မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    Ex Files 2 : The Back Up Strikes Back ( 2015 )

    Ex Files 2 : The Back Up Strikes Back ( 2015 )

    Ex-Files ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Ex-Files 2 လေးကို တင်ဆက်လိုက်ရပါတယ် …

    ဒီဇာတ်ကားမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Ryan Zheng Kai နှင့် Amber Kuo တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် …

    KPop Boy Group တစ်ခုဖြစ်တဲ့ Exo Group မှ Yixing Zhang လဲ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ် …

    Ex-Files 2 ကတော့ အမျိုးသမီးတွေ အကြည့်သင့်ဆုံး ဇာတ်ကားပါ … ဘာလို့ဆိုရင် ကိုယ့်ကို ပစ်သွားတဲ့ ယောင်္ကျားတွေကို ဘယ်လိုပြန်စည်းရုံးပြီး ချေပစ်ရမယ်ဆိုတဲ့ သင်ခန်းစာတွေ ပါဝင်ထားလို့ပါ ?

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    အလှအပကိုစိတ်​မဝင်​စားဘဲ အလုပ်​ကိုပဲ အာရုံစိုက်​ခဲ့တဲ့ လက်​​ထောက်​ကြော်​ငြာဒါရိုက်​တာမ​လေး ရိရှီ ဟာ … သူ့ရဲ့ crush ဖြစ်​တဲ့နာမည်​ကြီးမင်းသား ယွိ​ဖေးနဲ့ ​တွေ့ဖို့ အ​ကြောင်းဖန်​လာခဲ့ပါတယ် …

    အဲ့နောက် မင်းသား ယွိဖေး က ဒါရိုက်တာမလေး ရိရှီ ကို One Night Stand အဖြစ် အသုံးချသွားပါတယ် …

    ထိုအကြောင်း ရိရှီ က သတိမထားမိပဲ … သူတို့နှစ်ယောက် ချစ်သူရည်းစားတွေ ဖြစ်ပြီလို့ မှတ်ယူကာ … ချစ်သူရည်းစားကြားက အပြုအမူတွေ လုပ်ဆောင်ပါတော့တယ် …

    ဒါပေမဲ့ ယွိဖေး က ရိရှီ ကို အဆက်အသွယ်ဖြတ်ကာ ပလစ်သွားပါတော့တယ် … အဲ့နောက် ရိရှီ က အသည်းတွေကွဲပြီး ခေါက်ဆွဲစားရင်း အချစ်ရေးနဲ့ ပတ်သတ်တဲ့ ဆရာကြီး တစ်ဦးနဲ့ တွေ့ဆုံဖို့ ကံကြမ္မာက ဖန်လာခဲ့ပါတယ် …

    အဲ့နောက်တော့ ထိုဆရာကြီးရဲ့ သင်ပြမှုနဲ့ ရိရှီ တစ်ယောက် ယွိဖေး ကို ဘယ်လိုတွေ ပညာပြန်ပြမလဲ ? သိမ်သွင်းမလဲ ? ဖြားယောင်းမလဲ ? ဆိုတာတွေကို ဟာသလေးတွေ အမြောက်အမြားရောပြီး ရိုက်ကူးထားပါတယ် …

    ဟာသလေးတွေရော , အချစ်ရေးဆိုင်ရာ အကြံပေးချက်လေးတွေပါ များစွာပါဝင်တာကြောင့် မိန်းကလေးတွေ အနေနဲ့ အထူးသဖြင့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ခုပါ …

    Rating အရ IMDb မှာ 4.6/10 ရရှိထားတဲ့ Chinese Romance , Comedy ဇာတ်ကားလေးတစ်ခုပါ …

     

     

    Translator : ShinE
    Encoder : Ziven
    Quality : 720p DVDRip
    File Size : 811 MB

     

     

     

    Duration: 108

    Quality: DVDRip 720p

    Release:

    IMDb: 4.6

    Avertising
    Ex Files 2 : The Back Up Strikes Back ( 2015 )
    Ex Files 2 : The Back Up Strikes Back ( 2015 )
    Ex Files 2 : The Back Up Strikes Back ( 2015 )
    Ex Files 2 : The Back Up Strikes Back ( 2015 )