မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    May 18 ( 2007 )

    May 18 ( 2007 )

     

    တကယ့်ရင်ထဲကိုထိတဲ့ကားလေးဖြစ်တဲ့ May 18ဆိုတဲ့ကားလေးပါ

    IMDb rating 7.1/10 ထိရရှိထားပါတယ်

    ဇာတ်လမ်းအကျဉ်းချူပ်ကတော့
    1980 ခုနှစ်မေလ 18 ရက်မှာ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးပြည်နည်ရဲ့  ကျောင်းသားတွေဟာ ချောင်နမ် အမျိုးသားတက္ကသိုလ်မှာ ကျောင်းကိုမပိတ်ရေးအတွက် ကာကွယ်စုဝေးခဲ့ကြပါတယ်

    တက္ကသိုလ်အနီးနားကို စေလွှတ်ခြင်းခံထားရတဲ့ စစ်တပ်တွေက အလျင်အမြန်ရောက်လာကြပြီး ကျောင်းသားတွေအပေါ် ထိုးနှက်ညင်းပန်းခဲ့ကြပါတယ် …

    ဂွမ်ဂျုမှာရှိတဲ့ တက္ကစီဆရာ မင်းဝူး (Kim Song- Kyung) က သူ့ရဲ့ ညီတစ်ယောက်ဖြစ်တဲ့ ဂျင်ဝူး(Lee Joon-Gi) အပေါ်အဖေတယောက်လိုတစ်ယောက်လိုစောင့်ရှောက်ပါတယ်

    မင်းဝူးကတော့ စစ်တပ်အကြီးအကဲအဖြစ်ကနေ အနားယူထားခဲ့တဲ့ ဟူမ်ဆူ (Ahn Sung.Ki) ရဲ့သမီးဖြစ်တဲ့ သူနာပြူမလေး ရှင်းအယ် (lee Yo- Won) ကိုလည်း မေတ္တာမျှနေသူဖြစ်ပါတယ်

    ရှင်းအယ်ကတော့ညီဖြစ်သူဂျင်းဝူးနဲ့ဘုရားကျောင်းအတူတက်လေ့ရှိပါတယ်

    တနေ့မှာ မင်းဝူး ချောန်နမ် တက္ကသိုလ်နားက ဖြတ်သွားရင် စစ်တပ်နဲ့ ကျောင်းသားတွေကြား ဆူပူမူတွေ မြင်ရပြီးနောက်မှာ အိမ်ကိုအမြန်ပြန်လာခဲ့ပြီး ညီဖြစ်သူ ဂျင်းဝူးကို ကျောင်းသားစု လူရှားမူတွေအပေါ် မပါဝင်ဖို့ တားမြစ်ခဲ့ပါတယ်

    ဂျင်းဝူးရဲ့အတန်းဖော်တစ်ဦးစစ်တပ်ကြောင့်ထိခိုက်သေဆုံးခဲ့ချိန်မှာတော့ဂျင်းဝူးအနေနဲ့အတန်းဖော်တွေကိုဦးဆောင်ပြီးကျောင်းသားများဘက်ကကာကွယ်ရန်ဦးဆောင်ခဲ့ပါတော့တယ်

    ပါဝင်လာတဲ့ မြို့သူတွေကတော့ အနီးနားရှိ သိုလှောင်ခန်းတွေနဲ့ ရဲဌာနတွေက လက်နက်တွေ စုဆောင်းခဲ့ကြပါတယ်

    ရက်အနည်းငယ်ကြာစစ်သားတွေမြို့ကဆုတ်ခွာခဲ့ကြချိန်မှာအရာအားလုံးခတ္တငြိမ်ကျသွားခဲ့ပါတယ်

    ဂွမ်ဂျူးမြို့သူမြို့သားတွေကတော့အဆိုပါ ဆုတ်ခွာမူဟာ အထက်ကအမိနိ့အာဏာကိုစောင့်ရင်းခတ္တတပ်ရုပ်သွားကြမှန်း သဘောပေါက်ခဲ့ပါတယ်

    မေ ၁၈ ထဲက အဓိကဇတ်ကောင်တွေကတော့ အာဏာအလှည့်အပြောင်းကာလတခုမှာ ကျောင်းသားတွေအပေါ်နစ်နာစေခဲ့တဲ့စစ်ဥပဒေတွေကြောင့် ကျောင်းသားထုနဲ့ အရပ်သားများပါ ဆန္ဒပြကြမူတွေကို ပုန်ကန်မူအဖြစ် မှားယွင်းအသွင်ပြောင်းရက်စက်ခံခဲ့ရသလို ဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်များအပေါ် ကောက်နူတ် အခြေ ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်

    ဇာတ်လမ်းကို ဂွမ်ဂျုးပြည်နယ်မြောက်ပိုင်းအဆင့်မြင့်သိပ္ပံစက်မူဇုံဘက်တွေမှာ ၁၂ ဧရိယာခန့်ရိုက်ကူးခဲ့ရပြီး မြို့ကိုအကာအကွယ်ပေးကြတဲ့ မြင်ကွင်းတွေမှာ အကူပစ္စည်း ၆၀၀ ခန့် အသုံးပြုခဲ့ရပါတယ်

    ကြည့်ရူ့သင့်တဲ့ဇာတ်လမ်းကောင်းဖြစ်လို့ review လည်းဖတ်ပြီးကြည့်ရူ့သင့်ပါကြောင်းပါညွှန်းပေးလိုက်ရပါတယ်

     

     

    Translated by Nyein Chan Kyaw
    Encoded by Sandar Lwin

     

     

    Duration: 118 mins

    Quality: HDRip 720p

    Release:

    IMDb: 7.1/10

    May 18 ( 2007 )
    May 18 ( 2007 )
    May 18 ( 2007 )