မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
The Snow Queen 2 : Refreeze ( 2014 )

The Snow Queen 2 : Refreeze ( 2014 )

Snow Queen 2 : Refreeze လို့အမည်ရတဲ့ ကာတွန်းကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်!! ဇာတ်ကားအစပိုင်းမှာ Snow Queen 1 ( 2012 ) တုန်းက ဇာတ်လမ်းအကြောင်းလေးကိုနဲနဲပြောပြထားတယ် …

အဲဒီအပိုင်းမှာတော့ နှင်းဧကရီဟာ မှင်စာတိုင်းပြည်ကို ရေခဲအောင်လုပ်ခဲ့ပြီး အုမ်းဆိုတဲ့မှင်စာတစ်ကောင်ကိုဘဲ သူ့အခိုင်းအစေအဖြစ်မွေးထားခဲ့တယ် … နှင်းဧကရီရဲ့ခိုင်းစေမှုနဲ့ အုမ်းဟာ ဂျန်ဒါဆိုတဲ့လူသားမိန်းကလေးတစ်ယောက်အနားကပ်ခဲ့ရတယ် … နောက်ပိုင်းမှာ အုမ်းက ဂျန်ဒါနဲ့ သူငယ်ချင်းဖြစ်ပြီး အသိတရားပြန်ရခဲ့တယ် … အဲ့ဒီနောက် ဂျန်ဒါရဲ့ဦးဆောင်မှုနဲ့ နှင်းဧကရီကိုပြန်လည်တိုက်ခိုက်ခဲ့တယ်!! မှင်စာတိုင်းပြည်ကိုလည်း ပြန်လည်ကယ်တင်ခဲ့တယ်… ဒါကတော့ Snow Queen 1 တုန်းကအကြောင်းကိုအကျဉ်းချုပ်ပြောပြထားတာပေါ့နော် ….

အခု Snow Queen 2 မှာတော့ အုမ်းဟာ သူနှင်းဧကရီဆီမှာ လုပ်ခဲ့တဲ့အကြောင်းကိုပြန်တွေးပြီး အမြဲတမ်းရှက်ရွံ့နေခဲ့တယ် … မှင်စာတိုင်းပြည်မှာပဲနေခဲ့တဲ့အုမ်းဟာ သူ့အဘွားကိုပြုစုရင်း မိုင်းတွင်းတစ်ခုမှာ ဝင်အလုပ်လုပ်တယ် … ဒါပေမယ့် အုမ်းဟာ နောက်ဆုံးမှာ အကြွေးတွေတင်ပြီး နေအိမ်ဆုံးရှုံးတော့မယ့်အခြေအနေထိကိုရောက်ခဲ့ရတယ် … အဲ့ဒီလိုနဲ့ အုမ်းဟာ သူ့ရဲ့အကြွေးတွေ ကျေဖို့နဲ့ သူ့အဘွားကြောင့် မှင်စာတိုင်းပြည်က မင်းသမီးကြင်ယာတော်ပြိုင်ပွဲမှာလိမ်ညာပြီး ဝင်ပြိုင်ခဲ့တယ် … ဒီအချိန်မှာဘဲ ဂျန်ဒါကလည်း အုမ်းအခက်အခဲဖြစ်နေတယ်ဆိုတာကို သူတို့ဆက်သွယ်ရင်းကနေ ရိပ်မိလို့ မှင်စာတိုင်းပြည်ကိုလာခဲ့တယ်!!

ဒါပေမယ့်အုမ်းဟာ ကြင်ယာတော်ပြိုင်ပွဲမှာ သူဟာနှင်းဧကရီကိုတိုက်ခိုက်ခဲ့တဲ့တစ်ဦးတည်းသော သူရဲကောင်းပါလို့ လိမ်ညာပြောလိုက်တယ်!! အဲဒါကို ဂျန်ဒါက ကြားသွားပြီး အုမ်းနဲ့ရန်ဖြစ်ပြီး သူ့တိုင်းပြည်ကို ပြန်သွားခဲ့တယ်!! အဲဒီအချိန်မှာဘဲ နှင်းဘုရင်ဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင် ထွက်ပေါ်လာပြီး နှင်းဧကရီတုန်းကလိုဘဲ မှင်စာတိုင်းပြည်ကိုတိုက်ခိုက်ခဲ့တယ်!! ဘယ်လိုပြန်ခုခံရမလဲကိုမသိတဲ့အုမ်းဟာ ဂျန်ဒါကို ပြန်အကူအညီတောင်းခဲ့တယ်!!

အဲဒီအချိန်မှာ ဂျန်ဒါက ပြန်ကူညီမှာလား??? အုမ်းက နှင်းဘုရင်ကို တစ်ယောက်တည်းပြန်တိုက်ခိုက်မှာလား??? မှင်စာတိုင်းပြည်ကရော နောက်ပိုင်းဘယ်လိုဖြစ်သွားမှာလဲ??ဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကို ဆက်ကြည့်ပေးပါနော်!!!

ဇာတ်ကားလေးက သူငယ်ချင်း၂ယောက်ကြားမှာထားရှိတဲ့ ၅၂၈ မေတ္တာနဲ့ မြေးတစ်ယောက်က အဘွားတစ်ယောက်အပေါ်ထားရှိတဲ့ မေတ္တာတရားတို့ကိုရည်ညွှန်းထားတာဖြစ်ပါတယ်!! နောက်ပြီးတော့ အခက်အခဲတွေ ကြုံလာတဲ့အချိန် အလွယ်တကူ ဖြေရှင်းလိုက်တဲ့အခါ နောက်ပိုင်း ပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ပြောပြထားပါသေးတယ်!!

Rating အရ IMDb မှာ 6.2/10 ရရှိထားတဲ့ Adventure , Fantasy , Family , Animation ဇာတ်ကားကောင်းလေးတစ်ခုပါ ….

Translator : KTZT
Encoder : Ziven
Quality : Blu-ray 720p
File Size : 835 MB

 

 

 

Duration: 138

Quality: Blu-ray 720p

Release:

The Snow Queen 2 : Refreeze ( 2014 )
The Snow Queen 2 : Refreeze ( 2014 )
The Snow Queen 2 : Refreeze ( 2014 )
The Snow Queen 2 : Refreeze ( 2014 )