မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
House of the Disappeared ( 2017 )

House of the Disappeared ( 2017 )

(၁၉၉၂ခုနှစ်/နိုဝင်ဘာလ)

မိုးတွေချိန်းနေတဲ့ ညအချိန်လေးဟာ ကောင်းကင်
မှာ အရောင်တလက်လက်နဲ့ ……

မီးအလင်းရောင်အနည်းငယ်သာ ရှိတဲ့ အိမ်ကြီးရဲ့
ဧည့်ခန်းဟာလည်း တိတ်ဆိတ်ပြီး ကြမ်းပြင်မှာ မှန်တွေ
ကွဲကြေပြီး ပြန့်ကြဲနေတယ်…

မှန်ကွဲတွေနားမှာ အမျိုးသမီး တစ်ယောက် နားထင်မှာ
သွေးတွေနဲ့ လဲကျနေတယ်…
ရုတ်တရက် မိုးချိန်းသံနဲ့အတူ သူမသတိရလာတယ်…

ဘေးပတ်ဝန်းကျင်ကို အလန့်တကြား လှည့်ပတ်ကြည့်ရင်း ခေါင်းက ဒဏ်ရာကြောင့်
စဉ်းစားမရဖြစ်နေချိန်မှာ နားထင်နားကသွေးတွေနဲ့ သူမရဲ့ ပုံရိပ်ကို မှန်ထဲကနေ တွေ့လိုက်ရတယ်…

အပြင်မှာတော့ မိုးတွေချိန်းလိုက် လျှပ်စီးလက်လိုက်နဲ့
ကောင်းကင်ကြီးဟာ လင်းလိုက် မှောင်လိုက်…

သူမချက်ချင်း သတိရလိုက်တာက သူမရဲ့သား Hyo Jae…
အဝေး တစ်နေရာက Hyo Jae ရဲ့ အသံကိုလည်း ကြားနေရတယ်…

ကြမ်းပေါ်က မှန်ကွဲ တစ်ခုကို ကောက်ကိုင် လိုက်ပြီး
သူမ အသံကြားရာကို တုန်ရီစွာ ထွက်လာခဲ့တယ် …

မြေအောက်ခန်းဘက်ကို သွားတဲ့ လမ်းမှာ သွေးတွေပေနေတဲ့ နံရံတစ်ခုက လက်ဖဝါးယာတစ်ခု …

ဒါ ဘယ်သူ့ရဲ့ သွေးတွေလဲ …

သူမပိုပြီး ထိတ်လန့်လာတယ် …
အလင်း အနည်းငယ်သာ ရှိတဲ့ မြေအောက်ခန်းထဲကို
ကြောက်ကြောက်နဲ့ ဆင်းလာခဲ့တယ် …
ဇောချွေးတွေ ပြန်နေတဲ့ သူမ တစ်ကိုယ်လုံး
တုန်ရီနေတာကို မနည်းထိန်းနေရတယ် …

အသံတွေ ကြားနေရပေမယ့် ဘယ်က အသံတွေမှန်း
သေချာ မသိရပြန် …

ရုတ်တရက် မြေအောက်ခန်း တစ်နေရာမှာ
လဲကျနေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လှမ်းမြင်
လိုက်ရတယ် …

ဒီလူကကော ဘယ်သူလဲ …

သူမကိုင်ထားတဲ့ မှန်ကွဲကို သေချာ စုပ်ကိုင်ရင်း
တုန်တုန်ရီရီနဲ့ ထိုလူနား ရောက်သွားတယ် …
ဝမ်းဗိုက်မှာ ဓါးစိုက်ပြီး လဲကျနေတဲ့ သူဟာ …

”ယောက်ျား !!”

သူမတုန်တုန်ရီရီနဲ့ သူမရဲ့ ခင်ပွန်းနား ကပ်သွားလိုက်ပြီးတော့ တိုးတိုးလေး ခေါ်ကြည့် မိတယ် …
”………………”
သူမရဲ့ ခင်ပွန်း သေသွားပြီလား …
ဘယ်သူ သတ်လိုက်တာလဲ …

ရုတ်တရက် ထပြီး သူမခန္ဓာကိုယ်ကို လှမ်းဖမ်းလိုက်တဲ့
ခင်ပွန်းကြောင့် သူမအလန့်တကြား ထအော်မိတယ် …

”အားးး………!!!”

အပြင်မှာလည်း လျှပ်စီးတွေ လက်သွားပြီး …
အရမ်းထိတ်လန့်သွားတဲ့ သူမ ခင်ပွန်းဖြစ်သူကို ပြန်တွန်းထုတ်လိုက်တယ် …

တုန်ရီနေတဲ့ သူမ အတွက် ပိုထိတ်လန့်သွားပေမဲ့
သူမရဲ့ ခင်ပွန်းကတော့ လုံးဝမလှုပ်တော့ ……

တုန်ရီ ဝမ်းနည်းတဲ့ စိတ်ကနေ သားဖြစ်သူကို
သတိရသွားပြီး အော်ခေါ်နေမိတော့တယ် …

”Hyo Jae……… ”

အမှောင်ကျနေတဲ့ နေရာတစ်ခုကနေ သူမကို ရပ် ကြည့်နေတဲ့ သားဖြစ်သူကို သူမတွေ့သွားတယ် …

”Hyo Jae”…

သူမ ဝမ်းပန်းတသာနဲ့ သားဖြစ်သူနားကို သွားဖို့
ကပ်လာတဲ့ အချိန်မှာပဲ သူ့ကို အေးစက်စက် ပြန်စိုက်ကြည့်နေတဲ့ ‘Hyo Jae’ ကြောင့် သူမ
ဝမ်းသာ ဝမ်းနည်းဖြစ်နေရာကနေ…

”အမေ့ဆီ လာခဲ့လေ သားရယ် … လာပါ”

ရုတ်တရက် သားဖြစ်သူ နောက်မှာ ပွင့်နေတဲ့ တံခါးရဲ့ အမှောင်ထဲကနေ တစ်ယောက်ယောက်က လှမ်းဆွဲ လိုက်တယ်…

”အမေ………!!!”

အမှောင်ထဲ ရောက်သွားပြီး တံခါးပါ ချက်ချင်းပိတ်သွား
တယ် …

သူမ ကြောက်လန့်ပြီး ထပြေးလာရင်း တံခါးကို ဆွဲဖွင့်
လိုက်တယ် …
ဒါပေမဲ့ တုန်ရီနေတဲ့ သူမလက်တစ်စုံ ရှာတွေ့တာက
တံခါးနောက်မှ မြေနံရံကြီး တစ်ခုသာ …

………………………………

ဒီအဖြစ်အပျက် လူသေမှုတွေကနေ နောက်ဆုံးမှာ
သူမဟာ တစ်မိသားစုလုံးကို သတ်တဲ့ တစ်ယောက်တည်းသော တရားခံဆိုတဲ့ အမှုနဲ့ ထောင်ကျသွားခဲ့တယ်…

သူမရဲ့ လက်ဗွေရာတွေကိုလည်း သူမခင်ပွန်းရဲ့ ဓါးမှာ တွေ့ရတာကြောင့် မလွန်ဆန်နိုင်ဖြစ်သွားခဲ့သလို
ငြင်းလည်း မငြင်းခဲ့ပြန် …

ဒါပေမဲ့ သူမရဲ့ သားဖြစ်သူ Hyo Jae ရဲ့ သွေးအချို့ကိုသာ တွေ့ရပြီး အလောင်းကို ရှာမတွေ့တဲ့ အပြင် သူမဘယ်မှာ ဝှက်ထားတယ် ဆိုတာကိုတော့ လုံးဝမေးလို့ မရခဲ့ပါဘူး …

————————–

ဒီအဖြစ်အပျက် မဖြစ်ခင် အရင်ရက်တွေမှာ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်ခဲ့ပါသေးတယ် …

ဒီအိမ်ကြီးမှာ နေလာခဲ့တာ ၁၀နှစ်လောက် ရှိနေပြီ ဖြစ်
ပေမဲ့ အဖြစ်အပျက်တွေ စဖြစ်ခဲ့တဲ့နေ့ ကတော့
တကယ့်ကို ထူးဆန်းလွန်းပါတယ် …

သူမရဲ့ ခင်ပွန်းဖြစ်သူဟာ ရဲတစ်ယောက်ပါ …

ဒါပေမဲ့ အဲ့ဒီနေ့က မိုးချုပ်မှ မူးပြီးပြန်လာတဲ့ ခင်ပွန်းနဲ့ စကားများပြီး ခင်ပွန်းဖြစ်သူဟာ အိမ်ကနေ
ထွက်သွားခဲ့ပါတယ် …

ခင်ပွန်းဖြစ်သူကို စိတ်ဆိုးပြီး ပြန်လာရင် ဝင်မရအောင်
အိပ်ခန်းကို lockချပြီး တံခါးရဲ့ ချိတ်ကိုပါ ချိတ်ထား
လိုက်တယ် …

မကြာပါဘူး ထူးဆန်းတဲ့ အဖြစ်အပျက်တွေ စတင်လာပါတော့တယ် …?

ခဏကြာတော့ သူမရဲ့ အခန်းတံခါးကို ဖွင့်ဖို့ ကြိုးစား
နေတဲ့ အသံကို သူမကြားလိုက်ရတယ် ..:

”ဘယ်သူလဲ…”

“ယောက်ျား ရှင်လား……”

ဘာဖြေသံမှ မကြားရတဲ့ အပြင် တံခါးကို အတင်းဖွင့်ဖို့ ကြိုးစားနေတာကို တွေ့လိုက်ရတဲ့အခါ သူမ အိမ်ပြင်ကို ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တယ်…

သူမ ခင်ပွန်းရဲ့ကားတော့ မရှိ …
ဒါဆို ဘယ်သူလဲ …
သူမမေးနေပေမဲ့ ပြန်မဖြေတဲ့ အပြင် တံခါးရဲ့ သော့အပေါက်ထဲကို သော့ထည့်ပြီး လှည့်ဖွင့်နေတာကိုပါ တွေ့လိုက်ရတဲ့ အခါမှာ …
သူမ ပိုပြီး ထိတ်လန့်လာ မိတယ် …

နောက်ဆုံး တစ်ခါးသော့ ပွင့်သွားတယ် …
ဒါပေမဲ့ အထဲကနေ ချိတ်ထားတဲ့ သော့ချိတ်က မပြုတ်
သွားတဲ့ အတွက် တံခါးက အနည်းငယ်သာ
ဟသွားခဲ့တယ်…

တုန်ရီ ထိတ်လန့်နေတဲ့ သူမ တံခါနားကို မရဲတရဲ ကပ်သွားပြီး အပြင်ကို ချောင်းကြည့်လိုက်တယ်…
အပြင်မှာ ဘယ်သူ့ကို မှ မတွေ့ရ…

ရုတ်တရက် လက်တစ်ဖက်ကနေ သူမကို အပြင်က လှမ်း ဆွဲတာကို ခံလိုက်ရတယ် …
သူမ အတင်း ရုန်းထွက်ရင်း သူမလဲကျသွားတယ် …
အပြင်က လက်တစ်ဖက်က အထဲက သော့ချိတ်ကို
ဖြုတ်ဖို့ အတင်းလုပ်နေတာကို တွေ့နေရတယ် …
ထိတ်လန့် နေတဲ့ သူမ ချက်ချင်းထပြီး ကက်ကြေးကို
ယူလိုက်ပြီး လက်ကို ပြေးစိုက်လိုက်တယ် …

ဒါပေမဲ့ အပြင်က လက်ဟာ ပြန်ရုတ်သွားတဲ့အတွက်
တံခါးကို သာစိုက်သွားခဲ့တယ် …
ဒါနဲ့ တံခါးကို ချက်ချင်းပိတ်လိုက်ပြီး lock ပြန်ချလိုက်
တယ် …

ဘယ်သူလဲ …
အိမ်ထဲကို ရောက်နေတာ ဘယ်သူလဲ …

ရဲစခန်းကို ချက်ချုင်း ဖုန်းဆက်ဖို့ လုပ်နေတုန်းမှာ
အော်သံတစ်ခုကို ကြားလိုက်ရတယ် …

သူမချက်ချင်း ပြေးထွက်သွားလိုက်ပြီး သားဖြစ်သူ Hyo Jae ရဲ့အခန်းရှေ့ ရောက်သွားပြီး တံခါးကို အတင်းဖွင့်ရင်း သားကို ထိတ်လန့်တကြားခေါ်နေမိတယ် …

တံခါးကို ဖွင့်မရတဲ့ နောက်ဆုံး အိပ်ခန်းထဲပြေးပြီး သော့ယူရင်း ပြန်ပြေးလာခဲ့တယ် … ထိတ်လန့်နေတဲ့ သူမ တံခါးကို ဖွင့်လိုက်ပြီး …
အခန်းထဲ့ ဝင်လိုက်တဲ့အခါမှာ သူမကို ကြောင်ကြည့်နေတဲ့ Hyo Jae ကို တွေ့လိုက်ရပြန်တယ် …

”သား . သားအော် လိုက်တာလား”

Hyo Jae က ခေါင်းခါပြတဲ့အခါ သူမ ပိုထိတ်သွားတယ် …

ဒါဆို ‘Ji Won’ လားဆိုပြီး အောက်ထပ်ကို ပြေးဆင်း
သွားခဲ့တယ် …

ရင်ထဲမှာတော့ ထိတ်လန့်မှုဟာ တဆတ်ဆတ်နဲ့ …

သားဖြစ်သူ ‘Ji Won’ ရဲ့ အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်တဲ့အခါ ရပ်ကြည့်နေတဲ့ ‘Ji Won’ ကို
တွေ့ရတယ်…

‘သား သား အော်လိုက်တာလား’

‘အင်း…’

“ဘာဖြစ်လို့လဲသား”

“ကိုကို Hyo Jae လာပြီး ခြောက်လို့ လန့်သွားပြီး အော်လိုက်တာပါ”

”ဘယ်လို??”

…………………………………………………………………………..

ဒီရုပ်ရှင်ဟာ 2013 က ထွက်ခဲ့တဲ့ Venezuela နိုင်ငံက ရုပ်ရှင် ”The House at the End of the Time” ကို အခြေခံပြီး ရိုက်ကူးထားတာပါ …

ရုပ်ရှင်ဟာ မထင်မှတ်ထားတဲ့ Twist တွေကို ချပြသွားတဲ့အပြင် ခြောက်ခြားစရာ ကောင်းပြီး … မရိုးမရွ ဖြစ်လာတဲ့အထိ ခံစားရအောင် ပုံဖော်ထားတဲ့ အတွက် Mystery Thriller ကြိုက်တဲ့ သူတွေအတွက်တော့ အတော်လေးကို သဘောကျမှာပါ…

နာမည်ကျော် မင်းသမီးကြီး Kim Yun Jin ကို သူမကို မြင်နေကြ Thriller ဇာတ်ကားတွေထဲက အတိုင်း တွေ့ရမှာပါ …

ဒီတစ်ခေါက်မှာ သူမဟာ အသက် ၆၀ကျော်အရွယ်
အဖွားကြီး အဖြစ်ပါ သရုပ်ဆောင်ခဲ့ပါတယ် …

2PM အဖွဲ့က Ok Taec-yeon ကို လည်း Priest အဖြစ်တွေ့ မြင်ရမှာပါ …
ဒီဇာတ်ကားထဲက Character အရ သိပ်တော့
မပါခဲ့ရပါဘူး ..

IMDb မှာ 6.6/10 နဲ့ MyDramaList မှာ 8/10 အစရှိသည့် Rating တွေကို ပိုင်ဆိုင်ထားပါတယ် …

( ဇာတ်လမ်းအညွှန်းကို M-MDB facebook Page မှ ကူးယူဖော်ပြသည် )

 

Translator : Khin Len Sen
Encoder : Ziven
Quality : 720p HDRip
File Size : 480 MB

 

Duration: 100

Quality: HDRip 720p

Release:

IMDb: 6.1

House of the Disappeared ( 2017 )
House of the Disappeared ( 2017 )
House of the Disappeared ( 2017 )
House of the Disappeared ( 2017 )
House of the Disappeared ( 2017 )
House of the Disappeared ( 2017 )
House of the Disappeared ( 2017 )
House of the Disappeared ( 2017 )