မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
My Little Monster ( 2018 )

My Little Monster ( 2018 )

Japan Live Action ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် My Little Monster ဆိုတဲ့ ဇာတ်ကားလေး Blu-ray ထွက်ရှိလာပြီဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ် … ပေါ့ပေါ့ပါးပါး school နောက်ခံလေးနဲ့ Romance ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားပါ … ဇာတ်လမ်းလေးက ချစ်ဖို့တော့ ကောင်းပါတယ် …

Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတာဖြစ်ပြီး Hayu Yoshida အဖြစ် Kamen Rider မင်းသား Masaki Suda , Shizuku Mizutani အဖြစ် Orange LA မှ မင်းသမီး Tao Tsuchiya တို့က ပါဝင်သရုပ်ဆောင်ကာ Let Me Eat Your Pancreas, The 100th Love with Love, The Black Devil and The White Prince ဇာတ်ကားတို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Shô Tsukikawa က ရိုက်ကူးထားတာပဲဖြစ်ပါတယ် …

Anime ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်ကတော့ ဇာတ်လမ်းလေးနဲ့ စိမ်းမှာမဟုတ်ပေမဲ့ မကြည့်ဖူးတဲ့ ပရိသတ်တွေအတွက် အမြည်းနည်းနည်းပြောပြပါ့မယ် …

ရှီဇုခု ဆိုတဲ့ ကောင်မလေးဟာ စာမှာစာ တစ်မျိုးတည်း လုပ်နေသူတစ်ယောက်ပေါ့ … အတန်းထဲမှာလဲ သူငယ်ချင်းရယ်လို့ မရှိ … သူငယ်ချင်းတွေထားဖို့ထက် စာလုပ်ဖို့ကသာ ပိုပြီးအရေးကြီးတဲ့အရာတစ်ခုလို့ ခံယူထားတဲ့သူတစ်ယောက်ပါ …

ဟာယူ ဆိုတဲ့ ကောင်လေးကတော့ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ရှိသူတစ်ယောက်ပါ … သူ့မှာ ဘာထူးခြားလဲဆိုရင် ဉာဏ်အရမ်းကောင်းတာပါ … ဒါပေမဲ့ သူ့မှာ သူငယ်ချင်းဆိုလို့ များများစားစားမရှိပါဘူး … ရှိတဲ့ သူငယ်ချင်းအမည်ခံတွေကလဲ သာပေါင်းညာစားတွေပေါ့ … ကျောင်းစဖွင့်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုကြောင့် သူဟာ ကျောင်းသားကျောင်းသူတွေရဲ့ ကြောက်ရွံ့ခြင်းကိုခံရကာ ကျောင်းမသွားပဲနေတော့သူတစ်ယောက် …

စာသင်ခန်းထဲမှာ ရှီဇုခု ရဲ့ဘေးမှာ ဟာယူ ထိုင်ရပါတယ် … ဒါပေမဲ့လဲ ကျောင်းဖွင့်တဲ့နေ့ကတည်းက အဲ့ထိုင်ခုံဟာ ကွက်လပ်ဖြစ်နေပါတယ် … နှစ်ဝက်စာမေးပွဲနီးလို့ ဟာယူ အတွက် မှတ်စုစာအုပ်တွေကို အတန်းပိုင်ဆရာမက ပေးပေးဖို့ ရှီဇုခု ကို အကူအညီတောင်းရာကနေ ဟာယူ နဲ့ သိကျွမ်းခွင့်ရပြီး သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ် …

အဲ့လိုနဲ့ ရှီဇုခု နဲ့ ဟာယူ တို့ သူငယ်ချင်းအဆင့်ကနေ ဘယ်လိုတွေ တက်လှမ်းသွားကြမလဲ ?? နောက်ထပ် ဘယ်လိုသူငယ်ချင်းတွေ ထပ်ပါဦးမလဲ ဆိုတာကိုတော့ My Little Monster ဆိုတဲ့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်နော် …

Rating အရ IMDb မှာ 6.6/10 ရရှိထားပါတယ် …

 

Translators : Mee Nge & Ziven
Encoder : Ziven
Quality : Blu-ray 720p
File Size : 928 MB

 

 

Duration: 1h 45min

Quality: Blu-ray 720p

Release:

IMDb: 6.6

My Little Monster ( 2018 )
My Little Monster ( 2018 )
My Little Monster ( 2018 )