မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Ex-Files ( 2014 )

    Ex-Files ( 2014 )

    ကဲ ဆယ်ကျော်သက်တွေ ၊ အိမ်ထောင်ရှင် မမ ၊ ကိုကိုတွေ ကြည့်သင့်ကြည့်ထိုက်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် …

    ကားလေးနာမည်က Ex-files ပါ … ဒီကားက 1 2 3 ဆိုပြီး ၃ ကား ထွက်ရှိထားပါတယ် …

    Ex-Files 1 ( 2014 ) မှာ အဓိက မင်းသားတွေအဖြစ် ၊ တရုတ်ဟာသကား တော်တော်များများမှာ တွေ့ရတတ်တဲ့ မင်းသား Kai Zheng ၊

    ကားနာမည် နားထောင်ပြီး ကိုယ်တွေဆယ်ကျော်သက် အတွဲမှန်သမျှကို ရည်းစားနဲ့ပြတ်မယ့်အတွဲများထင်နေလား ဆိုပြီး မအောက်မေ့ပါနဲ့ …

    အဲ့လိုမတွေးပါဘူး … ဇာတ်ကားကပေးသွားတဲ့ သင်ခန်းစာလေးကို သဘောကျမိလို့ပါ …

    ဇာတ်လမ်းအတိုချုပ်လေးပြောမယ်နော် …

    မန်ယန်း လို့ခေါ်တဲ့ ဇာတ်လိုက်မင်းသားလေး က အင်မတန်မှ ပွဲရှုပ်သူလေးပါ … သူရှုပ်တယ်ဆိုတာ ပြိုင်ထားတာမဟုတ်ဘူးနော် … တယောက်ပြတ်ပြီးမှ တယောက်ထားတာ …

    အဲလိုအကျိုးဆက်တွေကြောင့် သူ့မှာ Ex တွေများခဲ့ရတယ်ပေါ့ … သူ့ Exတွေကိုပဲပေါင်းကြည့်မယ်ဆိုရင် သူနေတဲ့မြို့ရဲ့ တစ်ဝက်လောက်က မိန်းကလေးတွေကသူ့ရည်းစားဟောင်းတွေကြီးပါပဲ …

    အဲလိုနဲ့ တစ်ရက်သူ့ Exရဲ့မင်္ဂလာဆောင်ကို တက်ဖို့ အကြောင်းဖန်လာခဲ့တယ် … သူမပျက်မကွက်ကို တက်ရောက်ပေးပါတယ် … မင်္ဂလာခန်းမထဲမှာ ဘယ်စားပွဲက ဘယ်သူတွေအတွက်ဆိုတဲ့ Tag ပြားလေးတွေရှိတယ်လေ … သူထိုင်တဲ့ပွဲမှာ ယောကျာ်းလေးတွေကြီးပဲ … အဲ့ဒါနဲ့သူလဲTag ပြားလေးကို ကြည့်လိုက်တယ် … Tag name က Ex-boyfriends တဲ့ … အာ့နဲ့ ဟိုဘက်ဝိုင်းကို ကြည့်လိုက်တော့လဲ မိန်းကလေးတွေကြီးဖြစ်နေတယ် … Tag name က Ex-girlfriends တဲ့ …

    သတို့သား သတို့သမီးတို့ရဲ့ အသီးသီး EXတွေကိုဖိတ်ထားခဲ့တာပါ … ကိုယ်တောင်ကြည့်ရင်းပြုံးမိသေးတယ် တော်တော် ကဂျောင် ကျတာပဲဆိုပြီး ???

    အဲ့ပွဲမှာမန်ယန်းက သတို့သားဘက်ရဲ့ ကောလိပ်တုန်းက Crush ခဲ့တဲ့ ရှောင်လူ ဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်ရင်း တူတူနေဖြစ်ခဲ့တယ်ပေါ့ကွယ် …

    ဇာတ်ကားကပေးတဲ့သင်ခန်းစာက အဲ့ကောင်မလေးနဲ့တွေ့မှစတာ …

    ရှောင်လူ ရဲ့အစွမ်းပညာပေါ့ … Ex အရမ်းများတဲ့ မန်ယန်း ကို ချစ်သူတော်ထားတဲ့ ရှောင်လူ က မန်ယန်းရဲ့ EX တွေတယောက်ပြီး တယောက်ပေါ်လာတော့ ရှောင်လူ တုံ့ပြန်ပုံလေးကို သဘောကျမိတယ် …

    အယ် !!! ဒါပေမယ့် ရှောင်လူ ကရော Ex မရှိဘူးမထင်နဲ့ … သူ့မှာလဲ ကိုရီးယားမင်းသား Exရှိတယ် … မင်းသားကတော့ကိုယ်လဲ နာမည်မသိဘူး … သူပါဖူးတဲ့ကားကတော့ While U were Sleeping ထဲက Lee Jong Suk ရဲ့ အကျင့်ယုတ်တဲ့စီနီယာ ပါ …

    မန်ယန်း ကလဲ ရှောင်လူ ရဲ့ EX ကိုတွေ့တော့ ဘယ်လိုတွေ ဆက်ဆံလဲဆိုတာ အရမ်းကြည့်ကောင်းပါတယ် …

    ဇာတ်ကား အသွားအလာအရတော့ Ex များတာက မင်းသားဆိုတော့ မိန်းကလေးတယောက် က ဘယ်လိုစိတ်မျိုးနဲ့ ဆက်ဆံရမလဲဆိုတာ ပိုသိရတာပေါ့ …

    ဇာတ်ကားလေးကြည့်နေရင်း ကိုယ်တောင်စိတ်ထဲ ” ဪ , မင်းသားကလဲ သူ့အမှားကို ကောင်မလေးအမှားလုပ်နေပြန်ပြီ ” တွေးမိသေးတယ် …

    အဲလိုတွေးမိတာလဲ ဇာတ်လမ်းတစ်ကွက်ထဲပါပဲ …
    ကျန်တဲ့ဇာတ်ကွက်တွေကတော့ Ex တွေကြားထဲကနေ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်နားလည်မှုတွေကို မြင်တွေ့နေရပါတယ် …

    မန်ယန်း နဲ့ ရှောင်လူက အတော်ချစ်ကြပါတယ် … ဒါပေမယ့် အခြေအနေတခုကြောင့် အဆုံးသတ်လေးမှာ ရှောင်လူ ကို ရွေးချယ်ခွင့်နှစ်ခု မန်ယန်းကပေးခဲ့ပါတယ် …

    Ex လုပ်မလား ? ဆက်တွဲမလား ? ပေါ့ … ရှောင်လူ ရွေးချယ်လိုက်တာက ဘာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရင်း စီးမျောလိုက်ပါနော် …

    မန်းယန် အဖြစ် Super Junior အဖွဲ့ဝင်ဟောင်း Han Geng က ပါဝင်သရုပ်ဆောင်ထားပြီး
    ရှောင်ယူ အဖြစ် မင်းသမီးချောလေး Xingtong Yao က ပါဝင်သရုပ်ဆောင်ထားပါတယ် …

    Rating အရ IMDb မှာ 5.9/10 ရရှိထားတဲ့ Chinese Movie လေးပါ …

     

     

    Translator : Kiddo
    Encoder : Ziven
    Quality : HDRip 720p
    File Size : 878 MB

     

     

     

    Views: 1777

    Genre: ComedyRomance

    Actors: , , ,

    Country:

    Duration: 108

    Quality: HDRip 720p

    Release:

    Ex-Files ( 2014 )
    Ex-Files ( 2014 )
    Ex-Files ( 2014 )
    Ex-Files ( 2014 )