မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
10
BoredFineGoodAmazingExcellent
Loading...
Secrets in the Hot Spring ( 2018 )

Secrets in the Hot Spring ( 2018 )

2018 ခုနှစ်မှာ ထွက်ရှိလာတဲ့ Taiwan Horror Comedy လေးကို ရုံးပိတ်ရက်တွေမှာ အေးဆေး chill ရင်း ကြည့်လို့ရအောင် မိတ်ဆက်ပေးလိုက်ရပါတယ် … စစတုန်းကတော့ ကြောက်ဖို့ကောင်းပေမယ့် နောက်ပိုင်းမှာတော့ တကယ် သောက်ကျိုးနည်းဟာသကားစစ်စစ်ပါ …

ရှင်းရှောင်ဂျင် ဆိုတာ မိသားစုစီးပွားရေးဖြစ်တဲ့ ရေပူစမ်း ဟိုတယ်လုပ်ငန်းကို မဆက်ခံချင်လို့ တဇွတ်ထိုးနေချင်သလိုနေတဲ့ ကျောင်းသားတယောက်ဖြစ်ပါတယ် … တနေ့ အဖိုးရဲ့ ကျန်းမာရေးကို အကြောင်းပြုလို့ မိသားစုစီးပွားရေးရှိရာ ဇာတိမြေကို ပြန်လာခဲ့ရပါတယ် …

သူ တယောက်တည်းပြန်လာတာလားဆိုတော့ ကျောင်းမှာ မကြာခဏအနိုင်ကျင့်ခံနေရတဲ့ ခပ်နွဲ့နွဲ့ကောင်တကောင်ရယ်, သောက်ခွီကောင်တကောင်ရယ်နဲ့ပါ …

ဒီလိုနဲ့ ဟိုတယ်မှာ နေရင်း သူတို့ သရဲခြောက်ခံရပါတော့တယ် … ထူးဆန်းတာက သရဲတွေကို သူတို့သုံးယောက်ဘဲ မြင်ရပြီး အဖိုးကြီးတို့လင်မယားက တခါမှ မမြင်ဖူးသေးတာပါ … သူတို့လဲ ဟိုတယ်မှာ ခြောက်နေတဲ့ သရဲကိစ္စကို သုံးယောက်သား ဖော်ထုတ်ကြပါလေရော …

ဒီတော့ ဟိုတယ်က သရဲခြောက်တဲ့ ဟိုတယ်ကြီးလား? ဘာအကြောင်းတွေရှိခဲ့လို့ ဟိုတယ်မှာ သရဲရှိနေတာလဲ ? ဆိုတာတွေကို ဇာတ်ကားထဲမှာဘဲ ဆက်လက်ကြည့်ရှုခံစားကြပါလို့ …

တကားလုံးမှာ ကျောင်းသားသုံးယောက်ရဲ့ အလွဲတွေ အဖိုးကြီးတို့လင်မယားရဲ့ သောက်ကျိုးနည်းစီးပွားရေးလုပ်ကိုင်ပုံတွေကို ကြည့်ရင်း တခွီးခွီးနဲ့ ရယ်နေရမယ်လို့ အာမခံပါတယ် …

ဒီကားမှာ friendship တွေရော မိသားစုသံယောဇဉ်တွေရော အခွီတွေရော ပါဝင်တာကြောင့် ကြည့်ရကျိုးနပ်စေမှာပါနော် …

Rating အရ IMDb မှာ 6.2/10 နှင့် MyDramaList မှာ 7.5/10 အသီးသီး ရရှိထားပါတယ် …

 

Translator : May Zun Moe Oo
Encoder : Ziven
Quality : 720p Blu-ray
File Size : 880 MB

 

Duration: 2h 3min

Quality: Blu-ray 720p

Release:

IMDb: 6.2

Secrets in the Hot Spring ( 2018 )