မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    Rurouni Kenshin ( 2012 )

    Rurouni Kenshin ( 2012 )

    Rurouni Kenshin ဆိုတာ ရုပ်ရှင်ချစ်ပရိသတ်တွေကြား အထူးတလည်မိတ်ဆတ်ပေးစရာမလိုတဲ့ ကားတစ်ကားဖြစ်မယ်ဆိုတာ သေချာပါတယ် …

    ခရီးသွားဆာမူရိုင်း ဆိုသည့် Anime Series နှင့်လဲ ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်ကားဟာ Manga Artist ဖြစ်တဲ့ Nobuhiro Watsuki ရဲ့ အုပ်ရေပေါင်း သန်း ၇၀ ကျော် ရောင်းရခဲ့တဲ့ Rurouni Kenshin : Meiji Swordsman Romantic Story ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ..

    ဒါရိုက်တာ Keishi Ōtomo က 2012 ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး … Kamen Rider Series ဖြင့် လူသိများလာခဲ့တဲ့ မင်းသား Takeru Satoh က Himura Kenshin နေရာကနေ ပါဝင်သရုပ်ဆောင်ထားခဲ့တာပဲ ဖြစ်ပါတယ် …

    Budget ပေါင်း အမေရိကန် ဒေါ်လာ 20 million သုံးစွဲခဲ့ပြီးတော့ Box Office မှာ အမေရိကန် ဒေါ်လာ 61.7 million ကျော်ထိ ပြန်လည်ရရှိခဲ့ပါတယ် …

    အရည်အသွေးမြင့်တဲ့ ထုတ်လှုပ်မှု quality , သွက်လက်မြန်ဆန်တဲ့ Action ပိုင်းတွေ , အပိုအလိုမရှိတဲ့ ရိုက်ချက်တွေကြောင့် Manga ကို ပြန်လည်အသက်သွင်းတဲ့ Live Action တွေကြား စံပြဇာတ်ကားတစ်ကား ဖြစ်လာခဲ့ရပါတယ် …

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    Himura Battōsai ဆိုတာ Edo ခေတ် ကနေ Meiji ခေတ် အကူးအပြောင်းကာလမှာ နယ်ချဲ့ ( Imperialist ) တွေရဲ့ လက်စွဲ လူသတ်သမားအဖြစ် အလုပ်လုပ်ခဲ့တယ် .. သူ့ရဲ့ မကောင်းဆိုးဝါးလို ခွန်အားမျိုး နဲ့ သွေးအေးရက်စက်တဲ့ အပြုအမူတွေကြောင့် လူတိုင်းက ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရတယ် …

    Boshin War , Toba-Fushimi Battle အပြီးမှာ Satcho မဟာမိတ်အဖွဲ့က အောင်နိုင်ခဲ့ပြီး Meiji ခေတ်ကို စတင်ထူထောင်ခဲ့ပါတယ် … ထိုစစ်ပွဲအပြီးမှာ Himura Battōsai သူ နှုတ်ယူခဲ့တဲ့ လူတွေကို ကြည့်ပြီး နောက်ဘယ်တော့မှ လူထပ်မသတ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ လက်ဆွဲတော် ဓားကို စစ်မြေပြင်မှာပဲ စွန့်လွှတ်ခဲ့ပါတယ် …

    Himura Battōsa တစ်ယောက်ဟာ လူထပ်မသတ်တော့ပဲ အသွားပြောင်းပြန်ဓား ( reverse-blade sword ) ကို ကိုင်ဆောင်ကာ ခရီးသွားဆာမူရိုင်း အဖြစ် လူတွေကို ကူညီပါတော့တယ် ….

    အဲ့လိုနဲ့ Meiji ခေတ် ဖြစ်တည်လာတာ ၁၁ နှစ် ကြာပြီးတဲ့နောက်မှာတော့ Saitō Hajime ဟာ သူ့ရဲ့ တပည့်တပန်းတွေနဲ့ လူသောင်းအလောင်းတွေကို တွေ့ရှိပါတယ် … လူအများစုကတော့ Himura Battōsa လို့ ထင်ကြေးပေးနေကြပေမယ့် Saitō Hajime ကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်တဲ့ Takeda Kanryū မှန်း သံသယရှိနေခဲ့ပါတယ် …

    Himura Battōsa တစ်ယောက် နယ်လှည့်ပြီး တိုကျို ကို ရောက်တဲ့အခါမှာတော့ သူ့ကိုယ်သူ Himura Kenshin လို့ ခေါ်စေခဲ့တယ် … အဲ့လိုနဲ့ ကံအကြောင်းဖန်ပြီး ဒိုဂျိုကျောင်း ပိုင်ရှင်ဖြစ်တဲ့ မိန်းကလေး Kamiya Kaoru နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးသွားခဲ့တယ် …

    အဲ့နောက်မှာတော့ Kenshin တစ်ယောက် မိတ်ဆွေသစ် , သူငယ်ချင်းသစ်တွေနဲ့ တွေ့ဆုံရင်းနှီးပြီး အတိတ်ဆိုးကို ပြည်ဖုံးကားချကာ သူ့နာမည်ကို အလွဲသုံးစားလုပ်ပြီး လူတွေလိုက်သတ်နေတဲ့ ရန်သူသစ်တွေကို လူထပ်မသတ်တော့ဘူးလို့ ချထားတဲ့ သူ့ရဲ့ သဓဌာန် နဲ့ အတူ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် …

    Rating အရ IMDb မှာ 7.1 ထိ ရရှိထားခဲ့တယ့် ဂျပန်ဆာမူရိုင်းဇာတ်ကားလေးပါ …

    ထိုဇာတ်ကားရဲ့ နောက်ဆက်တွဲဖြစ်တဲ့ 2014 ခုနှစ်မှာ ထွက်ရှိထားတဲ့ Rurouni Kenshin : Tokyo Inferno နှင့် Rurouni Kenshin : The Legend Ends ကိုလဲ မကြာခင် တင်ဆက်ပေးသွားပါ့မယ် …

    English ကနေ တိုက်ရိုက်ဘာသာပြန်ဆိုထားတာကြောင့် လွဲချော်မှုရှိခဲ့သော် တောင်းပန်ပါတယ်နော် …

     

     

    Translator : Ziven
    Encoder : Ziven
    Quality : Blu-ray 720p
    File Size : 1 GB

     

     

     

    Duration: 134

    Quality: Blu-ray 720p

    Release:

    IMDb: 7.6

    Rurouni Kenshin ( 2012 )
    Rurouni Kenshin ( 2012 )
    Rurouni Kenshin ( 2012 )
    Rurouni Kenshin ( 2012 )
    Rurouni Kenshin ( 2012 )
    Rurouni Kenshin ( 2012 )