မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    Fireworks, Should We See It from the Side or the Bottom? ( 2017 )

    Fireworks, Should We See It from the Side or the Bottom? ( 2017 )

    Original Title : Uchiage hanabi, shita kara miru ka? Yoko kara miru ka?

    Anime Fan တွေမျှော်လင့်စောင့်စားနေတဲ့ Movie လေးထွက်ရှိလို့လာပါပြီ …

    Kiminonawa-Your name လိုမျိုးကြည့်ရင်းနဲ့ မေးခွန်းလေးတွေထွက်လာမယ့် Movie လေးပါ ….

    ကားနာမည်လေးက Fireworks, Should we see it from the Side or the Bottom?
    Original Title : Uchiage Hanabi, shita kara Mirua ka? Yoko kara miru ka?

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    မီးပန်းပုံစံကိုစူးစမ်းရင်းနဲ့ စလိုက်ကြမယ်နော် ….
    ထိုနေ့က သူတို့မြို့နယ်လေးမှာ မီးပန်းပွဲရှိတဲ့ညလေးပေါ့ …
    ကျောင်းမှာလဲ အသီးသီးမီးပန်း သွားကြည့်ကြဖို့ချိန်းဆိုနေခဲ့ကြတယ် …

    ထိုအချိန် နိုရီမီချီ လို့ခေါ်တဲ့ကောင်လေးမှာ ယောဤားလေးသူငယ်ချင်း ၄ ယောက်ရှိတယ် … သူတို့အဖွဲ့က မီးပန်းက ဘယ်ပုံစံရှိလဲ ? ပြားသလား ? ဝိုင်းသလား ? နဲ့ငြင်းခုန်ကြရင်း သူတို့ကိုယ်တိုင် မီးပန်းကို အပေါ်စီးကနေ မြင်သာနိုင်တဲ့ မီးပြတိုက်ပေါ်ကနေ သွားကြည့်ကြမယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြတယ် …

    သူတို့အဖွဲ့လေးက ဘာလုပ်လုပ် အလောင်းအစားလေးနဲ့ လုပ်တဲ့အကျင့်လေးရှိတယ် …

    အဲဒါနဲ့မီးပန်းပုံစံကို ဝိုင်းတယ် ပြားတယ်နဲ့ ငြင်းကြရင်း ရှုံးတဲ့လူက နိုင်တဲ့လူရဲ့နွေရာသီအိမ်စာတွေကို လုပ်ရမယ်ဆိုပြီးဖြစ်ရော …

    နိုရီမီချီ တို့အဖွဲ့ထဲမှာ ယုအုစုခု လို့ခေါ်တဲ့ကောင်လေး နဲ့ နိုရီမီချီ ဆိုတဲ့ ကောင်လေးက အတန်းထဲက နဇူန ဆိုတဲ့ ကောင်မလေးကိုကြိုက်နေကြတာ …

    နဇူန ဆိုတဲ့ကောင်မလေးကလဲ မိသားစုပြသာရှိနေခဲ့တယ် … အဲ့ဒါကြောင့် သူမကလဲ အိမ်ကနေထွက်ပြေးဖို့ ကြံရွယ်နေတဲ့ မိန်းကလေးပေါ့ …

    နဇူနထွက်ပြေးဖို့ အခွင့်အရေးရလာခဲ့တယ် … သူမလဲထွက်ပြေးလာခဲ့တယ် … ဒါပေမယ့် သူမအစီအစဉ်ကျရှုံးခဲ့တယ် …

    သူမအမေနဲ့အပြင်တနေရာမှာ တွေ့ပြီး အိမ်သို့ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတယ် …

    ထိုခေါ်ဆောင်သွားပုံက ရုန်းရင်းဆန်ခတ်နဲ့ပေါ့ … အဲ့ဖြစ်နေပုံတွေကလဲ နိုရီမီချီရဲ့ မျက်စိရှေ့မှာပဲလာဖြစ်တယ် …

    အဲလိုအချိန် နိုရီမီချီ က နဇူန မနက်ခင်းကမ်းခြေ က ကောက်လာတဲ့ ဖန်လုံးလေးတလုံးကိုအဝေးကိုပစ်လိုက်ရင်း “ငါသာအကယ်၍ ” ဆိုပြီး သူဖြစ်ချင်တာကိုရေရွတ်လိုက်ရင် အချိန်တွေက နောက်ပြန်ဆုတ်သွားခဲ့တယ် .. ပြောချင်တာက နဇူန ကသူ့အမေရဲ့ ခေါ်ဆောင်မှုကနေ လွတ်မြောက်တာပေါ့ …

    ဖန်လုံးလေးက လွတ်မြောက်မှုကို ဘာကြောင့်ပေးနေတာလဲ?
    ဘာကြောင့်သူတို့ဆန္ဒတွေကို လိုက်ဖြည့်ဆည်းနေတာလဲ?
    မီးပန်း ပုံစံကကော ပြားသလား? ဝိုင်းသလား?

    Anime fan တွေအကြိုက်တွေ့မယ့် ကားလေးပါ …

    အပြစ်ပြောစရာဆိုလို့ နိုရီမီချီ ရဲ့နောက်ခံစကားပြောတဲ့လူအသံပါပဲ … အသက်ငယ်တဲ့ ကာရိုက်တာဖြစ်နေပေမယ့် နောက်ခံကလူကြီးတယောက်အသံ ဖြစ်နေသလိုပဲ …

    ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မ ကြိုက်တယ် … မသိဘူး ကြိုက်တယ် ပဲ ?

    Rating အရ IMDb မှာ 5.7/10 နှင့် MyAnimeList မှာ 6.7/10 အသီးသီး ရရှိထားပါတယ် …

    Translator : Kiddo
    Encoder : Ziven
    Quality : BDRip 720p
    File Size : 610 MB

    Duration: 90

    Quality: BDRip 720p

    Release:

    IMDb: 5.7