မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    King Naresuan ( 2007 )

    King Naresuan ( 2007 )

    တို့နိုင်ငံမှာဆို ဘုရင့်နောင်က ထိုင်းကို အားရပါးရ တိုက်နိုင်ခဲ့လို့ အတင်းကာရော နာမည်ကြီးသလိုမျိုး …
    သူတို့ ထိုင်းနိုင်ငံမှာလည်း မြန်မာကို ပြန်တိုက်ထုတ်နိုင်ခဲ့တဲ့ မင်းတစ်ပါးအဖြစ် နရဲစွမ်း က နာမည်ကြီးပြန်ရော …

    နရဲစွမ်းဆိုတာကလည်း သူငယ်ငယ်ကတည်းက ဘုရင့်နောင်က ထိုင်းကို တိုက်ခဲ့ပြီး … ဟံသာဝတီကိုခေါ်လာခံခဲ့ရတဲ့သူ …. ဆိုတော့ကား ဒီ ဗမာတွေရဲ့ ဓလေ့ထုံးတမ်းတွေ ဓားရေးလှံရေးတွေကို အကုန်ပိုင်နိုင်ခဲ့တာပေါ့ …

    ဒီဇာတ်ကားနဲ့ ပတ်သတ်တဲ့ အချက်လေးတွေကို Review ရေးဖို့ အချက်အလက်တွေ လိုက်ရှာရင်း post လေးတစ်ခုသွားတွေ့ခဲ့တယ် … ဇာတ်ကားအကြောင်းရော မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာလူမျိုးတစ်ယောက်နဲ့ ရင်ထဲမချိတာရော ခံစားချက်ချင်းတူလို့ post လေးကို အစအဆုံးကူးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် …

    မူရင်းရေးသားသူဖြစ်တယ့် Facebook Acc ပိုင်ရှင် ကို Thit Sar အား credit ပေးပါတယ် …

    [ ထိုင်းက ပထမဦးဆုံး ဆူရီယိုထိုင်း ရိုက်တယ် အဲဒီကားမှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင် တို့ ပထမဦးဆုံးအကြိမ် ထိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြောင်း ရိုက်ပြထားတယ် … ( အဖြစ် ရိုက်တဲ့ ဘန်ရဂျန်းလို ပေစုတ်စုတ်ကားကို ထည့်မတွက်ပါ )

    ဒုတိယကားအနေနဲ့ နရဲစွမ်း ထွက်တယ် … ဒေါ်လာသန်းချီ အကုန်ခံရိုက်တယ် … မြန်မာနိုင်ငံကိုလာပြီး ကမ္ဘောဇသာဒီနန်းတော် ပုဂံနန်းတော်နဲ့ မန္တလေးနန်းတော်တို့ အမျိုးသားပြတိုက်တို့ကိုလာပြီး ဓါတ်ပုံရိုက် ထိုင်းမှာ မြန်မာနန်းတော် အတုတစ်ခု ကြီးကျယ်ခန်းနားစွာ ပြန်ဆောက်ပြီး ရိုက်တယ် … ရိုက်တဲ့နေရာမှာ အဝတ်အစား costume တွေကို တခမ်းတနားနဲ့ ပြင်ဆင်တယ် … အသုံးပြုတဲ့ စစ်မြင်းတွေကို သြစတေးလျကနေ မှာတယ် … The Lord of the Ring ရိုက်တဲ့အဖွဲ့ကို ခေါ်ပြီး စက်တင် ဆင်ရိုက်တယ် … အလွန်ခမ်းနားလွန်းတယ် …

    အဲဒီကားတွေမှာ မြန်မာ့သမိုင်းမှာ မှန်တာပါသလို လုပ်ဇတ်လုပ်ပြီး ရိုက်ထားတဲ့ သမိုင်းလိမ်လည်း ပါမှာပဲ … ဒါပေမယ့် ဘာဖြစ်လဲ … တသက်လုံး ပြိုင်ဖက်ဖြစ်လာတဲ့ မြန်မာကို ပေစုတ်စုတ် မရိုက်ဘူး … အလွန်ခမ်းနားကြီးကျယ်တဲ့ ဟံသာဝတီ နန်းတော် နိုင်ငံတော်အနေနဲ့ ရိုက်တယ် … ဒါမှ ကိုယ့်ထက်ကြီးကျယ်တဲ့ ခမ်းနားတဲ့ ပြိုင်ဖက်နိုင်ငံရဲ့ ကျူးကျော်မှုကို ယိုးဒယားတွေက တွန်းလှန်နိုင်တယ်ဆိုမှ သူတို့ ဂုဏ်ရှိမှာလေ … တကယ်လည်း မြန်မာ့သမိုင်းမှာ ဘုရင့်နောင်ရဲ့ နိုင်ငံတော်ဟာ ကြီးကျယ် ခမ်းနားခဲ့ပါတယ် …

    အခုနောက်ဆုံး တတိယကားအနေနဲ့ အလောင်းမင်းတရား ရုပ်ရှင် စရိုက်နေပြီ … ဒီpost မှာ ဇာတ်ဝင်ခန်းအချို့ရဲ့ ဓါတ်ပုံတွေ တင်ပေးထားပါတယ် ကြည့်ကြည့်ပါ … ထိုင်းတွေက မြန်မာနန်းတော် အတု တစ်ခါပဲ ဆောက်တယ် costume တွေကို တစ်ခါပဲ အကုန်ခံလုပ်တယ် … ကြီးကျယ်ခမ်းနားသော စက်တင်တွေကို တစ်ခါပဲဆောက်တယ် … ပြီးတော့ လူတွေ စိတ်ဝင်စားစေမယ့် ရုပ်ရှင် ၉ ကားလောက် ရိုက်လိုက်တယ် (ဆူရီယိုထိုင်းက ၁ ကား၊ နရဲစွမ်းက ၆ ကား၊ ကြားထဲမှာ နိုင်ငံခြားရုပ်ရှင်း The Prince and Me ဆိုလား စိတ်ကူးယဉ်နိုင်ငံလုပ်ရိုက်တဲ့ တကား၊ အခုနောက်ဆုံး အလောင်းဘုရားကား) ပြီးတော့ နရဲစွမ်းကို tv series လုပ် ရိုက်လိုက်သေးတယ် … ပြီးတော့ အဲဒီ နန်းတော်တွေ costume တွေကို ပြစားတယ် … အဲဒီတော့ သူတို့ အရင်းက ကျေသထက်အပြင် အမြတ်တောင် အများကြီး ပေါ်နေပြီ …

    ကျွန်တော်တို့ မြန်မာ ရုပ်ရှင်တွေက ရှေးခေတ် မြန်မာ့ စစ်ကားရိုက်တယ် … ကျန်စစ်မင်းဆို နှာဘူးကားဖြစ်လို့ … ဘာကြီးကျယ်ခန်းနားမှုမှလည်း မရှိ၊ ဘုရင်အခန်းတွေ ရိုက်တဲ့ကားတွေဆိုလည်း စုတ်တီးစုတ်ပြတ်နဲ့ … ထိုင်းလို ငွေမရှိလို့ မရိုက်နိုင်ဘူး ဆင်ခြေမပေးနဲ့ … တကယ်လုပ်တတ်ရင် တကယ် မခိုမကပ်ပဲ နိုင်ငံချစ်စိတ် ပြည်သူတွေကို တန်ဖိုးထားပြီး ဇာတ်ကားကောင်း ဖန်တီးချင်စိတ် စေတနာစိတ်ထားပြီး ရိုက်ရင်ရတယ်… မြန်မာပြည်မှာလည်း နန်းတော် အတုဆောက်လို့ရတယ် … ပြီးတော့ ဇာတ်လမ်းတွဲပေါင်းများစွာ မကုန်နိုင်မခန်းနိုင် ( မွန်မြန်မာ နှစ် ၄၀ စစ်အကြောင်း၊ အင်းဝ၊ အမရပူရ ဟံသာဝတီ တောင်ငူ ခေတ်အဆက်ဆက်က သူရဲကောင်းတွေအကြောင်း မင်းတွေအကြောင်း ) ဇတ်ကားဖြစ်ဖြစ် ရိုက်လို့ရတယ် …

    ဒါပေမယ့် မရိုက်ခဲ့ဘူး … မရိုက်တဲ့အပြင် ဒီဘက်ခေတ် ကိုယ့်မြန်မာပြည်ရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်တောင် လေနဲ့ ရိုက်နေတာ ၅ နှစ် မကတော့ဘူး … ဘာမှ အကောင်အထည် မပေါ်တဲ့အပြင် ပြတဲ့ ဇာတ်ဝင်ခန်းကလည်း ပေစုတ်စုတ်နဲ့ …

    အခု ထိုင်းက ရိုက်မယ့် အလောင်းမင်းတရား ရုပ်ရှင်ကလည်း အလွန်ခမ်းနားစွာ လာပါဦးမယ် … အဲဒီ ရုပ်ရှင် ထွက်လာရင်လည်း သမိုင်းလိမ်တယ် ဘာညာနဲ့ အော်ဦးမယ် … ကိုယ့်နိုင်ငံသမိုင်းကို ကိုယ်က ကြီးကျယ်ခမ်းနားစွာ လက်ဦးအောင် မရိုက်ပြပဲနဲ့ သူများတိုင်းပြည်က ကြီးကျယ်ခမ်းနားမှုကို ရှေ့တန်းတင်ပြီး သူတို့လိုသလို မြန်မာ့သမိုင်းကို လိမ်ရိုက်တာလည်း ခံရဦးမယ် … ဘယ်လောက်တောင် ရှက်ဖို့ ကောင်းပါသလဲ ?

    အခု မြန်မာ့ ရုပ်ရှင်ကို ကြည့်တယ် … သရဲကားခေတ်ကောင်းရင် သရဲကားလိုက်ရိုက်တယ် … ဟာသကား ခေတ်ကောင်းရင် ဟာသကား လိုက်ရိုက်တယ် … မင်းသားတွေ မိန်းမလိုဝတ် အခြောက်ပုံလုပ်တာ လူတွေ သဘောကျရင် ရှိသမျှ မင်းသားအကုန် အခြောက်လိုဝတ် ရိုက်ရတယ် …

    ဘယ်မှာလဲ ဖန်တီးမှုတွေ၊ ဘယ်မှာလဲ ကြီးကျယ်ခမ်းနားမှုတွေ … ဒါကြောင့်လည်း မြန်မာ့ရုပ်ရှင်တွေကို ဘယ်လိုမှ ကြည့်မရတော့တာ … Acting တွေက over တွေ ဖြစ်လာ ပရိတ်သတ်ကို လည်း ခပ်ပေါပေါတွေ ချပြ မင်းသမီးတွေက လည်း တင်ပဲ ပြစားလိုက် ရင်သားပဲ ကြီးအောင်လုပ်လိုက် ကိုရီးယားသွား အလှပြင်လိုက်နဲ့ပဲ ပြီးတယ် …

    ဖြစ်စေချင်တာက မြန်မာပြည်မှာ ရိုက်ပြနိုင်တဲ့ ရုပ်ရှင်တွေ သမိုင်းတွေ အများကြီးပါ … tourist attraction ဖြစ်အောင် လုပ်လို့ရတာတွေ အများကြီးပါ … ဘာလုပ် မလုပ်ကြတာလဲ ? မလုပ်နိုင်တာလား ? ရေသာခိုတာလား ? ဘာမှ ကြိုးစားမှု ပြင်းထန်အားထုတ်မှု မရှိပဲ အလွယ်တကူ ပိုက်ဆံလိုချင်နေတာလား ? ဆိုတာတော့ လက်ရှိ ရုပ်ရှင်လောကက လူတွေသာ ကိုယ့်အကြောင်းကို အသိဆုံး ဖြစ်ပါလိမ့်မယ် … ကျွန်တော်ကတော့ လက်ရှိအချိန်အထိ လေးစားရသော မြန်မာ့ သမိုင်းဝင် ရုပ်ရှင်ဇတ်ကား ထွက်တာ မတွေ့ရသေးပါ …

    အခု ထိုင်းကရိုက်တဲ့ အလောင်းမင်းတရား ရုပ်ရှင်ထွက်တာနဲ့ လက်ဝယ်ရဖို့ ကြိုးစားနေပါတယ် … ပြီးရင် ထပ်ရေးပါဦးမယ် … ထိုင်းက သမိုင်းလိမ်သည်ဖြစ်စေ လိုသလိုဆွဲသည်ဖြစ်စေ ကိုယ့်ဘုရင်အကြောင်း ခုလို တခမ်းတနားနဲ့ ရိုက်ပြတဲ့အတွက် ကျေးဇူးတင်တာတော့ ရှိပါတယ်။ ]

    သူတို့ရိုက်တဲ့ သမိုင်းက မှန်တယ် မမှန်ဘူးဆိုတာ … ထိုအတိတ်နေ့ရက်တွေက နေထိုင်ခဲ့သူတွေပဲသိမှာပါပဲ … သူတို့ရိုက်တော့ သူတို့ သမိုင်းပေါ့ … ကြည့်ကြပါ … ဇာတ်ကား ပြင်ဆင်ထားတာတွေက အတော်လေးကောင်းပါတယ် … ကြည့်ရတာ အရမ်းတန်ပါတယ် …

    တစ်ချို့ သမိုင်းတွေ နာမည်တွေကို ယိုးဒယားအခေါ်နဲ့ဆိုတော့ ထပ်တူမပြန်ပေးနိုင်တာကို ခွင့်လွှတ်ပါနော်
    အတတ်နိုင်ဆုံးလည်း ကြိုးစားထားပါတယ်❤️

    Rating အရ IMDb မှာ 7.1/10 ရရှိထားတဲ့ Drama , History ဇာတ်ကားကောင်းလေးပါ …

    ထွက်ရှိခဲ့သမျှ King Naresuan ဇာတ်ကားများကို တင်ဆက်သွားနိုင်အောင် ကြိုးစားပါ့မယ် ❤️❤️

     

    ( ဇာတ်ကားရဲ့ ကြာမြင့်ချိန်က 2 hr 43 min ဖြစ်ပါသောကြောင့် သာမန်ဇာတ်ကားများထက် file size ပို ကြီးတာ နားလည်ပေးပါနော် )

     

     

    Translator : PDoubleST
    Encoder : Ziven
    Quality : Blu-ray 720p
    File Size : 1.4 GB    ( 720p )      |          944 MB ( 360p )

     

     

     

    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )
    King Naresuan ( 2007 )