မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
Untouchable Lovers ( 2018 )

Untouchable Lovers ( 2018 )

2018အစမှာထွက်ရှိလာတဲ့ Untouchable Lovers ဆိုတဲ့ series လေးကတော့ Tianyi Youfenng ရဲ့ Feng Qui Huang ဆိုတဲ့ ဝတ္ထုကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်….

**Review**
လျိုကျိယဲ့ မင်းသား နန်းတက်လာသည့်အချိန်….လျိုကျိယဲ့ဟာ အသက်ငယ်ရွယ်ပြီးတရားလက်လွတ်နိုင်ထက်ကလူပြုတဲ့ မင်းတစ်ပါးဖြစ်တာကြောင့် တိုင်းသူပြည်သားတွေအနေနဲ့ ကြောက်လန့်နေကြရတယ်

ဒါ့ကြောင့် ထျင်ကျန်းဂိုဏ်းဟာ လျိုကျိယဲ့ကို ဖယ်ရှားဖို့အတွက် လျိုကျိယဲ့ရဲ့အချစ်ဆုံးအစ်မဖြစ်တဲ့ လျိုချူယွဲ့နဲ့ ရုပ်ဆင်တဲ့ ထျင်ကျန်းဂိုဏ်းရဲ့ တပည့်ဖြစ်သူ ကျိုးချွယ့်ကို အစားထိုးဝင်ရောက်ခိုင်းခဲ့တယ်….

ကျိုးချွယ့်ဟာ မင်းသမီးအနေနှင့်ဟန်ဆောင်နေရင်းမင်းသမီးရဲ့ အယုံကြည်ရဆုံးကိုယ်လုပ်တော်
တစ်ယောက်ဖြစ်တဲ့ ယုံးကျီနဲ့ တွေ့ဆုံခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွယ်လာကြတယ်…

တကယ်တော့ ယုံးကျီက မြောက်ပိုင်းဝေ နိုင်ငံရဲ့ သူလျိုအနေနဲ့ ရောက်လာတဲ့သူ..

ယုံးကျီနဲ့ ကျိုးချွယ့်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အထင်လွှဲမှုတွေ နိုင်ငံရေးခံယူချက် မတူညီမှုတွေ…

ပြီးတော့ ကျိုးချွယ့်ရဲ့ ခွင့်လွှတ်မှုရဖို့ ယုံးကျီက သေဟန်ဆောင်ခဲ့တာတွေကြောင့် ကွဲသွားကြပြီး နှစ်ယောက်စလုံးက မတော်တဆ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရပြန်တယ်…

နောင် ၅ နှစ်ကြာတဲ့အချိန်…လျိုချူယွဲ့ကို ဝေနိုင်ငံရဲ့မင်းသားဖြစ်တဲ့ ယုံးကျီနဲ့ လက်ဆက်ဖို့ စေလွှတ်ခြင်းခံရတဲ့အချိန်မှာတော့….

လျိုချူယွဲ့ လို့ပဲသိနေတဲ့ ကျိုးချွယ့်ကရော အတိတ်ကို ပြန်မှတ်မိလာမှာလား…

ယုံးကျီကရော သူချစ်ခဲ့ဖူးတဲ့ ကျိုးချွယ့်ကို ပြန်သတိရလာဦးမှာလား..

ဒါမှမဟုတ် အတိတ်ကိုမမှတ်မိတော့ပဲနဲ့ နောက်ထပ်တစ်ဖန် ပြန်ချစ်ဦးမှာလား…

ယုံးကျီက ဝေနိုင်ငံရဲ့ မင်းသားဖြစ်တာကြောင့် ကျိုးချွယ့်ကရော တစ်ခြားမောင်းမတွေနဲ့ ဘယ်လိုရင်ဆိုင်ရဦးမလဲ…ဆိုတာတွေကို သိချင်ရင်တော့
ဒီ series လေးမှာပဲ ကြည့်လိုက်ရအောင်နော်…

ပါဝင်ထားတဲ့ မင်းသား မင်းသမီးတွေ အားလုံးက အရမ်းကြည့်ကောင်းပြီး နိုင်ငံနှစ်ခုရဲ့ ဝတ်စားဆင်ယင်မှုတွေကို တွေ့ရမှာ ဖြစ်တာကြောင့်မို့ အေးအေးလေးနဲ့ နန်းတွင်းအချစ်ကားလေးကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်….

အပိုင်း ၅၂ ပိုင်းထုတ်လွှင့်မှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ cast တွေကတော့…
ယုံးကျီအဖြစ် Song Wei Long(Long For Love)
ကျိုးချွယ့်/လျိုချူယွဲ့ အဖြစ် Guan Xiaotng(Love of Aurora, Novoland-the castle in the sky )တို့ကပါဝင်ထားကြပါတယ်

 

 

Reviewed by Koizora

Translated by Koizora,March Min & Nan Eain Sandar
Encoded by Sandar Lwin
Quality: 720p
File size: around 350-400MB
MMATV Channelမှတင်ဆက်သည်

    Episode 01 : Openload    Episode 01 : SolidDrive

  Episode 02 : Openload    Episode 02 : SolidDrive

    Episode 03 : Openload    Episode 03 : SolidDrive

    Episode 04 : Openload    Episode 04 : SolidDrive

    Episode 05 : Openload    Episode 05 : SolidDrive

  Episode 06 : Openload    Episode 06 : SolidDrive

  Episode 07 : Openload    Episode 07 : SolidDrive

Episode 08 : Openload    Episode 08 : SolidDrive

 Episode 09 : Openload    Episode 09 : SolidDrive

  Episode 10 : Openload    Episode 10 : SolidDrive

Views: 2206

Genre: FantasyHistoricalRomanceWuxia

Director: , ,

TV Status: Completed

Duration: 45 mins min

Release:

Country:

Starring: Guan Xiaotng, Hong yao, Lusi Zhao, Song Wei Long, Zhang Yi Jie,