မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
Meet Me In St. Gallen ( 2018 )

Meet Me In St. Gallen ( 2018 )

2018 ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့ ဖိလစ်ပိုင် Drama Romance ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ …

စိတ်ညစ်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ အလုပ်မှာ အဆင်မပြေတဲ့ ကောင်မလေးတစ်ယောက် ညတစ်ညမှာ ဆုံကြတယ် … သူတို့ရဲ့အဆင်ပြေမှု့တွေကို အပြန်အလှန် ဝေမျှရင်း ခင်သွားကြတယ် …

အဲ့အချိန်မှာ ကောင်မလေးက တွေးလိုက်တယ် … ဒီလူဟာ ငါ စံပြထားတဲ့ ယောင်္ကျားလေးပဲ … သူဟာ ဘယ်တော့မှ ငါ့ကို နာကျင်အာင် လုပ်မှာမဟုတ်ဘူး … သူက ငါ့ကို ရယ်အောင်ပဲ လုပ်ရမယ် ….

ကောင်လေးက တွေးလိုက်တယ် … ကောင်မလေးနဲ့ တွေ့တဲ့ညကစပြီး အရာရာပြောင်းလဲခဲ့တယ် … သူ့ကြောင့် လမ်းမှန်ရောက်ခဲ့ရတယ် … သူ့ကို ငါ သဘောကျတယ် …

“ငေးကြည့်ရုံပဲပျော်တဲ့သူ နဲ့ ပိုင်ဆိုင်ချင်တဲ့သူ” တစ်ခါတစ်ရံမှာ လူတွေဟာ လောကကြီးမှာ ဖြတ်သွားရုံလောက် ဆုံတဲ့ သူစိမ်းတွေပါပဲ … အဲ့ သူစိမ်းတွေကို ကိုယ့်ဘဝထဲ ရောက်အောင် ခေါ်သွင်းနိုင်တဲ့သူရယ် … ခေါ်မသွင်းနိုင်တဲ့ သူရယ်ဆိုပြီးပဲရှိမှာပါ … ခေါ်သွင်းဖို့ဆိုတာကလည်း အချိန်အခါကောင်းဖြစ်ဖို့ လိုသေးပါတယ် …

အချိန်မှားပြီး ရောက်လာတဲ့ သူစိမ်းတွေအတွက်တော့
ဘဝတစ်ခုအတွက် အရေးပါတဲ့ သူမျိုးမဖြစ်နိုင်တော့ပဲ
ဆုံမှတ်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို ဖြစ်သွားပါတော့တယ် …

ဇာတ်လမ်းလေးကအေးပေမဲ့ ပြီးသွားရင် ခံစားချက်တစ်ချို့ပေးခဲ့ပါလိမ့်မယ် … တစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားကြည့်ပြီးရတဲ့ ခံစားချက်က တူချင်မှ တူပါလိမ့်မယ် …

Rating အရ IMDb မှာ 7.3/10 အထိ ရရှိထားတဲ့ ဖိလစ်ပိုင် ဇာတ်ကားကောင်းလေးတစ်ခုပါ …

 

Translator : PDoubleST
Encoder : Ziven
Quality : 720p WEBRip
File Size : 752 MB

 

Views: 480

Genre: DramaRomance

Actors: ,

Country:

Duration: 1h 35min

Quality: WEBRip 720p

Release:

IMDb: 7.3

Meet Me In St. Gallen ( 2018 )
Meet Me In St. Gallen ( 2018 )