မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    Aruvi ( 2016 )

    Aruvi ( 2016 )

    Friday မှာကားကောင်းကောင်းလေးကြည့်ရှုနိုင်ဖို့
    MMATVပရိတ်သတ်ကြီးအတွက်”Aruvi”ဆိုတဲ့ကားလေးကိုတင်ပေးလိုက်ပါတယ်

    သာမာန် Romance,Comedy တွေလိုမဟုတ်ပဲ မတော်တဆAIDSရောဂါကူးစက်ခံလိုက်ရတဲ့ ”အာရူဗီ”
    ဆိုတဲ့ကောင်မလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာပါ

    Ratingမှာလည်း IMDb9.6/10ထိအမြင့်ဆုံးရရှိထားပြီး
    -အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု
    -အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု
    -အကောင်ဆုံးအယ်ဒီတာဆု
    -အကောင်းဆုံးရုပ်ရှင်ထုတ်လုပ်ရေးဆု
    ဆု ၄ဆုကိုသိမ်းပိုက်ထားတဲ့ ပညာပေးဇာတ်လမ်းလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်

    အဓိကဇာတ်ဆောင် အာရူဗီနေရာကနေ မင်းသမီးချော Aditi Balanကပီပီပြင်ပြင်သရုပ်ဆောင်ထားတာကို
    တွေ့ရမှာဖြစ်ပါတယ်

    ကိုယ့်ပတ်ဝန်းကျင်မှာAIDSဖြစ်နေတဲ့လူတွေရှိကြမှာပါပဲ
    AIDSလို့ပြောတာနဲ့ဘာကိုအရင်ဆုံးပြေးမြင်စဉ်းစားမိပါသလဲ

    sexကြောင့်ကူးတာလို့ပဲအရင်ဆုံးတွေးထင်မိကြမှာမလား
    ဒါပေမဲ့ စဉ်းစားမိကြသလား သူတို့အဲ့ရောဂါဖြစ်တာ မွေးရာပါမိဘကနေကူးစက်တာလား?? မတော်တဆဖြစ်လို့ကူးစက်မိတာသလားဆိုတာ..

    ”Aruvi”ဆိုတဲ့ကားလေးမှာတော့ AIDSဖြစ်နေတဲ့အာရူဗီကိုသူ့မိသားစုကဘယ်လိုဆက်ဆံကြသလဲ..
    သူ့ပတ်ဝန်းကျင်ကကောဘယ်လိုထင်မြင်ကြသလဲ
    မသိတဲ့သူတွေကတောင်သူမနှင့်အတူတူထိုင်နေရတာတောင်လေထုကိုအတူတူရှုနေရလို့ကူးစက်တော့မယ်လို့တောင်ထင်နေကြတာပါ

    ရိုးသားကြိုးစားတဲ့မိသားစုမှာမွေးလာတဲ့”အာရူဗီ”
    မောင်နှမနှစ်ယောက်တည်းရှိပြီးသမီးအကြီးဆုံးမို့မိသားစုကအရမ်းချစ်တယ် သူ့အဖေကတော့သူ့ကိုအချစ်ဆုံးပေါ့

    အဲ့လိုတောရွာလေးကနေကျောင်းတက်ဖို့မြို့ရောက်လာတယ်ကျောင်းမှာဆိုလည်းသွက်လက်ချက်ချတဲ့ကောင်မလေးတစ်ယောက်…

    အဲ့လိုနဲ့သူမှာကြိုက်နေရတဲ့ကောင်လေးတစ်ယောက်ရှိတယ်ဒါပေမဲ့ သူ့ကိုပြန်မကြိုက်တော့ သူ့သူငယ်ချင်းနှင့်အတူ clubတွေသွားခဲ့တယ်…

    တစ်နေ့သူအိမ်ပြန်နောက်ကျခဲ့တယ်နောက်ပိုင်းမှာတော့အာရူဗီဟာနေမကောင်းဖြစ်လာတယ်….
    အဲ့လိုနဲ့သူဟာဆေးသွားစစ်ကြည့်ရော သူ့မှာရောဂါရှိနေပြီဆိုတာသိလိုက်ရတယ်

    ပတ်ဝန်းကျင်ကော မိသားစုကပါ
    sexကြောင့်ကူးစက်တယ်လို့ပဲထင်ကြတယ်

    အဲ့လိုနဲ့သူ့ကိုအိမ်ကမောင်းထုတ်ခဲ့ကြတယ်
    သူ့သူငယ်ချင်းအိမ်မှာသွားနေတဲ့အခါမှာလည်း အဲ့အိမ်ကလူတွေရဲ့အမြတ်ထုတ်တာကိုခံခဲ့ရတယ်

    နောက်ပိုင်းမှာသူဟာ အမှန်တရားကိုပြောတဲ့ show တစ်ခုမှာသူ့ကိုအမြတ်ထုတ်ခဲ့တဲ့လူ၃ယောက်ကိုပါခေါ်ပြီး တစ်နိုင်ငံလုံးကြည့်နေတဲ့ရှိုးပွဲမှာသူဟာAIDSဖြစ်နေကြောင်းကိုထုတ်ဖော်ပြောကြားတဲ့အခါမှာဟိုလူ၃ယောက်ကတော့တော်တော် တုန်လှုပ်သွားကြတယ်…

    နောက်ပိုင်းမှာရှိုးပွဲမှာအာရူဗီဟာမထင်မှတ်ထားတဲ့လုပ်ကွက်တွေနဲ့သူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူတွေကိုပြန်ပြီးသင်ခန်းစာ
    ပေးခဲ့တယ်

    ”အာရူဗီ”ဘယ်လိုသင်ခန်းစာပြန်ပေးမလဲ
    သူ့ရောဂါကကော sexကြောင့်မဟုတ်ဘူးဆို ဘယ်လိုကူးစက်ခဲ့တာလဲ…..

    သူ့ရဲ့အဆုံးသတ်ကကောဘယ်လိုဖြစ်မလဲဆိုတာ???
    Aruvi ဆိုတဲ့ကားလေးမှာကြည့်ရှုနိုင်ပါပြီ …

     

    Translator : May Thinzar Myint
    Encoder : Sandar Lwin
    Quality : WEBRip 720p
    File Size : 745MB

     

     

    Duration: 130

    Quality: WEBRip 720p

    Release:

    IMDb: 9.1

    Aruvi ( 2016 )
    Aruvi ( 2016 )
    Aruvi ( 2016 )
    Aruvi ( 2016 )
    Aruvi ( 2016 )