မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Operation Mekong ( 2016 )

    Operation Mekong ( 2016 )

    အားလုံးလဲ ကြည့်ရှုပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါသော်လည်း ထပ်မံကြည့်ရှုလိုသည့် ပရိသတ်များအတွက် 2016 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ Operation Mekong ဆိုတဲ့ ဇာတ်ကားလေးကို Blu-ray Quality ဖြင့် တင်ဆက်ပေးလိုက်ရပါတယ် …

    မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ပူးပေါင်းကာ မူးယစ်ရာဇဝတ်မှုကြီးတစ်ခုကိုဖော်ထုတ်ပုံကို ရိုက်ကူးထားသည့် Operation Mekong တရုတ်-ဟောင်ကောင် မှုခင်းအက်ရှင် ဇာတ်ကားတစ်ကားဖြစ်ပါတယ် …

    မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ပူးပေါင်းကာ မူးယစ်ရာဇဝတ်မှု ကြီးတစ်ခုကို ကြိုးစားဖော်ထုတ်ကြပုံကို ရိုက်ကူး တင်ဆက်ထားသည့် ယင်းဇာတ်ကားကို ဟောင်ကောင် ရုပ်ရှင်ဒါရိုက်တာ Dante Lam က ပုံဖော်ရိုက်ကူးထား ခြင်းဖြစ်ပြီး အဓိကသရုပ်ဆောင် များအဖြစ် ထိုင်ဝမ်တေးသံရှင်နှင့် ရုပ်ရှင်သရုပ် ဆောင် Eddie Peng နှင့် တရုတ်ရုပ်ရှင်မင်းသား Zhang Hanyu တို့ ပါဝင်ထားပါတယ် … ၂ဝ၁၁ ခုနှစ်က အဖြစ်အပျက်တစ်ခုကို ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပိတ်ကားပေါ်မှာ ပုံဖော်ထားခဲ့ပါတယ် …

    ဇာတ်လမ်းအကြောင်း ပြောပြပေးရမယ်ဆိုရင် ….

    ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ မဲခေါင် မြစ်ဝှမ်းမှာ ကုန်စည်များသယ်ဆောင်လတဲ့ ကုန်တင်သင်္ဘောတစ်စင်းကို လူဆိုးဓားပြအုပ်စု တစ်စုက ဓားပြတိုက် တိုက်ခိုက်ခဲ့ပြီး သင်္ဘော ပေါ်ပါ တရုတ်သင်္ဘောသား ၁၃ ယောက် ရက်ရက် စက်စက် အသတ်ခံခဲ့ရတယ် …

    အသတ်ခံရသည့် အဆိုပါတရုတ်သင်္ဘောသား အလောင်းများနှင့်အတူ စိတ်ကြွမူးယစ်ဆေးပြား ကိုးသိန်းကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့တယ် …

    ထိုကုန်သင်္ဘောကို တိုက်ခိုက်သူများမှာ မဲခေါင် မြစ်ဝှမ်းတစ်လျှောက် မူးယစ်ဆေးဝါးလက်ကားရောင်း ဝယ်ဖောက်ကားနေသည့် မူးယစ်ဆေးဝါးဂိုဏ်းဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအိုနှင့် မြန်မာ နိုင်ငံတို့တွက် ကျက်စားနေသည့် ကြီးမားသည့် မူးယစ်ဆေးဝါးကွန်ရက်ကြီးရှိနေသည်ကို သိလာရပါတယ် …

    ဒါ့ကြောင့်မို့ တရုတ်နိုင်ငံမှ အထူးမူးယစ်နှိမ်နင်းရေး အရာရှိဖြစ်သည့် (မင်းသား Zhang Hanyu) ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့်အတူ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ အတူပူးပေါင်း ပါဝင်ပြီး … အဆိုပါမူးယစ်ရာဇဝတ်မှုအား ကြိုးစားဖော် ထုတ်ကြပုံကို ၂ဝ၁၁ ခုနှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံရိုက်ကူးထား သည့် မှုခင်းအက်ရှင်ဇာတ်ကားတစ်ကားပါ …

    ကြာမြင့်ချိန် နှစ်နာရီနီးပါးခန့် ကြာမြင့်သည့် အဆိုပါဇာတ်ကားကို ၂ဝ၁၅ ခုနှစ်က တရုတ်နိုင်ငံ ပေဂျင်း၊ ယူနန်နှင့် ထိုင်းနိုင်ငံတို့တွင် ရိုက်ကူးခဲ့တာဖြစ်ပြီး Box Office မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ 173 million ကျော် ရရှိခဲ့ပါတယ် …

    Rating အရ ကြည့်မယ်ဆိုလဲ IMDb မှာ 6.7/10 နှင့် Rotten Tomatoes မှာ 86% ရရှိထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုလဲ ဖြစ်ပါတယ် …

     

     

    Translator : aungmyintoo
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 1.1 GB

     

    Duration: 128

    Quality: Blu-ray 720p

    Release:

    IMDb: 6.7

    Avertising
    Operation Mekong ( 2016 )
    Operation Mekong ( 2016 )
    Operation Mekong ( 2016 )
    Operation Mekong ( 2016 )
    Operation Mekong ( 2016 )