မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    The Snow Queen 3 : Fire and Ice ( 2016 )

    The Snow Queen 3 : Fire and Ice ( 2016 )

    Animation ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးမယ်နော် … နှင်းဘုရင်မ နဲ့ နှင်းဘုရင်ကိုချေမှုန်းပေးခဲ့တဲ့ ဂါဒါ နဲ့ ခိုင် ဆိုတဲ့မိဘမဲ့မောင်နှမနှစ်ယောက်နဲ့ပဲ ဇာတ်လမ်းလေးစလိုက်ရအောင် … ဂါဒါမှာအိပ်မက်တခုရှိတယ်သူမ မိဘတွေကိုရှာတွေ့ဖို့ပေါ့ …

    သူမမိဘတွေကမြောက်ဘက်ကတိုက်ခတ်တဲ့လေမုန်တိုင်းတခုကြောင့်သူတို့မိသားစု ဝေးကွာခဲ့ရတယ် … ထိုအချိန်တုန်းက Trolls လို့ခေါ်တဲ့ရုပ်ဆိုးကောင်မှင်စာလေးတွေရှိခဲ့ကြတယ် … သူတို့တွေကတချိန်တုန်းကနှင်းဘုရင်မရဲ့အစေခံတွေဖြစ်ခဲ့ဘူးတယ် …

    ဂါဒါနဲ့ခိုင်မောင်နှမနှစ်ယောက်က အွန်လို့ခေါ်တဲ့ရုပ်ဆိုးမှင်စာလေးအိမ်ကိုသွားခည်ပတ်ခဲ့ရင်းက ဇာတ်လမ်းစခဲ့ပါတယ် … သွားလည်နေချိန်မှာ ရိုလန်လို့ခေါ်တဲ့ကောင်လေး တယောက်နဲ့ခင်ခဲ့တယ် … မောင်နှမနှစ်ယောက်စကားများရန်ဖြစ်ရင်းလမ်းခွဲခဲ့ကြတယ် … ထိုအချိန် ဂါဒါဘေးမှာရိုလန်ပဲရှိခဲ့တယ် …

    ရိုလန်ကလဲ ဂါဒါကို ဆုတောင်းကျောက်တုံးအကြောင်း ပြောပြရင်းနှစ်ယောက်သားရှာဖွေဖို့ဆုံးဖြတ်ခဲ့ကြတယ် … ရှာဖွေနေစဉ်ကာလမှာပဲ ရိုလန် နဲ့ ဂါဒါတို့တားမြစ်ထားတဲ့နေရာတွေရောက်ခဲ့ပြီး မထိသင့်တဲ့အရာတခုကို ထိမိတဲ့အချိန်မှာ ….

    ရိုလန် နဲ့ ဂါဒါက ပုံမှန်လူတွေမဟုတ်တော့ပဲ ကျိန်စာမိခဲ့ပြီးမီးဘုရင် နဲ့ နှင်းဘုရင်မ အဖြစ် ပြောင်းလဲသွားခဲ့တယ် … ထိုပြောင်းလဲမှုဟာ ကောင်းသောပြောင်းလဲဖြင်းမဟုတ်ဘဲ အသက်အန္တရာယ်ကိုထိပါးလာသော်အခါ …

    ရိုလန် နဲ့ ဂါဒါ ကနှင်းဘုရင်မရဲ့အစေခံဖြစ်ခဲ့ဘူးတဲ့ ရုပ်ဆိုးကောင် အွန် ဆီသွားပြီးနည်းလမ်းတောင်းဖို့ဖြစ်လာခဲ့တယ် … သူတို့သုံးယောက်ဒီကျိန်စာကိုပယ်ဖျက်နိုင်မှာလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော် …

    ၅၂၈ မေတ္တာကို ဖော်ကြူးထားတာကို အထင်သားတွေ့မြင်ရမှာပါ … ၁၅၀၀ မေတ္တာကို စွဲလမ်းခဲ့လို့ လမ်းမှားရောက်ခဲ့တဲ့ ဂါဒါ ကို လည်း တွေ့မြင်ရမှာ ဖြစ်ပါတယ် …

    Rating အရ IMDb မှာ 6.7/10 ရရှိထားတယ့် science fiction , adventure , family , animation ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါ ….

    Translator : Kiddo
    Encoder : Ziven
    Quality : Blu-ray 720p
    File Size : 806 MB

     

     

    Avertising
    The Snow Queen 3 : Fire and Ice ( 2016 )