မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
Love in Disguise ( 2010 )

Love in Disguise ( 2010 )

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2010 မှာ ထွက်ရှိခဲ့တဲ့ Romance နဲ့ Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့ “ Love is Diguise ” လို့ ခေါ်တဲ့ ဇာတ်လမ်းလေးပါ …

Main Cast တွေ အနေနဲ့ကတော့ ဂီတလောကမှာနာမည်ကြီးနေတဲ့ မင်းသား Wang Leehom နဲ့ မြန်မာပြည်မှာတော့ ဂူးဂူး ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက MWD မှာ လွှင့်တဲ့ သိန်းငှက်သူရဲကောင်းထဲမှာ လူသိများခဲ့တဲ့ မင်းသမီး Liu Yifei တို့က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ် …

ဇာတ်လမ်းပုံစံလေးကတော့ – ဂီတအနုပညာလောကမှာ နာမည်ကြီးနေတဲ့ Du Ming Han (Wang Leehom) က ဂီတဖျော်ဖြေပွဲအပြီး အပြန်လမ်းမှာ … Song Xiao Qin ( Liu Yifei ) က Du Ming Han ကားကိုဝင်တိုက်မိပါတယ် …

အဲ့နောက်ပိုင်းမှာ Du Ming Han က Song Xiao Qin နဲ့ ရင်းနှီးဖို့အတွက် အနုပညာတက္ကသိုလ်ကို ရုပ်ဖျက်ပြီးဝင် ခဲ့ပါတယ် … အဲ့အကြောင်းကို Song Xiao Qin သိသွားတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုဖို့ကို ဖိတ်ခေါ်လိုက်ပါတယ်နော် …

လူငယ် ဇာတ်လမ်းလေး ဖြစ်တာကတစ်ကြောင်း မိန်းကလေး ပရိသတ်အနေနဲ့ရော ယောက်ျားလေး ပရိသတ်အနေနဲ့ရော အားပေးမှုအများဆုံးရထားတဲ့ ကျွန်တော်တို့ရဲ့ Childhood Love လေးဖြစ်တဲ့ ဂူးဂူး ( Liu Yifei ) ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို ကြည့်ရှုခံစားလိုက်ကြပါဦးနော် …

Rating အနေနဲ့ကတော့ IMDb မှာ 5.9/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ … ဟာသပုံစံဖြစ်တဲ့အပြင် တရုတ်ရှေးဂီတတူရိယာတွေရဲ့သီချင်းသံစဉ်တွေပါနား ထောင်လို့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ် …

 

 

Translator : Shou Shou

Encoder : Ziven

Quality : Blu-ray 720p

File Size : 896 MB

 

 

 

Duration: 98

Quality: Blu-ray 720p

Release:

IMDb: 5.9

Love in Disguise ( 2010 )