မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
5
BoredFineGoodAmazingExcellent
Loading...
Korea Ghost Story-1( Nine-Tailed Fox)( 2008 )

Korea Ghost Story-1( Nine-Tailed Fox)( 2008 )

MMATV Channel Pageမှတင်ဆက်လိုက်တဲ့ Horrorကားကြိုက်သူတွေအတွက် Qualityကောင်းကောင်းနှင့်ကြည့်နိုင်ဖို့ 2008 မှာထွက်ရှိထားတဲ့ Korea Ghost Stories လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်???

Story လေးတွေကတော့ တစ်ခုချင်းစီကသူ့ဇာတ်လမ်းနှင့်သူမို့ တစ်ကားပြီးတစ်ကားကြည့်ရတာ movie တစ်ကားချင်းဆီကြည့်ရသလိုဖြစ်မှာပါ

((သောကြာနေ့တိုင်း Friday Night Feverအနေနှင့် story
တစ်ပုဒ်ချင်းဆီကိုတင်သွားပေးပါ့မယ်နော်??))

Nine- tailed Fox(Gumiho)
ဇာတ်လမ်းအကျဉ်းကတော့***********

လီမျိုးနွယ်အိမ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ကတည်းက မြေခွေးရဲ့ ကျိန်စာ မိနေသူတွေပါ

သူတို့အိမ်က မွေးဖွားလာတဲ့ မိန်းကလေးတွေဟာ အပျိုဖော် စဝင်တာနဲ့လပြည့်နေ့ရောက်ရင်
မြေခွေးအဖြစ်သို့ ပြောင်းသွားပါတယ်

ထိုသို့ မြေခွေးအဖြစ်သို့ မပြောင်းခင် အဲ့ဒီ မိန်းကလေးကို လီမျိုးနွယ်အိမ်ရဲ့ မြေးအကြီးဆုံးက သတ်ရမှာပါ

ဒီလျှို့ဝှက်ချက်ကိုလီမျိုးနွယ်အိမ်ရဲ့ယောကျာ်းသားတွေသာသိထားပါတယ်

မိန်းကလေးတွေနဲ့ အမေတွေက မသိခဲ့ကြဘူး
ဒီအိမ်မှာ ဆိုးအို့ နဲ့ မြောင်အို့ဆိုတဲ့ညီမနှစ်ယောက်လည်း
နေထိုင်ပြီးတော့ သူတို့ညီမနှစ်ယောက်က အစ်ကို ဝမ်းကွဲဖြစ်သူ အိမ်ရဲ့ မြေးအကြီး ဟိုမွန်နဲ့
မောင်နှမအရင်းလို ချစ်ခင်ကြတယ်

ဟိုမွန်ဟာ အခုလို ကိုယ့်အိမ်သား အမျိုးသမီးတွေကို သတ်ရတာကို မလုပ်ချင်တဲ့ သူဖြစ်ပြီး အဘိုး အဖေတွေရဲ့ တွန်းအားပေးမှုကိုလည်း ခံနေရပါတယ်

တနေ့တော့ ဆိုးအို့က အပျိုဖော်စဝင်လာပါတယ် ဒါကို ဟိုမွန်က ဆိုးအို့နဲ့ မြောင်အို့ကို လူကြီးတွေကို မပြောဖို့ မှာပေမဲ့လည်း ဆိုးအို့ အပျိုဖော်ဝင်မှန်း လူကြီးတွေက သိသွားပြီး စီစဉ်စရာရှိတာ စီစဉ်ပါတော့တယ်

ဟိုမွန်က သူ့ကို လပြည့်ညမှာ သတ်ရတော့မှာပါ လပြည့်ညမှာပဲ မြောင်အို့က ဆိုးအို့ကို မိသားစုဝင်တွေ ဖမ်းခေါ်သွားတာကို တွေ့သွားတော့တယ်

ဆိုးအို့က တကယ်ပဲလပြည့်ညမှာ မြေခွေးအဖြစ်
ပြောင်းသွားမလား

ဟိုမွန်ကကော မြေးအကြီးအဖြစ် တာဝန်ကို လုပ်ဆောင်ဖို့ ညီမအရင်းလို ချစ်ရတဲ့ ဆိုးအို့ကို သတ်နိုင်ပါ့မလား

လျှို့ဝှက်ချက်ကို တွေ့သွားတဲ့ မြောင်အို့ကကော ဘာဆက်ဖြစ်မလဲ……..

Main casts တွေအနေနှင့်ကတော့ တကယ့်နာမည်ကြီးတွေဖြစ်တဲ့ Park Min Young,Kim Ha Eun,Kim Tae Ho ,Choi Dang Suk,Park Woongတို့ကပါဝင်ထားကြပါတယ်

 

 

Translator : Snow
Encoder : Sandar Lwin

 

 

Duration: 1 hr 39 mins

Quality: 720p

Release: