မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
Hanson and the Beast ( 2017 )

Hanson and the Beast ( 2017 )

ကဲ …. မင်းသမီး Lu Yifei ( ဂူးဂူး ) နဲ့ Ice Fantasy ဇာတ်လမ်းထဲက ရေခဲဘုရင် ခါးဆို ( William Feng ) တို့ရဲ့ Hanson and the Beast လို့ ခေါ်တဲ့ ဇာတ်ကားသစ်လေးတကားနဲ့ မိတ်ဆက်ပေးပါရစေ … မြန်မာလိုနာမည်ပေးရမယ်ဆိုရင်ဖြင့် ” မြေခွေးမလေးကိုယ့်ချစ်သူ ” ပေါ့ နော် …

ဇာတ်လမ်းလေးအစကတော့ –

ယိုဂျင်း လို့ခေါ်တဲ့ ကမ္ဘာတခုရှိတယ် … အဲ့ကမ္ဘာကို လူတွေကဒဏ္ဏာရီလာပုံပြင်လို့ပဲ မှတ်ယူထားကြတယ် … အမှန်ကတကယ်ရှိနေကြတာ … ယိုဂျင်းဆိုတာ ဘယ်လိုလူတွေ နေတာလဲဆိုရင်ဖြင့် သူကလူသားမျိုးစိတ်မဟုတ်တဲ့ လူတွေနေတာ … သူတို့မှာ B.O.T လို့ ခေါ်တဲ့ အဖွဲ့အစည်းတခုရှိတယ် …

အဲ့အဖွဲ့အစည်းက လူသား နဲ့ သူတို့ယိုဂျင်းမျိုးစိတ်ကို မပေါင်းဖက်ဖို့ , အနေမနီးဖို့တားမြစ်ထားတဲ့ စည်းကမ်းတင်းကျပ်တဲ့အဖွဲ့အစည်းတခုပေါ့ …

လူသားလေးတယောက်ဖြစ်တဲ့ ယုအမ် လို့ခေါ်တဲ့ ကောင်လေးတယောက်က တိရစ္ဆာန်ရုံမှာ ဆင်တွေကိုထိန်းသိမ်းတဲ့အလုပ်လုပ်ရင်း အကြွေးပတ်လည်ဝိုင်းနေတဲ့ သူတယောက်ပေါ့ … ဘာလို့သူအကြွေးဝိုင်းလဲဆိုရင် သူ့ရဲ့ဝါသနာဖြစ်တဲ့ ရုပ်ရှင်အလုပ်ကို ပထမစထုတ်တဲ့ ဇာတ်လမ်းမှာ အကုန်ပုံအော်လိုက်လို့ အကြွေးလည်ပင်းရောက်သွားသူလေးပေါ့ … အဖေဖြစ်သူကလဲစိတ္တဇဆေးရုံမှာ သားအကြွေးစာရင်းစိတ်နဲ့ပဲရောက်ခဲ့ရတာ …

ထိုအချိန်တွင် ကောင်လေးနားကို ကောင်မလေး တယောက်ရောက်လာခဲ့တယ် … သူ့နာမည်က ဘိုင်ရှန်ချူတဲ့ … သူက လူသားမျိုးနွယ်မဟုတ် ယိုဂျင်းကမ္ဘာကလာတဲ့ ရှားပါးမြေခွေးမျိုးစိတ်ဖြစ်နေတယ် …

သူ့ကို B.O.T အဖွဲ့အစည်းက လိုချင်နေခဲ့တယ် … ကောင်လေးကို B.O.T က ပိုက်ဆံနဲ့ ချဉ်းကပ်ပြီး … မြေခွေးမလေးကို ဖမ်းပေးဖို့ခိုင်းခဲ့တယ် … ပိုက်ဆံဆိုတော့မင်းသားကလဲ သိတဲ့အတိုင်းမျက်လုံးအရောင်လက်သွားတာပေါ့ … အလုပ်ကိုလက်ခံလိုက်တယ် …

ဒါပေမယ့် အဲ့ညမှာတင် ကံတရားက ချက်ချင်းကြီး ဖမ်းမယ်လုပ်ရာကနေ အချစ်ဘက်ပြောင်းသွားခဲ့တယ် … သူတို့လက်ထပ်လိုက်ခဲ့ကြတယ် … ဒါပေမယ့်နောက်နေ့မှာပဲ ကောင်မလေး က မင်းသားကြောင့်အဖမ်းခံခဲ့ရတယ် … မင်းသားကလဲပြန်ကယ်ဖို့ကြိုးစားခဲ့တယ် …

ဘယ်လိုအဖမ်းခံရတာလဲ ? ယုအမ်ကရော ဘယ်လိုပြန်ကယ်မလဲ ? လူနဲ့ယိုဂျင်းမျိုးစိတ်ဆိုတာယှဉ်ပြိုင်ဖက်မှ မဟုတ်တာ … မင်းသားအတွက်ခက်ခဲလွန်းတယ် … သူတို့နှစ်ယောက်တင်းကျပ်လွန်းတဲ့စည်းကမ်းတွေကြားပေါင်းဖက်ဖြစ်ရဲ့လားဆိုတာကတော့ …….???
ကြည့်သင့်ပြီ ထင်တယ်နော် ….

ဇာတ်လမ်းလေးကဟာသလေးတွေလဲပါတယ် … အရမ်းကောင်းတယ်လို့ထင်ရတယ် … ရိုက်ထားတာလေးတွေကော effect တွေကောပြောစရာမရှိဘူး … perfect ပဲ …

ဂူးဂူး နဲ့ ရေခဲဘုရင် ခါးဆို တို့ရဲ့ ပရိသတ်တွေ အတွက်လဲ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားပါ …

Rating အရ IMDb မှာ 5.6/10 ရရှိထားပါတယ် …

 

 

Translator : Kiddo
Encoder : Ziven
Quality : WEB-DL 720p
Large File Size : 0.95 GB
Small File Size : 539 MB ( 360p )

 

 

Views: 520

Genre: ComedyFantasy

Director:

Actors: , , ,

Country:

Duration: 110

Quality: WEB-DL 720p

Release:

IMDb: 4.8

Hanson and the Beast ( 2017 )
Hanson and the Beast ( 2017 )