မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent
    Loading...

    This Is Not What I Expected ( 2017 )

    This Is Not What I Expected ( 2017 )

    တရုတ်ဟာသဇာတ်လမ်းများကို သဘောကျ နှစ်ခြိုက်သူများအတွက် ဒီနေ့မှာတော့ That Is Not What I Expected ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ … 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Lan Baise ရေးသားထားတဲ့ Finally I Get You ဆိုတဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ပြီး ဒါရိုက်တာ Derek Hui က ရိုက်ကူးထားခဲ့တာဖြစ်ပါတယ် …

    အဓိက သရုပ်ဆောင်တွေအဖြစ် Japanese-Taiwanese Actor တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး Takeshi Kaneshiro က ပါဝင်သရုပ်ဆောင်ထားပြီး Soul Mate , Never Said Goodbye အစရှိတဲ့ ရုပ်ရှင်များမှာ မြန်မာပရိသတ်တွေကြား လူသိများခဲ့တဲ့ တရုတ်မင်းသမီးချောလေး Zhou Dongyu တို့ က ပါဝင် အားဖြည့်ထားပါတယ် …

    ဇာတ်လမ်းလေးကတော့ လူငယ်ပရိသတ်တွေအကြိုက် ပေါ့ပေါ့ပါးပါးလေးပါပဲ … ဇာတ်လမ်းလေးအကြောင်း အကျဉ်းချုံးပြောရမယ်ဆိုရင် …

    ၂၉ နှစ်အရွယ် ဂူရှင်းနမ် ဆိုတဲ့ ကောင်မလေးဟာ ဟိုတယ်တစ်ခုက အနောက်တိုင်းစားသောက်ဆိုင်တစ်ခုရဲ့ စားဖိုမှူးတစ်ယောက်ပါ … ဒါ့အပြင် သူဟာ ထိုဟိုတယ်ရဲ့ မန်နေဂျာတစ်ဦးနဲ့ ချစ်သူရည်းစားလဲ ဖြစ်နေပါသေးတယ် … ကောင်မလေးချောချောလေးတွေ နဲ့ ကြည်နူးနေတတ်တဲ့ မန်နေဂျာက ဂူရှင်းနမ်နဲ့ သူရဲ့ ပတ်သက်မှုကို အလုပ်အကြောင်းပြလျှိုဝှက်ထားခဲ့ပါတယ် …

    တစ်နေ့ ဂူရှင်းနမ် တို့ အလုပ်လုပ်တဲ့ ဟိုတယ် ကို VN Group ရဲ့ CEO လုဂျင် ဆိုပြီး နာမည်ကြီးသူဌေး အစားအသောက် အရမ်းကြေးများတဲ့ လူက ဟိုတယ်ကို ဝယ်လိုက်ပါတော့တယ် … ဟိုတယ်ရဲ့ သက်ဆိုင်တဲ့အရာတွေကို လိုက်လံစစ်ဆေးရင်း အစားအသောက်တွေမြည်းစမ်းကြည့်ရာ သူ့သဘောကျတဲ့လက်ရာမတွေ့ခဲ့ပါဘူး …

    နောက်ဆုံး ဂူရှင်းနမ် ချက်တဲ့ လက်ရာကိုမှ သဘောကျ နှစ်ခြိုက်သွားတဲ့ Mr.လု ရဲ့ စွဲလန်းမှုတေ အိမ်တိုင်ရာရောက်လိုက်ပြီး ဘယ်လိုတောင် အစားအသောက်ကို တန်းတန်းစွဲဖြစ်ခဲ့လဲဆိုတာရယ် … ငါးပူတင်းစားလို့ အဆိပ်မိပြီး တစ်ခဏတာ အဆိပ်မိသွားတဲ့အချိန် ဘယ်လိုတောင် Romance တွေချည်း တကားရိုက်ကြမလဲဆိုတာကိုမြင်တွေ့ရမှာပါ …

    နောက်ပိုင်းသူတို့ နှစ်ဦးကြား ဘယ်လိုအရာတွေက ၀င်ပြီးနှောင့်ယှက်ရင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာ သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုကြမယ်နော် …

    ကဲ … Sat & Sun မှာ အလုပ်တွေရဲ့ ဝေးရာမှာနေပြီး Romance , Comedy ဇာတ်ကားလေးကို ကြည့်ရှုပြီး ဘဝအမောတွေဖြေရင်း ပြေလိုက်ကြရအောင်ဗျာ …

    Rating အရလဲ IMDb မှာ 6.6/10 နှင့် Rotten Tomatoes မှာ 67% အသီးသီးရရှိထားပါတယ် …

     

     

    Translator : Maw Maw Khaing
    Encoder : Ziven
    Quality : WEB-DL 720p
    File Size : 870 MB

     

     

     

    Duration: 106 min

    Quality: WEB-DL 720p

    Release:

    IMDb: 6.6

    Avertising
    This Is Not What I Expected ( 2017 )
    This Is Not What I Expected ( 2017 )
    This Is Not What I Expected ( 2017 )
    This Is Not What I Expected ( 2017 )
    This Is Not What I Expected ( 2017 )