မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Ready Player One ( 2018 )

    Ready Player One ( 2018 )

    ကောင်မလေးတွေရဲ့ အသဲစွဲ ဂျပန် အဝင်း ( Morisaki Win ) ရဲ့ Ready Player One လေးထွက်ရှိလို့လာပါပြီ … WEB-DL Ver အကြည်လေး ထွက်ရှိလာလို့ တင်ပေးလိုက်ရပါတယ် … Blu-ray ထွက်ရှိလာတဲ့အခါကျရင်လဲ Update ပေးပါဦးမယ် ….

    ဇာတ်လမ်းအညွှန်းလေးကတော့ –

    သူကခေတ်ရှေ့ပြေးသိပ္ပံဇာတ်လမ်းလေးပါ … 2045 ခုနှစ်ကို မျှော်မှန်းရိုက်ကူးထားတာပါ … ဇာတ်လိုက်မင်းသားလေး ဝေဒီက 2027 မှာမွေးဖွားခဲ့ပြီး လက်ရှိသူနေထိုင်နေတာကတော့ 2045 ခုနှစ် ရဲ့ ကိုလံဘတ်စ်, အိုဟိုင်းရိုမှာ အဒေါ်လင်မယားနဲ့အတူနေထိုင်ပါတယ် …

    2045 ခုနှစ်မှာ ဟယ်လီဒေး နဲ့ မိုဒန်မိုရို လို့ခေါ်တဲ့လူက အိုအေစစ် ပြည်နယ်ကိုအခြေခံပြီး Gregarious Game – အုပ်စုလိုက်ဖွဲ့ကစားရတဲ့ ဂိမ်းလေးကိုတီထွင်ခဲ့တယ် …. ထိုကစားပွဲ ကအင်မတန်မှာကောင်းမွန်လှတယ် …. ကိုယ်ကအပြင်လောကမှာ နေရာတနေရာထဲမှာ ရပ်နေပေမယ့် ကစားပွဲထဲကိုဝင်လိုက်တာနဲ့နေရာမျိုးစုံကို သွားနိုင်တယ် …

    ဒါကြောင့် ဟယ်လီဒေး ကပြောခဲ့တယ် တနေရာထဲနေပြီး ဘာကြောင့်နေရာမျိုးစုံကို မသွားနိုင်ရမှာလဲဆိုပြီးပေါ့ … မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ပြောချင်တာပါ …

    ထိုကစားပွဲတွင် အဓိက သော့ ၃ ချောင်းကို ရအောင်ရှာဖွေနိုင်ရမှာဖြစ်ပါတယ် … ဒီကစားပွဲအတွင်းမှာ ကိုယ်စိတ်ကူးယဉ်တာတွေမှန်သမျှကို တကယ်အကောင်အထည်ဖော်နိုင်အောင် လုပ်လို့ရပါတယ် …

    ဒါကြောင့်လဲ ဆောင်ပုဒ်လေးက “အစစ်အမှန်ကိုခံစားဖို့အဆင့်သင့်ပဲလား” ဆိုတာပါပဲ …

    ဟယ်လီဒေး က ဂိမ်းကိုအဆင့်မြင့်မြင့်အဆင့်အတန်းရှိရှိနဲ့ တီထွင်ခဲ့ပါတယ် … ဒါကြောင့်လဲအောင်နိုင်ဖို့အရမ်းခဲယဉ်းခဲ့ပါတယ် …

    ဂိမ်းတီထွင်ပြီး ၅ နှစ်အတွင်း တယောက်မှအောင်နိုင်သူမရှိခဲ့ပါဘူး …

    ဝေဒီ တို့ နှစ် 2045 မှာတော့ ကစားပွဲရဲ့အောင်နိုင်သူဖြစ်ဖို့ ဘယ်လိုခဲရာခဲစစ် ကြိုးစားခဲ့တာလဲဆိုတာရှုစားလိုက်ကြပါနော်-

    ### ရိုက်ကွက်လေးတွေက မိုက်ချက်ပဲ ကြည့်နေရင်းတောင် ငါကြည့်နေတာ လူကားပါဆိုတဲ့အသိတောင်မေ့မေ့သွားတယ် … မသိရင် Animationကျနေတာပဲ … သူတို့တွေရဲ့ အဗာတာ-ဂိမ်းဇာတ်ကောင်တွေက လန်းလွန်းလို့ပါ ####

    ရုပ်ရှင်က ဂိမ်းရုပ်ရှင်ဆိုတော့ တချို့စာလုံးတွေ က ဂိမ်းအခေါ်အဝေါ်လေးတွေပါတယ် … Spell name တို့ Item name တို့ အဲလိုအသုံးအနှုန်းတွေက အစပါတော့ နဲနဲ ခဲယဉ်းနေတယ် ?? …. အဲ့အတွက် ကြိုတောင်းပန်ထားတာပါ … အမှားပါရင်ခွင့်လွှတ်ပါနော် ??

    Rating အရ IMDb မှာ 7.8/10 နှင့် Rotten Tomatoes မှာ 78% တို့ အသီးသီးရရှိထားပါတယ် …

     

     

    Translator : Kiddo
    Encoder : Ziven
    Quality : WEB-DL
    File Size : 1 GB

     

     

    Duration: 140 min

    Quality: WEB-DL 720p

    Release:

    IMDb: 7.7

    Avertising
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )
    Ready Player One ( 2018 )