မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Love, Simon ( 2016 )

    Love, Simon ( 2016 )

    2018 ရဲ့ March လထဲမှာ 20th Century Fox ကနေ လူငယ်တွေကြားထဲမှာ ရေပန်းစားဦးမယ့် ကျောင်းသားအချစ်ကားလေးတစ်ကား ထွက်ရှိလာခဲ့ပါတယ် … တခြားနာမည်ကြီး လူငယ်အချစ်ကားလေးတွေနဲ့ မတူတဲ့ ဒီကားလေးရဲ့ထူးခြားချက်ကတော့ မင်းသားလေးက Gay ဖြစ်နေတာပါပဲ …

    ‘Love, Simon’ ဟာ 2015 က ထွက်ခဲ့တဲ့ Becky Albertalli ရဲ့ လူငယ်အချစ်ဝတ္ထုဖြစ်တဲ့ ‘Simon vs. the Homo Sapiens Agenda’ ဆိုတဲ့စာအုပ်ကလေးအပေါ်ကို အခြေခံရိုက်ကူးထားတဲ့ ကျောင်းသားအချစ်ကားလေး တစ်ကားပဲဖြစ်ပါတယ် …

    Director Greg Berlanti က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီးတော့ Jurassic World တို့ Everything, Everything တို့နဲ့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ထဲကိုရောက်ခဲ့တဲ့ မင်းသားချောလေး Nick Robinson ကို ဒီဇာတ်ကားထဲမှာ Closeted Gay ကောင်လေးတစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပါတယ် …

    ဘဝတူ အတန်းဖော်ကောင်လေးတစ်ယောက်နဲ့ အပြန်အလှန် Email ပို့ရင်းကနေ သံယောဇဉ်တွယ်သွားကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လူငယ်အချစ်ကားတွေမှာ တွေ့နေကျဖြစ်တဲ့ ပုံစံထဲကနေခွဲထွက်နေမှာက ဇာတ်လိုက်နှစ်ယောက်က ကောင်လေးနှစ်ယောက်ဖြစ်နေတာပါပဲ …

    လူသိမခံဝံ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ရုပ်ရှင်ကြည့်သူပရိတ်သတ်တွေအတွက်တော့ ရင်ထဲရောက်ဦးမယ့် လူငယ်အချစ်ကားလေး တစ်ကားဖြစ်ဦးမှာတော့ အသေအချာပါပဲ …

    ဇာတ်ကားတစ်နေရာမှာ ကောင်လေးက သူ့ချစ်သူကောင်လေးနဲ့ Christmas နေ့မှာ အနမ်းခြွေကြတဲ့အကြောင်းလေးကို စိတ်ကူးယဉ်တဲ့အကြောင်းလေး ပါတယ်ဗျ .. တစ်ခြားကားတွေမှာဆိုရင်တော့ ဒီနေရာမှာ အဓိကဇာတ်ကောင်တွေက ကောင်လေးနဲ့ကောင်မလေးဖြစ်နေမယ်ဗျာ .. ခင်ဗျားတို့အမြင်မှာလည်း မြင်နေကျအချစ်ကားလေးတွေထဲကပုံစံလေးတွေပဲဖြစ်နေလိမ့်မယ် ..

    အခုကားထဲမှာကျ ကောင်လေးတစ်ယောက်က တစ်ခြားကောင်လေးတစ်ယောက်ကို စိတ်ကူးယဉ်တဲ့အကြောင်းဆိုတာ ခင်ဗျားတို့မြင်နေကျ စိတ်ကူးယဉ်ဆန်ဆန်အကွက်တွေနဲ့တော့ တူမှာမဟုတ်ဘူးဗျ .. ကျွန်တော့်အမြင်ပြောရရင်တော့ ကောင်လေးနှစ်ယောက်ရဲ့ စိတ်ကူးယဉ်ခန်းလေးက တကယ်ကို Powerful ဖြစ်တယ်ဗျာ’ လို့ Director Greg Berlanti က ပြောထားပါတယ် …

    ဒီဇာတ်ကားရဲ့ Exclusive First Look ပုံတွေကို EW ကနေ တွေ့ရမှာဖြစ်ပြီး ခေါင်းဆောင်မင်းသားလေးရဲ့ သူငယ်ချင်းအဖြစ် 13 Reasons Why နဲ့ နာမည်ကြီးလာတဲ့ မင်းသမီးချောလေး Katherine Langford က ပါဝင်အားဖြည့်ထားပါတယ် .. ခေါင်းဆောင်မင်းသားလေးရဲ့မိဘတွေနေရာမှာ Jennifer Garner နဲ့ Josh Duhamel တို့ကို တွေ့ရမှာပါ …

    Rating အရ IMDb မှာ 8/10 နှင့် Rotten Tomatoes မှာ 92% တို့ အသီးသီးရရှိထားပါတယ် …

    ( ဇာတ်လမ်းအညွှန်းကို ” M-MDB ” Facebook Page မှ ကူးယူဖော်ပြသည် )

     

     

    Translator : Kiya , Jullia & Sotari
    Encoder : Ziven
    Quality : Blu-ray 720p
    File Size : 860 MB

     

     

     

    Duration: 110

    Quality: Blu-ray 720p

    Release:

    IMDb: 8

    Avertising
    Love, Simon ( 2016 )
    Love, Simon ( 2016 )
    Love, Simon ( 2016 )
    Love, Simon ( 2016 )
    Love, Simon ( 2016 )
    Love, Simon ( 2016 )