မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
One Night Only ( 2016 )

One Night Only ( 2016 )

ကဲ…ပရိတ်သတ်ကြီးအားလပ်ရက်မှာအပန်းဖြေကြည့်ရှုဖို့ရာအတွက်One night onlyဆိုတဲ့တရုတ်
ဇာတ်ကားကောင်းလေးတစ်ကားကိုညွှန်းပေးချင်ပါတယ်နော်

ဒီဇာတ်ကားလေးကတော့Romanceကားလေးတစ်ကားဖြစ်ပေမယ့် ဟာသ အချစ် အလွမ်း အဖေတစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့ မေတ္တာ ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုရင်လည်းမမှားပါဘူး

 

ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်လေးကတော့****

တရုတ်နိုင်ငံမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်ခုရဲ့ အမွေဆက်ခံသူသူဌေးသားလေး ကျိုးရီဟာ လောင်းကစားကို ခုံမင်သူတစ်ဦးဖြစ်ပါတယ်

ဘဝမှာ ဘယ်အရာမှ မတည်မြဲဘူး ဆိုတဲ့စကား အတိုင်း လောင်းကစားလုပ်တာတွေများလာတော့ စည်းစိမ်တွေလဲ အကုန်ကုန်ပြီးထောင်ကျတဲ့အထိဖြစ်ခဲ့ရပါတယ်

 

ကျိုးရီမှာ အိမ်ကသဘောတူ သူလဲသဘောကျလို့ ယူထားတဲ့ ဇနီးလေး ယုကျွင့်က နှလုံးရောဂါသည်လေးပါ

အိမ်ရဲ့စီးပွားတွေလည်းဂျုံးဂျုံးကျလောင်းကစားလုပ်တာတွေကြောင့်လည်း အခြေအနေက ပိုဆိုးထောင်ကျတဲ့အထိဖြစ်ရပေမယ့် ဇနီးသည်လေးက မညိုညင်ခဲ့ပါဘူး

ဒါပေမယ့် ဇနီးသည်ဘက်က မိသားစုကတော့
ကျိုးရီနဲ့ယုကျွင့်ကိုတွေ့ခွင့်မပေးတဲ့အထိပိတ်ပင်တားဆီးခဲ့ကြပါတယ်

ကျိုးရီထောင်ထဲမှာရှိနေတုန်းတစ်စုံတစ်ယောက်ရဲ့အကူအညီနဲ့ယုကျွင့်က ကျိုးရီကို ရအောင်လာတွေ့ခဲ့ပါတယ်

စာအပြန်အလှန်ရေးပြီး အဆက်အသွယ်တွေလည်း လုပ်ခဲ့ပါတယ်

ကျိုးရီထောင်ကျနေတုန်းမှာပဲ ယုကျွင့်ဆုံးပါးသွားခဲ့တယ်

ဇနီးသည် ဆုံးပါးသွားကြောင်းကို ကျိုးရီတစ်ယောက် မသိခဲ့ပါဘူး

ထောင်က လွတ်လာတဲ့အချိန်မှ အဲဒီအကြောင်းကို သိခဲ့ရပါတယ်

ဒါပေမယ့် ယုကျွင့်ရေးတဲ့စာတွေက ကျိုးရီဆီ ရောက်နေတုန်းပဲ

ဘာ့ကြောင့်လဲဒီစာတွေက ဘယ်လိုဖြစ်ပြီး ကျိုးရီဆီ ရောက်လာတာလဲ

အဲဒီစာတွေကို ဘယ်သူက ရေးတာလဲကျိုးရီတစ်ယောက် သူရုန်းမထွက်နိုင်တဲ့ လောင်းကစားနွံထဲမှာ ဘယ်လို ပြသနာတွေရော ကြုံတွေ့ရမှာလဲ

ဒီမေးခွန်းတွေကိုကျိုးရီတစ်ယောက်စဉ်းစားမရနေတုန်းမှာပဲသူ့ဆီကို မယ်မို ဆိုတဲ့ပြည့်တန်ဆာမိန်းကလေးတစ်ယောက်ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာပါတယ်

သူလဲ မခေါ်ပါဘဲနဲ့ ဒီမိန်းကလေး ဘာလို့ရောက်လာတာလဲ
ဒီမိန်းကလေးကရောသူနဲ့ဘယ်လိုပတ်သက်နေတာလဲဆိုတာတော့

ဒီဇာတ်လမ်းလေးမှာ
ကျိုးရီအဖြစ် မင်းသား Aaron kwok
ကျိုးရီရဲ့ဇနီးအဖြစ် မင်းသမီး Hao lei
ပြည့်တန်ဆာ ကောင်မလေးအဖြစ် မင်းသမီး Yang Zishen
အခြားသော သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဒီကားလေးကို ဒါရိုက်တာ Matt Wu က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ရှင် ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်လို့
ပရိတ်သတ်ကြီး ကြည့်ရှုအားပေးကြပါဦးနော်

Rating မှာလည်း IMDb 5.4/10ထိရရှိထားပါတယ်

 

 

Reviewed by Sakura
Translated by Sakura
Encoded by Sandar Lwin
File size:545MB
MMATV Channelမှတင်ဆက်သည်

Views: 1698

Genre: ActionCrimeDrama

Director:

Actors: , , , ,

Country:

Duration: 100 mins

Quality: Blu-ray 720p

Release:

IMDb: 5.9/10

One Night Only ( 2016 )
One Night Only ( 2016 )