မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    I Give My First Love to You ( 2009 )

    I Give My First Love to You ( 2009 )

    ဒီဇာတ်ကားလေးကတော့ ကြည့်ပြီးတဲ့သူတွေလဲ ကြည့်ဖူးလောက်မှာပါ … MMATV ကို သိလာတဲ့ သက်တမ်း ၂ နှစ်ကျော်ပြီး Japan ကားချစ်သူ ပရိသတ်ဆို သေချာပေါက် ကြည့်ဖူးမှာပါ … အဲ့တုန်းက မတောက်တခေါက်နဲ့ ဒုတိယမြောက် ဘာသာပြန်ဖြစ်ခဲ့တဲ့ ဂျပန်ဇာတ်ကားလေးတော့ အမှားများစွာ ပါဝင်ခဲ့မှာပါ … အခုတော့ သက်တမ်းနည်းနည်းရှိလာတော့ လူပါးဝလာပြီဖြစ်တာကြောင့် ( မှားလို့ , Translator ပါး ဝ လာတာ ) အမှား အနည်းဆုံးဖြစ်အောင် ဘာသာပြန်ဆိုထားပါတယ် … Japan လို တစ်လုံးမှ မတက်ပဲ English ကနေ ဘာသာပြန်တာဖြစ်သောကြောင့် အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော် ဒီနေရာကပဲ တောင်းပန်အပ်ပါတယ်နော် … ကဲ , ဇာတ်ကားလေး အကြောင်းကို ဆက်သွားလိုက်ရအောင် ……….

    ဒီဇာတ်ကားလေးဟာ 2009 ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Manga Artist Kotomi Aoki ရဲ့ Manga ကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် … သရုပ်ဆောင်တွေအနေနဲ့ကတော့ Masaki Okada နဲ့ Japan F4 ထဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Mao Inoue တို့ က အတွဲညီစွာနဲ့ ပါဝင် သရုပ်ဆောင် ထားပါတယ် …

    ဇာတ်လမ်းလေးအကြောင်းကတော့ အသက် ၂၀ မပြည့်ခင် သေဆုံးရမယ့် ကံကြမ္မာနဲ့အတူ မွေးဖွားလာခဲ့တဲ့ နှလုံးရောဂါဝေဒနာရှင်လေး တာနဒါ တခုမာ ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ …

    ဇာတ်လမ်းလေးကို တခုမာ နဲ့ မာယု တို့ နှစ်ယောက်နဲ့ ငယ်ဘဝလေးနဲ့ အစချီထားတယ် … တခုမာ အသက် ၈ နှစ် အရွယ်မှာ နှလုံးရောဂါ နဲ့ ဆေးရုံကိုရောက်လာပြီး မာယု ရဲ့ အဖေဖြစ်သူဆီမှာ ဆေးကုသမှု ခံယူရတယ် … ဒီလိုနဲ့ တခုမာ နဲ့ ဆေးရုံလာတိုင်း အဖေ ဖြစ်သူက ခေါ်ခေါ်လာခဲ့တဲ့ မာယု တို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတယ် … တစ်ည , မာယုရဲ့ အဖေ ဆရာဝန် က တခုမာ ရဲ့ ရောဂါလဏ္ခာအကြောင်းကို တခုမာတို့ရဲ့ အုပ်ထိန်းသူဖြစ်တဲ့ အဖေ , အမေ တို့နဲ့ ဆွေးနွေးနေခဲ့ပါတယ် … အဲ့အချိန်မှာ တခုမာ ဟာ အသက် ၂၀ ပြည့်အောင်တောင် မနေရဘူးဆိုတဲ့ အခြေအနေတစ်ရပ်ကို တခုမာ နဲ့ မာယု တို့ မမျှော်လင့်ပဲ ကြားသိခဲ့ရပါတယ် …

    ဒီလိုနဲ့ တခုမာ နဲ့ မာယု ကြား သူငယ်ချင်း သံယောဇဉ်က ကြီးထွားလာခဲ့ပြီးတော့ အချစ်ဦး တွေ ဖြစ်လာခဲ့ပါတယ် … တစ်နေ့ သူတို့ လယ်ကွင်းတစ်ခုထဲမှာ လျှောက်ကစားရင်း အသက် ၂၀ ပြည့်တဲ့နေ့ကျ လက်ထပ်ပါ့မယ်လို့ တခုမာ က မာယု ကို ကတိပေးခဲ့ပါတယ် …

    ဒီလိုနဲ့ အချိန်တွေကျော်လွန်လာခဲ့ပြီး သူတို့နှစ်ဦး Junior High School တက်တဲ့အချိန်ကို ရောက်လာခဲ့ပါတယ် … အကယ်လို့ သူသာသေဆုံးခဲ့မယ်ဆိုရင် မာယု တစ်ယောက် စိတ်ဆင်းရဲ ငိုယိုပြီး ကျန်ခဲ့ရမယ်ဆိုတာ တခုမာ တစ်ယောက် သိနေခဲ့ပါတယ် … ဒါ့ကြောင့် တခုမာ တစ်ယောက် မာယု နဲ့ အဆက်အသွယ်ပြတ်စေရန် မာယု ရဲ့ အဝေးမှာနေဖို့ သူ့ကိုယ်သူ ကတိပေးထားပါတယ် … အစကတည်းက တခုမာ က စာတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး မာယု က စာညံ့တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တာကြောင့် တခုမာ က မာယု လိုက်မလာနိုင်တဲ့ အမှတ်မြင့် ရှီဒို အထက်တန်းကျောင်း ကို ရွေးချယ်ခဲ့ပါတယ် … ဒါပေမဲ့ အချစ်ရဲ့ စွမ်းအားကြောင့် မာယု တစ်ယောက်လဲ စာကြိုးစားပြီး တခုမာ တက်မယ့် ရှီဒိုအထက်တန်းကျောင်းကို Roll 1 ဖြင့် ဝင်လာခဲ့ပါတော့တယ် …

    အဲ့လိုနဲ့ သူတို့နှစ်ဦး ရှိဒို အထက်တန်းကျောင်းရဲ့ ချစ်စရာ စုံတွဲလေးအဖြစ် တည်ရှိခဲ့ပါတယ် … အဲ့အချိန်မှာပဲ ကျောင်းရဲ့အမှတ်များဆုံး Roll 2 ဖြင့် ဝင်လာပြီး ပေါ်ပြူလာဖြစ်တဲ့ ကောင်လေး ကိုအု က လဲ မာယု ကို တစ်ဖက်သတ်ကြိုက်ပြီး မာယု ရဲ့ အချစ်ကို ရဖို့ ကြိုးစားပါတော့တယ် ….

    အဲ့လိုနဲ့ တခုမာ တစ်ယောက်ရဲ့ နှလုံးရောဂါဝေဒနာကို အစားထိုးခွဲစိတ်ပေးလို့ရမယ့် နှလုံးအလှူရှင်များ ပေါ်လာလေမလား ? ဒါမှမဟုတ် နှလုံးအလှူရှင်ပေါ်လာမယ့် နေ့ရက်ကို စောင့်ဆိုင်းရင်း သက်တမ်းကုန်ဆုံးသွားမလား ? မာယု တစ်ယောက်ကလဲ ငယ်ချစ်ဦး ဖြစ်တဲ့ တခုမာ အပေါ် နောက်ဆုံးထိ ချစ်သွားဦးမလား ? ဒါမှမဟုတ် အထက်တန်းရောက်မှ အသစ်ပေါ်လာတဲ့ စာတော်ပြီး ရုပ်ချော ပေါ်ပြူလာဖြစ်ပြီး သူ့အပေါ် ချဉ်းကပ်နေတဲ့ ကောင်လေး ကိုအု ဆီ ပါသွားမလား ? ဆိုတာတွေကိုတော့ I Give My First Love To You ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် ….

    Rating အရတော့ IMDb မှာ 7.3/10 ထိ ရရှိထားတဲ့ Japanese Romance , Drama ဇာတ်ကားလေးပါ …

     

     

    Translator : Ziven
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 990 MB

     

     

     

    Duration:

    Quality: Blu-ray 720p

    Release:

    IMDb: 7.3

    Avertising
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )
    I Give My First Love to You ( 2009 )