မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Haunted Campus ( 2016 )

    Haunted Campus ( 2016 )

    Japan Movie ဆိုပြီး တကျော်ကျော် အော်နေတဲ့ ပရိသတ်တွေအတွက် Japan Movie လေး နောက်ထပ်တစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ် … Haunted Campus လို့ အမည်ရပြီး Mystery , Horror , Romance & School စသည်ဖြင့် ရသပေါင်းများစွာ ပေးစွမ်းနိုင်မယ့် ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ် …

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    တက္ကသိုလ်ရှေ့ကျောင်း ဥပစာတွင် တက္ကသိုလ်ဝင်ခွင့်ရသူများ စာရင်း ထုတ်ပြန်သော နေ့တစ်နေ့ …

    တက္ကသိုလ်အဆောင်တစ်ခုပေါ်သို့ အထက်တန်းကျောင်းသူတစ်ဦး ခေါင်းငိုက်စိုက်တက်သွားပြီး ခေါင်မိုးထပ်သို့ ရောက်တော့ ခုန်ချလိုက်တယ် …

    ယာဂမိ ရှင်းဂျိ ဆိုတဲ့ ကောင်လေးတစ်ယောက်က သရဲတစ္ဆေဆို အရမ်းကြောက်တတ်တဲ့ ကောင်လေးပေါ့ … ဒါပေမဲ့လည်း သူက သရဲတစ္ဆေတွေကို မြင်နေနိုင်တဲ့ အစွမ်းပိုင်ဆိုင်ထားသူ … သရဲတွေနဲ့ မပတ်သတ်ပဲ သူတို့နဲ့ ဝေးဝေးနေမယ်လို့ ယာဂမိ ရှင်းဂျိ တစ်ယောက် ငယ်ငယ်တည်းက တွေးထားတယ် …

    သို့သော်လည်း တက္ကသိုလ်ရောက်တဲ့အခါ သူ အထက်တန်းထဲက ကြိတ်ကြွေခဲ့ရတဲ့ နဒိ ကိုယောမိ ဆိုတဲ့ ဂျူနီယာမလေးနဲ့ တက္ကသိုလ် တစ်ခုထဲမှာ ပြန်ဆုံခဲ့ရတယ် … တက္ကသိုလ်ရောက်တော့ ထိုကောင်မလေးဘေးနားမှာ အမြဲရှိနေနိုင်ဖို့ ယဂမိ ရှင်းဂျိ တစ်ယောက် ကြိုးစားတော့တယ် …

    ကောင်မလေးနဲ့ နီးဖို့ဆိုပြီး ကောင်မလေးဝင်တဲ့ အသင်းတစ်သင်းထဲကို ၀င်ခဲ့တယ် … နဒ ကိုယောမိ ၀င်ခဲ့တဲ့ အသင်းကလည်း လျှို့ဝှက်စုံစမ်းတဲ့ အသင်း တနည်းပြောရရင် သရဲတစ္ဆေ ပရလောက ကို လိုက်စုံစမ်းတဲ့ အသင်းပေါ့ …

    အဲ့မှာ ဇာတ်လမ်းက စတော့တာပဲ … သရဲတွေကို မြင်နိုင်ပြီး အရမ်းကြောက်တတ်တဲ့ ယဂမိ ရှင်းဂျိ တစ်ယောက် အချစ်စိတ်ကြောင့် သူအရမ်းကြောက်ရတဲ့ သရဲတစ္ဆေတွေနဲ့ ပတ်သတ်ရမယ့် အသင်းထဲ ရောက်လာရတဲ့အခါ ဘာတွေဖြစ်မလဲ ?

    အချစ်ကြောင့် အရဲစွန့်ဝင်လာခဲ့တဲ့ ရလဒ်အနေနဲ့ ကောင်မလေးက သူ့အချစ်ကို သိသွားမလား ?

    နောက်ထပ် အဖွဲ့ဝင်တွေကရော ဘယ်လို လူတွေဖြစ်မလဲ ?

    ယဂမိ ရှင်းဂျိ ရဲ့ crush ခံ လူတန်းစားဖြစ်တဲ့ နဒိ ကိုယောမိ လေးမှာရော ဘယ်လို ကိစ္စလေးတွေ ရှိမလဲ ?

    သရဲတစ္ဆေတွေကို လိုက်စုံစမ်းတဲ့ အသင်းထဲဝင်ပြီးနောက် ဘယ်လိုကြောက်စရာကောင်းတဲ့ သရဲတွေကို ကြုံတွေ့ရမလဲ ? စတာတွေကိုတော့ Haunted Campus ဆိုတဲ့ 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ Japanese Movie လေးမှာ ခံစား ကြည့်ကြရအောင်နော် …

    ကြောက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ အတူ သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းလေးကို ပုံစံကွဲ ရသတစ်မျိုးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် …

    Rating အရ IMDb မှာ 6/10 ရရှိထားပြီး MyDramaList မှာလည်း 7.6/10 ရရှိထားပါတယ် …

    ဒါနဲ့ စကားမစပ် မင်းသမီး နဒိ ကိုယောမိ လည်း အရမ်းချစ်ဖို့ကောင်းတယ်ဗျာ 

     

     

    Translator : Stitchky Shun
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 600 MB

     

     

     

    Duration: 93

    Quality: Blu-ray 720p

    Release:

    IMDb: 5.7

    Haunted Campus ( 2016 )