုယ်သူ သိလိုက်ရတယ့် Kei Nagai ( Takeru Satoh ) က လည်း စမ်းသပ်ခံ Ajin ထဲမှာ တစ်ယောက်အပါအဝင်ပါ …

    ထိုအခြေအနေမှာ Sato ( Gō Ayano ) လို့ ခေါ်တယ့် Ajin က ထိုအာဂျင်း Lab ကို ဖောက်ထွင်းပြီး Ajin တွေကို ကယ်တင်ခဲ့ပါတယ် …

    အဲ့နောက်မှာတော့ Sato က Ajin တွေကို ကာကွယ်ပေးမယ်ဆိုတဲ့ စကားက အပေါ်ယံမျှသာ ဖြစ်ကြောင်း … အစိုးရအဖွဲ့အစည်းက သူတို့ကို စမ်းသပ်ခန်းထဲက ကြွက်တစ်ကောင်လိုပဲ သဘောထားကြောင်း … Ajin တွေ အတွက် ကိုယ်ပိုင်အုပ်ချုပ်လို့ရမယ့် ခရိုင်ဒေသတစ်ခုခု ခွဲပေးဖို့ တောင်းဆိုခဲ့ပြီး မလိုက်လျောပေးပါက Ajin တွေက တိုက်ခိုက်မည်ဖြစ်ကြောင် Media က ကြေငြာအသိပေးခဲ့ပါတယ် …

    အစိုးရက Sato ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့လား ? မလိုက်လျောပဲ စစ်ဖြစ်ခဲ့လား ? အကယ်၍ စစ်ဖြစ်ခဲ့မယ်ဆို မသေနိုင်တဲ့ Ajin တွေကို ထိလွယ်ခိုက်လွယ်ဖြစ်တဲ့ လူသားတွေက ဘယ်လို ရင်ဆိုင်မလဲ ?

    ဒါတွေကို movie လေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော် …

    ပြောရမယ်ဆို Live Action အဖြစ် ပြန်လည်အသက်သွင်းထားတာ တော်တော်လေးကောင်းပါတယ် …

    ကျွန်တော်က Anime ကြည့်သူတစ်ယောက် မဟုတ်တော့ Fail လား , မ Fail လားတော့ မပြောတတ်ပါဘူး … ဇာတ်လမ်းဇာတ်ကွက် , CGI စတာတွေကတော့ အရင်ထွက်ရှိခဲ့ Tokyo Ghoul ထက် အဆပေါင်းများစွာ သာတယ်လို့ ယုံကြည်မိပါတယ် …

    Rating အရ IMDb မှာ 7.1/10 , Rotten Tomatoes မှာ 86% နှင့် MyDrama List မှာ 8.4% အသီးသီး ရရှိထားပါတယ် …

     

     

    Translator : Ziven
    Encoder : Ziven
    Quality : Blu-ray 720p
    File Size : ( 795 MB ) | ( 399 MB )

     

     

    Duration: 109

    Quality: Blu-ray 720p

    Release:

    IMDb: 7.1

    Avertising
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )
    Ajin : Demi-Human ( 2017 )