မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    10
    BoredFineGoodAmazingExcellent
    Loading...

    Truth or Dare ( 2018 )

    Truth or Dare ( 2018 )

    2018 ရဲ့ ပေါက်ကားတစ်ကားလို့ ယူဆလို့ရနိုင်တဲ့ Truth or Dare ဆိုတဲ့ Horror ကားလေးတစ်ကား ထွက်ရှိလာခဲ့ပါပြီ …

    ဒီရုပ်ရှင်ဇာတ်ကားကိုတော့ Insidious , The Purge , Paranormal Activity , Sinister အစရှိတဲ့ နာမည်ကြီး Horror ရုပ်ရှင်အများအပြားကို ထုတ်လုပ်ခဲ့တဲ့ Blumhouse Productions ကပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ် …

    Truth or Dare မှာ ခေါင်းဆောင်နေရာမှာ အဓိကပါဝင်ထားတာတော့ လူကြိက်များတဲ့ စီးရီးတွေဖြစ်တဲ့ Pretty Little Liars က မင်းသမီး Lucy Hale နဲ့ Teen Wolf က မင်းသား Tyler Pose တို့ပဲ ဖြစ်ပါတယ် …

    ဇာတ်လမ်းလေးကတော့ –

    Horror ဇာတ်ကားတချို့ရဲ့ ပုံစံအတိုင်း သူငယ်ချင်း တစ်စုက အားလပ်ရက် အပျော်ခရီးထွက်ကြတယ် … အဲ့အချိန်မှာ မမျှော်လင့်ပဲနဲ့ Truth or Dare ဆိုတဲ့ game လေးကို ဆော့မိတယ်ပေါ့ … အဲ့လိုလေးကနေ အစချီထားပါတယ် …

    Truth or Dare ဆိုတဲ့ ဂိမ်းက ဒီအတိုင်း ပြီးမဆုံးသွားပဲ … ဆက်လက်ဖြစ်တည်နေပါတယ် … Truth or Dare နှစ်ခုထဲက တစ်ခုရွေးရမှာ ဖြစ်ပြီး … Truth ကို ရွေးလိုက်ရင် လျှို့ဝှက်ထားတဲ့ အမှန်တရားတစ်ခုကို ပြောရမှာဖြစ်ပြီး Dare ဆိုရင်တော့ စေခိုင်းချက်ကို လုပ်ရမှာပဲ ဖြစ်ပါတယ် … အကယ်လို့ Truth ကို ရွေးပြီး အမှန်တရားကို မပြောပဲ လိမ်လိုက်ရင်ပဲ ဖြစ်စေ , Dare ကို ရွေးပြီး စေခိုင်းချက်ကို မလိုက်နာရင်ပဲ ဖြစ်စေ အသက်ဆုံးရှုံးရမှာပါ …

    ဒါ့ကြောင့် ထိုကြောက်စရာကောင်းတဲ့ ဂိမ်းကို အဆုံးသတ်ဖို့ နည်းလမ်းရှာဖွေရင်း အသက်တွေပဲ ဆုံးရှုံးရမလား ? ဂိမ်းကိုပဲ အဆုံးသတ်နိုင်မလား ? ဂိမ်းကို ဘယ်လို အဆုံးသတ်ရမလဲ ? စတဲ့ မေးခွန်းပေါင်းမြောက်များစွာကို Truth or Dare ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရင်း အဖြေကို ရှာဖွေလိုက်ရနော် …

    ဟောလိဝုဒ်က ရုပ်ရှင်ဝေဖန်ရေးဆရာတွေကတော့ ပရိသတ်တွေကြားမှာ ပေါက်သွားတဲ့ Trailer ရယ်၊ ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ Blumhouse ရဲ့Horror ဇာတ်ကားတွေနဲ့ အောင်မြင်မှုရခဲ့တဲ့ အစဉ်အလာတွေကြောင့် ” Truth or Dare ” ဟာ ၂၀၁၈ ခုနှစ်ရဲ့ မထင်မှတ်တဲ့ ပေါက်ကားဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ် …

    ( review reference from shwemon.com )

     

     

    Translators : PDoubleST , HMN , May Phyu Zin
    Encoder : Ziven
    Quality : WEB-DL 720p
    File Size : 800 MB ( 720p )    |      524 MB ( 360p )

     

     

     

    Duration: 100 min

    Quality: WEB-DL 720p

    Release:

    IMDb: 4.7

    Truth or Dare ( 2018 )
    Truth or Dare ( 2018 )
    Truth or Dare ( 2018 )
    Truth or Dare ( 2018 )
    Truth or Dare ( 2018 )
    Truth or Dare ( 2018 )