မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    My Wife Is a Gangster 3 ( 2006 )

    My Wife Is a Gangster 3 ( 2006 )

    My Wife is A Gangster 1 , 2 , 3 ရယ်လို့ ရှိပြီးတော့ အခုတင်ဆက်မယ့် ဇာတ်ကားကတော့ နံပါတ် 3 ပါ … 1 နဲ့ 2 ကတော့ Video File Quality ကောင်းကောင်း ရှာလို့မတွေ့တာရော , eng sub ရှာလို့ မတွေ့သေးတာရယ်ကြောင့် မတင်ဖြစ်သေးပါဘူး … Exam ကြီး ပြီးဆုံးမှ google မြေလှန်ပြီး ရှာကြည့်ပါဦးမယ်

    2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဟောင်ကောင်မင်းသမီးကြီး Shu Qi နှင့် ကိုရီးယားမှ ဝါရင့်မင်းသားကြီး Lee Beom-soo တို့က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားခဲ့ကြပါတယ် … ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် Shu Qi ရဲ့ နာမည်ကြီး ဇာတ်ကားများစွာထဲမှ တစ်ကား အပါအဝင်လဲ ဖြစ်ပါတယ် …

    Action , Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး ဟောင်ကောင် နဲ့ ကိုရီးယား ဖက်ဆက် ရိုက်ကူးထားတာလဲ ဖြစ်ပါတယ် …

    ဇာတ်လမ်းအကြောင်းလေး အနည်းငယ် ပြောပြာရမယ် ဆိုရင် –

    လင်းအာယောင်း ( Shu Qi ) ဟာ ဟောင်ကောင်မှ ဂိုဏ်းစတားတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ သမီးတစ်ဦးပါ … လူသတ်မှုတစ်ခုမှာ စွပ်စွဲခံရပြီးနောက် အဖေ ဖြစ်သူက သူ့သမီးရဲ့ လုံခြုံးရေးကို စိတ်ပူပြီး ဟောင်ကောင်မြေမှ ခေတ္တရှောင်ပြေးဖို့ ညွှန်ကြားခဲ့ပါတယ် … အာယောင်း ကတော့ သူမရဲ့ အမေဖြစ်သူ ရှိတဲ့ ကိုရီးယား ကို ရှောင်ပြေးဖို့ ရွေးချယ်ခဲ့ပါတယ် …

    ဟန်ကီချွဲ ( Lee Beom-soo ) ကတော့ ကိုရီးယားဂိုဏ်းစတားတစ်ခုရဲ့ ဂိုဏ်းသားတစ်ဦးပါ … သူတို့ ဂိုဏ်းစတားတွေရဲ့ အချိတ်အဆက်နဲ့ ဟောင်ကောင် ကနေ လာမယ့် လင်းအာယောင်း ( Shu Qi ) ကို guide လုပ်ပေးပြီး ကာကွယ်ပေးရမယ့် အနေအထားသို့ တာဝန်ကျလာခဲ့ပါတယ် …

    အဲ့လိုနဲ့ ဟောင်ကောင်သူလေး နဲ့ ကိုရီးယားကောင်လေး တို့ရဲ့ ဘာသာစကား ကွဲပြားမှုကြားက အချစ်ဇာတ်လမ်းလေးကို အက်ရှင် ဟာသတွေနဲ့ ပူးတွဲပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ် …

    ဒါနဲ့ မေ့လို့ … ဟောင်ကောင်သူလေး နဲ့ စကားပြောဖို့ဆိုပြီး ဟန်ကီချွဲ က စကားပြန်ဆရာမလေး တစ်ယောက်ကို ငှါးထားပါသေးတယ် … အဲ့ဆရာမလေးက ဟန်ကီချွဲ နဲ့ လင်းအာယောင်း ကြားမှာ ဘယ်လိုတွေ ဘာသာပြန်ပေးမလဲ ဆိုတာကိုတော့ My Wife is A Gangster 3 ဆိုတဲ့ ဇာတ်ကားလေးမှာ ခံစားကြည့်ရှုလိုက်ကြရအောင်နော် …

    Rating အရ IMDb မှာ 6.4/10 ရရှိထားတဲ့ Korea-Hong Kong Action , Comedy ဇာတ်ကားကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် …

     

     

    Translator : Ziven
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 1 GB

     

     

    Duration: 105 min

    Quality: Blu-ray 720p

    Release:

    IMDb: 6.4

    Avertising
    My Wife Is a Gangster 3 ( 2006 )
    My Wife Is a Gangster 3 ( 2006 )
    My Wife Is a Gangster 3 ( 2006 )
    My Wife Is a Gangster 3 ( 2006 )
    My Wife Is a Gangster 3 ( 2006 )