မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Monster Hunt 2 ( 2018 )

    Monster Hunt 2 ( 2018 )

    နောက်ဆုံးတော့ Monster Hunt 2 လေး အကြည်ထွက်လာပါပြီ … WEB-Dl Ver. လေး ထွက်လာလို့ တင်ပေးလိုက်ရပါတယ် …

    ဒီဇာတ်ကားလေးမှာတော့ –

    Monster Hunt ( 2015 ) ရဲ့ အဆုံးသတ်ဖြစ်တဲ့ Wuba လေးကို မွန်းစတားတွေရဲ့ လက်ထဲ ထည့်ပြီးနောက်ပိုင်းကနေ ဆက်ထားပါတယ် …

    Wuba တစ်ယောက် မွန်းစတားတွေဆီ ရောက်သွားပြီးတဲ့နောက် တခြားမွန်းစတားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းဆို က ခုန် ပြီး နေလျက်ရှိပါတယ် … ထိုအချိန်မှာ မကောင်းတဲ့ မွန်းစတားတွေရောက်လာပြီး Wuba လေးကို ဖမ်းဖို့ ကြိုးစားရာမှ … တခြားမွန်းစတားလေးတွေ Wuba ကို ကာကွယ်ပေးရင်း …. Wuba တစ်ယောက် လွတ်မြောက်သွားရာကနေ ဇာတ်လမ်းစထားပါတယ် …

    မွန်းစတားဘုရင်ကြီးကလည်း လူသားကမ္ဘာ နဲ့ မွန်းစတားကမ္ဘာကြားမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေမယ့် မွန်းစတားလေး Wuba ကို မြင်ဖူးချင်တယ်ဆိုပြီး ဖမ်းဆီးဖို့ အမိန့်ချခဲ့ပါတယ် …

    Wuba လေး တစ်ယောက် သူ့ကို လိုက်ဖမ်းနေတယ့် မွန်းစတားဆိုးတွေရန်ကနေ ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက်မှာတော့ အကြွေးပင်လယ် ပတ်လည်ဝိုင်းနေတဲ့ လူလည် ထုဆစ်ကွမ်း တို့ နဲ့ သွားတွေ့ပါတယ် … ထုဆစ်ကွမ်း မှာ ဘန်းဘန်းလို့ခေါ်တဲ့ အကောင်ကြီးကြီးနဲ့ ချစ်စရာ မွန်းစတားလေးတစ်ကောင်ရှိပါသေးတယ် …

    အဲ့နောက်မှာတော့ Wuba လေး တစ်ယောက် ထူဆစ်ကွမ်း တို့နဲ့အတူ မွန်းစတားတွေလိုက်ဖမ်းတဲ့ ရန်ကနေ ဘယ်လိုလွတ်အောင် ထွက်ပြေးမလဲ ??? လွမ်းလို့လိုက်ရှာနေတဲ့ Wuba လေးရဲ့ မိဘတွေဖြစ်တဲ့ စုန့်ထျန်းရင် နဲ့ ရှောင်လန် တို့နဲ့ ပြန်တွေ့နိုင်ဦးမလား ??? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ကြရအောင်နော် …

    တစ်ကားလုံး အသေကို ရီရပြီး ကောင်းမွန်တဲ့ ဇာတ်ကားလေးပါ … တရုတ်ပြည်ရဲ့ Minion လေးလို့ တောင် စိတ်ထဲတင်စားမိတဲ့ ချစ်စရာ Wuba လေးပါ …

    ကဲ … ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြရအောင်နော် ….

     

    Translator : Elvis & Ziven
    Encoder : Ziven
    Quality : WEB-DL
    File Size : 955 MB ( 720p ) | 446 MB ( 360p )

     

    Duration: 110

    Quality: WEB-DL 720p

    Release:

    IMDb: 5.3

    Avertising
    Monster Hunt 2 ( 2018 )
    Monster Hunt 2 ( 2018 )