မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    The Purple Plain ( 1954 )

    The Purple Plain ( 1954 )

    ခရမ်းရောင်လွင်ပြင် (ခ) The Purple Plain

    ဒီရက်ပိုင်း Facebook Newsfeed ပေါ် ခဏခဏ တက် တက်လာတာ မြင်တွေ့နေရတာနဲ့ပဲ မကြည့်ရသေးတဲ့ ပရိသတ်တွေအနေဖြင့် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ် …

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄ နှစ်က ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသားကြီး ” Gregory Peck ” နှင့် မြန်မာပြည်ဖွား ပဲခူးသူ မင်းသမီးချော ” ဝင်းမင်းသန်း ” တို့က The Purple Plain ဆိုတဲ့ ဇာတ်ကားကို တွဲဖက်ရိုက်ကူးခဲ့ပါတယ် …

    ထိုခေတ်အခါက England နှင့် American ထုတ် သတင်းစာအသီးသီးက ဗမာ့အမျိုးသမီးလေး ဝင်းမင်းသန်း ရဲ့ ကျက်သရေရှိလှသော မြန်မာဆန်ဆန်အလှ နှင့် လေးစားအတုယူဖွယ် မြန်မာ့ယဉ်ကျေးမှုကို စောင့်ထိန်းသောသူလေးအဖြစ် အမျိုးမျိုး ချီးကျူး၍ ရေးသားခဲ့ကြပါတယ် … မြန်မာပြည်မှ အမျိုးသမီးတစ်ယောက် ယခုလို ကမ္ဘာ့အလည်မှာ ချီးကျူးခံ ခဲ့ရတယ်ဆိုတာ မြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာတစ်ရပ်လဲ ဖြစ်ခဲ့ပါတယ် …

    ဇာတ်လမ်းအကျဉ်းလေးကတော့ –

    မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ်ပြီးကာစအချိန် … Canadian တော်ဝင်လေတပ်က လေယာဉ်မှူး ဖော်ရက်စတာ ( Gregory Pack ) က လူ့ဂွစာတစ်ယောက်ပါ … အတိတ်က ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးကို ပြည်ဖုံးကားချပြီး ရုန်းမထွက်နိုင်သူတစ်ယောက်လဲ ဖြစ်ပါတယ် …

    သူ့ရဲ့ တဇွတ်ထိုးလုပ်ကိုင်မှုတွေကြောင့် အထက်အရာရှိက သူ့ကို ထုတ်ပစ်ဖို့တွေးနေတဲ့အချိန်မှာ … တပ်ဆရာဝန် ဒေါက်တာ ဟဲရစ် က သူ့ကို စိတ်အပြောင်းအလဲဖြစ်အောင် ရွာလေးတစ်ရွာကို ခေါ်သွားခဲ့ပါတယ် … အဲ့နောက်မှာ အန်နာ ( Win Min Than ) နဲ့ တွေ့ဆုံပြီး ဘဝကို အသစ်တစ်ဖန် ပြန်လည်ရှင်သန်လိုစိတ်တွေ ပေါ်ပေါက်လာခဲ့ပါတယ် …

    The Purple Plain ဆိုတဲ့ ဇာတ်ကားဟာဆိုရင်ဖြင့် 1954 ခုနှစ် ဗြိတိန်မှာ လူကြိုက်အများဆုံးဇာတ်ကားထဲက တစ်ကားဖြစ်ခဲ့ပြီး Box Office မှာလဲ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ခဲ့ပါတယ် …

    ဘက်ဂျက် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂ သန်းခန့် သုံးစွဲ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး 1955 ခုနှစ် BAFT Awards မှာလဲ Best British Actor , Beat British Film , Best British Screenplay နှင့် Best Film ဆိုပြီး Nominee 4 ခု ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုလဲ ဖြစ်ပါတယ် …

    ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေအတွက်တော့ လွန်ခဲ့နှစ်ပေါင်း ၆၄ နှစ်က မြန်မာအမျိုးသမီးကြီး အန်တီ ဝင်းမင်းသန်း ရဲ့ ကျက်သရေအပေါင်း ခညောင်းပုံ , မြန်မာဆန်ဆန်အလှတို့ကိုသာမက နှစ် ၆၀ ကျော်က Hollywood ရဲ့ ရုပ်ရှင်အဆင့်အတန်းကိုပါ ဗဟုသုတ တစ်ရပ်အဖြစ် ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်မိပါတယ် …

    1954 ခုနှစ်က ဇာတ်ကားဖြစ်တာကြောင့် ရုပ်ထွက်မကောင်းမှာကို စိတ်မပူပါနဲ့ အကောင်းဆုံး Blu-ray Quality ကို ရှာပြီး Encode လုပ်ပေးထားပါတယ်နော် …

    The Purple Plain ဟာဆိုရင်ဖြင့် IMDb မှာ 6.6/10 နှင့် Rotten Tomatoes မှာ 60% အသီးသီး ရရှိထားခဲ့ပါတယ် …

     

     

    Translator : Sotari
    Encoder : Ziven
    Quality : Blu-ray 720p
    File Size : 967 MB

     

     

    Duration: 100

    Quality: Blu-ray 720p

    Release:

    IMDb: 6.6

    The Purple Plain ( 1954 )
    The Purple Plain ( 1954 )
    The Purple Plain ( 1954 )