မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
The Mist Season 1 ( 2017 )

The Mist Season 1 ( 2017 )

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ The Mist ဆိုတဲ့ 2017 ခုနှစ်မှာထွက်ရှိလာတဲ့ Eng Series လေး တစ်ခုပါ …

The Mist ဆိုတဲ့ ဇာတ်ကားကတော့ 1980 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ … Stephen King ဆိုတာ ဘယ်သူလဲလို့မေးရင်တော့ 2017 ခုနှစ်မှာပဲ ရုံတင်ခဲ့တဲ့ Horror Movie များထဲက နာမည်ကြီး movie တစ်ခုဖြစ်တဲ့ ” IT ” ဆိုတဲ့ ဇာတ်လမ်းအပြင် တခြားသော နာမည်ကြီး Horror ၀တ္ထုများကို ရေးသားခဲ့တဲ့ နာမည်ကြီး Horror စာရေးဆရာတစ်ယောက်ပါ ( သူ့ကို The King of Horror , The Master of Mystery စသည်ဖြင့်လည်း nicknames တွေ ပေးအပ်ခြင်း ခံရပါသေးတယ် ) … ဒါ့ကြောင့် ဒီဇာတ်လမ်းက ကောင်းမကောင်းဆိုတာကိုတော့ အထူးတလည်ပြောနေစရာ မလိုလောက်တော့ဘူး ထင်ပါတယ် … ဒါ့အပြင် The Mist ဆိုတဲ့ ဇာတ်အိမ်ကိုပဲ 2007 ခုနှစ်မှာ Movie အနေနဲ့ ရိုက်ကူးထားပါသေးတယ် … အဲ့ခေတ်အဲ့အခါတုန်းကလည်း အရမ်းကို နာမည်ကြီး လူကြိုက်များခဲ့ပါသေးတယ် …

ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင် – မြို့က​လေးတစ်​မြို့မှာ ဆယ်​​ကျော်​သက်​အရွယ်​​ကောင်​မ​လေးတစ်​​ယောက်​ Rape အလုပ်ခံရတဲ့ ကိစ္စကနေ အစပြုပြီး … တစ်​မြို့လုံးကို ကံဆိုးမိုး​မှောင်​ကျ​စေတဲ့ မြူ​ခိုးမြူ​ငွေ့​တွေ အုပ်​ဆိုင်းလာပါ​တော့တယ်​ … မြူထဲကို​ရောက်​သွားတဲ့လူတိုင်း ​သေကုန်​ကြတဲ့အချိန်​မှာ​တော့ မြူထဲမှာ ဘာရှိ​နေလည်းဆိုတာကို လူ​တွေ သိချင်​လာပါ​တော့​တယ်​ … သရဲလား? တ​စ္ဆေလား? သားရိုင်းတိရိစ္ဆာန်​​တွေလား? စသဖြင့် အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ ၊ ​ကြောက်​ရွံ့မှု​ပေါင်းများစွာနဲ့ မြူထဲကိုလည်း မထွက်​ရဲပဲ ရှိ​နေကြရပါတယ် … ဒါ့အပြင် ဖုန်းလိုင်း​တွေ​ပျောက်​ လျှပ်​စစ်​မီးပါပြတ်​​တောက်​သွားတဲ့အခါမှာ​တော့ မြို့က​လေးဟာ ကမ္ဘာ​လောကတစ်​ခုလုံးနဲ့ အဆက်​အသွယ်​ပြတ်​တောက်သွားပါ​တော့တယ်​ … အဲ့အခြေအနေကနေ ဘယ်လိုရုန်းထွက်ကြမလဲ မြူထဲမှာဘာတွေရှိနေတာလဲ ဘာကြောင့်မြူတေချက်ချင်းဆိုသလို အုပ်ဆိုင်းလာရတာလဲ စတာတွေကိုတော့ ဇာတ်လမ်းထဲမှ တစ်ဆင့် အဖြေရှာလိုက်ကြရအောင်နော် …

ဒီဇာတ်​ကားမှာ ဆယ်​​ကျော်​သက်​ရွယ်​အချင်းချင်း ​အနိုင်​ကျင့်​ခံရတာ​တွေ ၊ မိဘနဲ့သားသမီးကြားအထင်​အမြင်​လွှဲမှားတာ​တွေ ၊ အုပ်​ထိန်းပုံမှား​တာ​တွေကိုလည်း ကြည့်ရှုရမယ့်​အပြင်​ တကယ့်​အကြပ်​အတည်းထဲ​ရောက်​သွားချိန်​မှာ လူစိတ်​​ပျောက်​ပြီး လူအချင်းချင်း ညှာတာမှု ကင်းမဲ့လာပုံ​တွေကိုပါ ထိတ်​လန့်​သည်းဖိုကြည့်​ရှုကြရမှာပါ …

Rating အရ IMDb မှာ 5.4/10 နှင့် Rotten Tomatoes မှာ 60% တို့ အသီးသီးရရှိထားပါတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုပါ …

 

 

 

Translator : Miss Paing
Encoder : Ziven
Quality : 720p
File Size : 200 MB

 

 

Episode 01 : Openload         Episode 01 : SolidDrive

Episode 02 : Openload         Episode 02 : SolidDrive

Episode 03 : Openload         Episode 03 : SolidDrive

Episode 04 : Openload         Episode 04 : SolidDrive

Episode 05 : Openload         Episode 05 : SolidDrive

Episode 06 : Openload         Episode 06 : SolidDrive

Episode 07 : Openload         Episode 07 : SolidDrive

Episode 08 : Openload         Episode 08 : SolidDrive

Episode 09 : Openload         Episode 09 : SolidDrive

Episode 10 : Openload         Episode 10 : SolidDrive

 

 

= = = = = THE END = = = = =

 

 

 

Views: 2592

Genre: DramaSci-Fi & Fantasy

Director:

Studio:

TV Status: Canceled

Duration: 40,60 min

Release:

TMDb: 5.5

Country:

Networks:

Starring: Alyssa Sutherland, Danica Curcic, Darren Pettie, Frances Conroy, Gus Birney, Luke Cosgrove, Morgan Spector, Okezie Morro, Russell Posner,

Avertising
The Mist Season 1 ( 2017 )
The Mist Season 1 ( 2017 )
The Mist Season 1 ( 2017 )
The Mist Season 1 ( 2017 )
The Mist Season 1 ( 2017 )
The Mist Season 1 ( 2017 )
The Mist Season 1 ( 2017 )