မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
4
BoredFineGoodAmazingExcellent
Loading...
Time ( 2018 )

Time ( 2018 )

MBC ရုပ်သံလိုင်းကနေ အသစ်ထုတ်လွှင့်တဲ့ Time drama series လေးလာပါပြီနော်….

ဂျူလိုင် ၂၅ရက်နေ့မှာ စတင်ထုတ်လွှင့်တာဖြစ်ပြီး

အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့ ကိုရီးယားစံတော်ချိန် ည ၁၀နာရီ (မြန်မာစံတော်ချိန် ည၇နာရီခွဲ) မှာ ပြသမှာဖြစ်ပါတယ်….

တစ်ပိုင်းကို ၃၅မိနစ်နဲ့ တစ်နေ့ ၂ပိုင်း ပြသမှာဖြစ်ပြီး

ဇာတ်ဆောင်တွေနဲ့ ဇာတ်လမ်းအကျဉ်းလေးကတော့….

W Group ဆိုတဲ့လုပ်ငန်းစုကြီးရဲ့ သူဌေးသားဖြစ်တဲ့အပြင် ကိုယ်ပိုင်စားသောက်ဆိုင်ပိုင်ရှင် CEO ချွန်းဆူဟို (Kim Jung Hyun)

ချွန်းဆူဟိုဟာသူဌေးကြီးရဲ့အငယ်အနှောင်းသားဆိုပြီး အမြဲနာမည်အတပ်ခံရတဲ့အတွက် အေးတိအေးစက် မှုံကုပ်ကုပ်နဲ့ရိုင်းတိရိုင်းစိုင်းဂျစ်ကန်ကန်ဖြစ်နေသူတစ်ယောက်ပါ……

ဒါ့အပြင် သူဟာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့သူတစ်ယောက်လည်းဖြစ်ပါတယ်…

တစ်ဖက်မှာတော့ ဆောဂျီဟွန်း (Seohyun-SNSD)က မိသားစုကိုကြိုးစားပမ်းစားလုပ်ကိုင်ရှာဖွေကျွေးမွေးနေပြီး အပြုသဘောဆောင်တွေးခေါ်ပြုမူတတ်သူလေးတစ်ယောက်ပါ…..

သူမဟာစားဖိုမှူးတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီးတစ်နေ့တစ်ချိန်မှာ ပြင်သစ်ကိုခရီးထွက်နိုင်ဖို့အိပ်မက်မက်နေသူလေးလည်းဖြစ်ပါတယ်….

” Time ” drama လေးဟာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့တဲ့ ကောင်လေး (ချွန်းဆူဟို)ဟာ သူ့လက်ကျန်အချိန်တွေကို သူ့ကြောင့် ဘဝ ကမောက်ကမဖြစ်ကုန်မဲ့ ကောင်မလေး (ဆောဂျီဟွန်း) ကိုကူညီရင်း ကုန်ဆုံးရမဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ…..

ဆောဂျီဟွန်းလေးကလည်း အစားသောက်တွေ ချက်ပြုတ်ရတာကို နှစ်သက်ပြီး အများတကာနဲ့ အလွယ်တကူခင်မင်ဖော်ရွေစွာနေတတ်တဲ့ ကောင်မလေးအဖြစ်ကနေ ရုတ်တရက် သူမရဲ့ ညီမငယ်လေး ဆုံးသွားပြီး                     သူမရဲ့ အချိန်တွေဟာ အဲ့နေရာမှာပဲ ရပ်တန့်သွားတဲ့အခါမှာတော့………

မင်သားက သူမဘဝ ကမောက်ကမဖြစ်အောင် ဘယ်လိုအခန်းကဏ္ဍက ပါဝင်ထားပြီး အချိန်တွေ နောက်ပြန်လှည့်ပစ်ချင်တဲ့အထိ သူ့ရဲ့အရာရာနဲ့ ဘယ်လိုပြန်ပေးဆပ်ကူညီလေမလဲ……

မင်းသမီးလေးကရော ပြောင်းလဲကုန်တဲ့ ကြံ’ကမ္မာကို ဘယ်လိုရင်ဆိုင်ရမလဲ……

မင်းသားနဲ့ ဘယ်လိုတွေ ဆုံတွေ့ပတ်သတ်ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာသာ ဆက်လက်ကြည့်ရှုကြပါနော်…….

အဆို ၊ အက ၊ သရုပ်ဆောင် ဘက်စုံတော်တဲ့ SNSD ရဲ့အငယ်ဆုံး ပရိသတ်တွေရဲ့အသည်းကျော်လေး Seohyunဟာ ဒီ drama လေးမှာ သူ့ရဲ့အခန်းကဏ္ဍကို အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ တစ်ခြားသူတွေချက်ပြုတ်တာတွေကိုကြည့်ပြီး ကိုယ်တိုင်လည်း အချက်အပြုတ်တွေ လေ့ကျင့်ထားပါတယ်တဲ့……..

ဒါ့အပြင် အေးတိအေးစက်နဲ့ မှုံကုပ်ကုပ်ဇာတ်ရုပ် သရုပ်ဆောင်ရမဲ့ မင်းသားကလည်း ဇာတ်ရုပ်ပီပြင်စေဖို့ ဇာတ်ကောင်mood လေး အမြဲသွင်းထားတာမို့ အပြင်မှာပါ ဆူပုတ်ပုတ်ရုပ်လေးဖြစ်သွားတာကို စိတ်ဆိုးအမျက်မရှဘဲ ဇာတ်လမ်းအတွက်လို့တွေးပြီး ခွင့်လွှတ်ပေးလိုက်ကြပါနော်………..

ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းတဲ့အပြင် သရုပ်ဆောင်တွေကပါ အကောင်းတကာ့အကောင်းဆုံး ကြိုးစားထားကြတာမို့ ကြည့်ရှုသူတွေကို ကျေနပ်စေနိုင်မှာပါ……..

စားဖိုမှူး ဂျီဟွန်း လေးနဲ့ ဂျစ်တူး CEO ချွန်းဆူဟို တို့ကို MMATV နဲ့ အတူအားပေးကြရအောင်နော် သူငယ်ချင်းတို့ရေ…………

 

 

 

Reviewed by May Zun Aung
Translators:May Zun Aung,HMN,May Sit Min & Phone Min Khant
Encoder:Sandar Lwin
MMATV Pageမှတင်ဆက်သည်

 

Episode 1+2 : Openload         Episode 1+2 : SolidDrive

Episode 3+4 : Openload         Episode 3+4 : SolidDrive

Episode 5+6 : Openload         Episode 5+6 : SolidDrive

Episode 7+8 : Openload         Episode 7+8 : SolidDrive

  Episode 9+10 : Openload         Episode 9+10 : SolidDrive

  Episode 11+12 : Openload        Episode 11+12 : SolidDrive

  Episode 13+14 : Openload          Episode 13+14 : SolidDrive

Views: 27429

Genre: DramaRomance

Director:

TV Status: Ongoing Series

Duration: 35 min

Release:

TMDb: 7

Country:

Networks:

Starring: Choi Jong-Hwan, Hwang Seung-Eon, Jeon Soo-kyung, Joe Byeong-Gyu, Kim Hee-jung, Kim Jun-han, Kim Jung-hyun, Seo Hyun-woo, Seohyun, Yoon Ji-won,

Time ( 2018 )