မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Jinx!!! ( 2013 )

    Jinx!!! ( 2013 )

    ဒီဇာတ်ကားလေးကတော့ 2013 ခုနှစ်မှာ ထွက်ရှိတဲ့ Japan ဇာတ်ကားလေးပါ …

    ဇာတ်အိမ်လေးကတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ … လူငယ်ကြိုက် Drama / Romance ပုံစံ ဇာတ်လမ်းမျိုးလေးပါ …

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    ဂျီဟို က ကိုရီးယား သူလေးတစ်ယောက်ပေါ့ … သူမ ချစ်သူ ထယ်ဝန်း နဲ့ သူ နဲ့က တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြပြီး … အရမ်း romance ဆန်တဲ့ စုံတွဲလေးပါ … သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း anni တစ်ခုပြည့်တိုင်း သူတို့ သဘောကျနှစ်ခြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲက romance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်သရုပ်ဆောင် ဖြစ်ကြပါတယ် … ပြောရရင်တော့ အရမ်းကို romance ဆန်ပြီး ချစ်ကြတဲ့ စုံတွဲပေါ့ … ဒါပေမဲ့လဲ သူတို့နှစ်ဦးရဲ့ anniversary date တစ်ခုမှာ ” Honeymoon on Ice ” ဆိုတဲ့ ဇာတ်လမ်းထဲက romance ဆန်တဲ့ ဇာတ်ဝင်ခန်းကို ပြန်လည်သရုပ်ဆောင်ဖို့ ချိန်းထားတဲ့နေ့မှာ ထယ်ဝန်း က ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားရပါတယ် …

    ဒီလိုနဲ့ပဲ ဂျီဟို က ကိုရီးယားမှာဆိုရင် ထယ်ဝန်း ရဲ့ အငွေ့အသက်တွေကြောင့် အတိတ်ကို မမေ့နိုင်ပဲ ပူဆွေးမနေချင်တာကြောင့် ဂျပန်ကို ပညာတော်သင်သွားခဲ့ပါတယ် … ဂျပန်ရောက်တော့ အမြဲတစ်ယောက်တည်း သီးသန့်နေပြီး အေးတိအေးစက်နေတတ်တဲ့ ဂျပန်မလေး ကာအဲဒဲ့ နဲ့ မိတ်ဆွေဖွဲ့ခဲ့ပါတယ် … ဂျပန်မလေး နဲ့ ဂျီဟို တို့ရဲ့ မွေးသက္ကရာဇ် / သွေးအုပ်စု တို့က လိုက်ဖက်ညီတဲ့ အတွဲတွေမို့ Jinx လို့ သတ်မှတ်ခဲ့ပါတယ် … အဲ့လိုလိုက်ဖက်ညီတဲ့ Jinx တွေဆီကို ကောင်းသောအရာတွေပဲ ဖြစ်လာတတ်တယ်လို့ ယုံကြည်ပါသေးတယ် …

    ဂျပန် မလေး ကာအဲဒဲ့ မှာလဲ crush ရှိတယ်ဗျ … ဂျပန်မလေးရဲ့ crush နာမည်က ရုစကီ လို့ ခေါ်ပါတယ် … ရုစကီ ကလဲ ပြန် crush ပါတယ် … ဒါပေမဲ့ နှစ်ယောက်လုံးက အူတူတူ အတတ တွေဆိုတော့ ကိုယ့်အချစ်ကိုယ် ထုတ်ဖော်မပြတတ်ကြဘူး … crush ကြတာကလဲ အခုမှ ဟုတ်ဘူးနော် … အလယ်တန်း ကနေ ကောလိပ် ထိ …

    အဲလို တယောက်နဲ့တယောက် ဘယ်လိုဖွင့်ပြောရမယ်မှန်း မသိပဲ romance မဆန်တတ်တဲ့ ရုစကီ နဲ့ ကာအဲဒဲ့ ကြား ဆရာမကြီး ဝင်လုပ်မှာက ကိုရီးယား က romance ဆရာမကြီး ဂျီဟို … ဂျီဟို က ဘယ်လိုတွေ ဆရာဝင်လုပ်မလဲ ? ဘယ်လိုတွေ ရိုဆန်တတ်အောင် သင်ပေးမလဲ ? ဆိုတာကိုတော့ ” Jinx ” ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု လိုက်ပြါနော်က … ဇာတ်လမ်းတစ်ခုလုံးမှာ ဟာသလေးတွေ romance ဆန်ဆန်လေးတွေကို ကြည့်ရှုခံစားရမှာပါ …

    သရုပ်ဆောင်တွေအနေနဲ့ကတော့ – ရုစကီ အဖြစ် Yamazaki Kento , ကာအဲဒဲ့ အဖြစ် မင်းသမီး Kurumi Shimizu နဲ့ ကိုရီးယားသူလေး ဂျီဟို အဖြစ် KPop girl group တစ်ခုဖြစ်တဲ့ T-ara အဖွဲ့မှ Hyomin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် …

    Rating အနေနဲ့ကတော့ IMDb မှာ 7.5/10 ရရှိထားပါတယ် … ပေါ့ပါးပါး Drama / Romance ဇာတ်လမ်းဖြစ်တာကြောင့် အားလပ်ရက် စနေနေ့ညမှာ အပျင်းပြေ ခံစားကြည့်ရှုလိုက်ကြပါဦးနော် …

     

     

    Translator : Ziven
    Encoder : Ziven
    Quality : HDRip 720p
    File Size : 712 MB

     

     

    Views: 8262

    Genre: DramaRomance

    Actors: , , ,

    Country:

    Duration: 123

    Quality: HDRip 720p

    Release:

    IMDb: 7.4

    Jinx!!! ( 2013 )
    Jinx!!! ( 2013 )
    Jinx!!! ( 2013 )
    Jinx!!! ( 2013 )
    Jinx!!! ( 2013 )