မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
The Stray ( 2017 )

The Stray ( 2017 )

ဒီတစ်ခါကတော့ လူသားတွေနှင့်ခွေးလေးတစ်ကောင်ရဲ့
အကြောင်းကိုဖော်ကြူးရိုက်ကူးထားတဲ့ movieလေးပါ

ပြီးတော့ဒီရက်ပိုင်း FBတွေ့နေရတဲ့ခွေးလေးတွေအပေါ်
အရမ်းရက်စက်တဲ့လုပ်ရပ်တွေကိုကြည့်ပြီး

ခွေးလေးတွေဟာလူသားတွေအတွက်အကောင်းဆုံးအဖော်မွန်ပါ …

မိတ်ဆွေကောင်းဖြစ်ကြောင်းဒီကားလေးကြည့်ပြီးရင်ခံစားမိမှာပါ …

သီးခြားခွေးလေးတစ်ကောင်ဖြစ်တဲ့ ခွေးလေးပလူတိုနဲ့ မစ်ခ်ျဒေးဗစ် တို့မိသားစုရဲ့ ဒရမ်မာ မိသားစုဆန်ဆန် ဖြစ်ရပ်မှန်ဇတ်လမ်းကောင်းလေးတစ်ပုဒ်ပါဗျ

ဇာတ်လမ်းလေးကတော့ –
ဒေးဗစ်၏်သားဖြစ်သူ ခရစ်ရှန်ရဲ့ မူလတန်းကျောင်းကစားကွင်းမှာ အနိုင်ကျင့်ခံရချိန်မှာဘယ်ကမှန်းမသိတဲ့ခွေးလေးတစ်ကောင် ရောက်လာခဲ့ ပြီး သူ့ကိုကယ်တင်ပေးခဲ့ပါတယ်

သမီးငယ်လေး ကင်ဆေးဘက်ဂ် ဆော့ကစားရင်း
ပျောက်ဆုံးခဲ့ချိန်မှာလဲခွေးလေးပလူတိုကရှာတွေ့ခဲ့ပြန်ပါတယ်

ဒေးဗစ်နဲ့အတူ အချိန်တွေကုန်ဆုံးပေးတယ် မိသားစုအပေါ်စောင့်ရှောက်ပေးတယ် ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ဒေးဗစ်ဟာအလုပ်ကြိုးစားသူတစ်ယောက်ဖြစ်တာမို့မိသားစုနဲ့တော့အနည်းငယ်အဆင်မပြေခဲ့ပါဘူး

အချိန်လုံလုံလောက်လောက်မပေးနိုင်ခဲ့ပါဘူး နောက်တော ဒေးဗစ်တို့ မိသားစုဟာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုကို ရွှေ့ပြောင်းခဲ့ကြပါတယ်
သားဖြစ်သူခရစ်ရှန်အတွက်ကျောင်းမဖွင့်ခင်အသိမိတ်တွေရစေချင်တာတဖြစ်လဲ

မိသားစုအပေါ်အချိန်ကုန်ဆုံးပေးချင်တာတဖြစ်လဲ အိမ်နီးချင်းတွေနဲ့ တိုင်ပင်ပြီး သူတို့သားသမီးတွေနဲ့ အတူ စခန်းချတောင်တက်ခရီးထွက်ခဲ့ကြပါတယ်

ညဘက်အရောက်မှာတော့မုန်တိုင်းကျပြီးနားခိုရာရွက်ဖျင်တဲတစ်ခုလုံးမိုးကြိုးလျပ်စီးတွေရိုက်ခတ်ခဲ့ပါတယ် အနာတရအနဲငယ်စီဖြစ်ခဲ့ကြတဲ့အခါမှာတော့

ဘယ်လိုတွေဆက်ဖြစ်ကြမလဲ
ဒုက္ခရောက်တိုင်းကူညီပေးနေတဲ့ ပလူတိုကကော ကူညီကာကွယ်ပေးနိုင်မလားတော့………???

လူသားနဲ့ ခွေးလေးတွေအကြား မေတ္တာတရားကိုလဲ သုံးသပ်နိုင်မှာဖြစ်သလို ဝမ်းနည်းဝမ်းသာ ဒရမ်မာ ဒဿန မိသားစုဆန်ဆန် ရသတွေပေးစွမ်းနိုင်ပါသော ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ….

Rating မှာလည်း IMDb5.3/10ထိရရှိထားတဲ့ကားလေးပါ …

 

Translator : Nyein Chan Kyaw
Encoder : Sandar Lwin
Quality : 720p
File Size : 895 MB

Duration: 92

Quality: Blu-ray 720p

Release:

IMDb: 5.2

The Stray ( 2017 )