မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
Never Not Love You ( 2018 )

Never Not Love You ( 2018 )

2018 မှာ ထွက်ရှိထားတဲ့ Never Not Love You ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ …

Cast အနေနဲ့ကတော့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အသည်းစွဲ James Reid နှင့် မင်းသမီးချောလေး Nadine Lustre တို့က ပါဝင်ထားပါတယ် ….

ဒီဇာတ်ကားလေးပုံစံကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ဇာတ်လမ်းမျိုးလေးပါပဲ … အခုခေတ်လူငယ်တွေ ကြိုးစားရုန်းကန်ကြရပုံတွေကို တစ်စိတ်တပိုင်းဖော်ပြထားပြီး အချစ်ရှိရုံနဲ့ အရာရာမပြည့်စုံနိုင်တဲ့အကြောင်းကိုလည်း ဖော်ပြထားတာမို့ လူငယ်တွေအတွက် သင့်တော်တဲ့ဇာတ်ကားလေးတစ်ကားပါ …

ဂျီအိုဆိုတဲ့ တက်တူးတွေကြိုက်တတ်တဲ့ graphic designer ကောင်လေးနဲ့ ဂျိုအန်ဆိုတဲ့ မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ကောင်မလေးတို့က မတော်တဆတွေ့ကြရာကနေ ချစ်သူတွေဖြစ်သွားကြတယ် …

တစ်နေ့ကျ ဂျီအို ကို လန်ဒန်က ကုမ္ပဏီတစ်ခုက အလုပ်လုပ်ဖို့ လာကမ်းလှမ်းတယ် … ဂျီအို က ဂျိုအန်နဲ့မခွဲချင်လို့ အလုပ်ကိုငြင်းပယ်ချင်တယ် … ဂျိုအန်ကတော့ ဒီလိုကောင်းတဲ့အခွင့်ရေးမျိုးကို လက်မလွှတ်စေချင်ဘူး …

ဒါပေမဲ့ နှလုံးသားထက် ဦးနှောက်ကိုပေးပြီး အလုပ်ကိစ္စကြောင့် ခွဲခွာခဲ့ရတယ် … ဒီလိုနဲ့ ၅ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက် ပြန်တွေ့ကြတဲ့အခါ အတိတ်က အရမ်းချစ်ခဲ့ကြတဲ့ချစ်သူနှစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားကြမလဲ ?? အထူးသဖြင့် LDRS တွေ အနေနဲ့ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါနော် …

Rating အရ IMDb မှာ 7.3/10 အထိ ရရှိထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးတစ်ကားပါ …

 

Translator : Htar Ei Hlaing
Encoder : Ziven
Quality : 720p WEB-DL
File Size : 844 MB

 

Duration: 1h 40min

Quality: WEB-DL 720p

Release:

IMDb: 7.3

Never Not Love You ( 2018 )
Never Not Love You ( 2018 )
Never Not Love You ( 2018 )