မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
10
BoredFineGoodAmazingExcellent
Loading...
Kingdom : Season 1 ( 2019 )

Kingdom : Season 1 ( 2019 )

ဒီနှစ်တွေထဲမှာ ကိုရီးယား zombie ဇာတ်ကားတွေ အတော်လေး ရေပန်းစားတယ်ပြောရမယ် … ထွက်လာခဲ့သမျှ Train to Busan တို့ Rampant တို့လို ဇာတ်ကားတွေကလဲ ပရိသတ်တွေအတွက် အကြိုက်တွေ့စေခဲ့ပါတယ် …

movie နဲ့ အားမရတဲ့သူတွေအတွက် သတင်းကောင်းကတော့ မနေ့ကပဲ အပိုင်း ၆ ပိုင်း ပါဝင်တဲ့ ကိုရီးယား zombie စီးရီးကို Netflix က ဖြန့်ချိလိုက်ပါတယ် … ဇာတ်ကားနာမည်ကတော့ Kingdom လို့ အမည်ရပြီး ရှေးခေတ်သမိုင်းနောက်ခံနှင့်အတူ Zombie တွေကို ယှဉ်တွဲပြီး မြင်ရမှာ ဖြစ်ပါတယ် …

အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ – Alone with the God ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ မင်းသား Ju Ji-hoon နှင့်အတူ Sense 8 TV Series, Cloud Atlas, Jupiter Ascending အစရှိတဲ့ ရုပ်ရှင်ဇတ်ကားများနှင့်အတူ Hollywood အထိပါ ခြေဆန့်နိုင်ခဲ့တဲ့ မင်းသမီးချောလေး Bae Doona တို့က ပါဝင်ထားပါတယ် …

ဇာတ်ကားအကြောင်းအရာကို ပြောရရင် မင်းကြီးအရိုက်အရာကို ဆက်ခံမယ့် သားတော်ဟာ အိမ်ရှေ့မင်းသားတစ်ပါးပဲရှိနေခဲ့ပါတယ် … ဒါပေမဲ့ ထိုအချိန်မှာ မိဖုရားကြီးဟာ ကိုယ်ဝန်ကြီးနဲ့ပါ မိဖုရားကြီးဟာ ကိုယ့်ရဲ့ သွေးသားမဟုတ်တဲ့ အိမ်ရှေ့မင်းသားထက် မိမိ ရင်သွေးကိုသာ နန်းမွေ ဆက်ခံစေချင်သူပါ …

အဲ့အချိန်မှာပဲ မင်းကြီးဟာ နတ်ရွာစံသွားခဲ့ပါတယ် … ဒါပေမဲ့ ထိုသတင်းကို မိဖုရားကြီးတို့ မျိုးရိုးဟာ ထိန်ချန်ထားပြီး မိဖုရားကြီး မီးမဖွားခင် အချိန်အထိ မင်းကြီးကို မရရ တဲ့ နည်းလမ်းနဲ့ အသက်ရှင်အောင်ကြိုးစားပါတော့တယ် …

ဒါပေမဲ့ ထိုနည်းလမ်းက လူကို အသက်ရှင်ပေမဲ့ မကောင်းဆိုးဝါးလို ပြောင်းလဲသွားစေပါတယ် … ခေတ်အခေါ်အရ ပြောရရင် Zombie ပေါ့ … မင်းကြီး အသက်မသေသေးပါဘူးဆိုပြီး ပြောပေမဲ့ နန်းပြင်ကို ထွက်မလာတဲ့အတွက် အိမ်ရှေ့မင်းသားက စိတ်ပူပြီးစုံစမ်းပါတော့တယ် …

ထိုကနေ တစ်ဆင့် ဘာတွေဖြစ်လာမလဲဆိုတာကတော့ Kingdom ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် …

အရမ်းကြည့်ကောင်းပါတယ်နော် Zombie တွေရဲ့ မိတ်ကပ်ကလည်း ကောင်းပါတယ် Train To Busan တို့ Rampant တို့လို ဇာတ်ကားတွေကြိုက်တဲ့ လူအတွက် ကိုရီးယား အကောင်းစား Zombie ဇာတ်ကားလို့ ပြောလို့ရပါတယ်နော် …

Rating အရ ကြည့်မယ်ဆိုရင် IMDb မှာ 8.8/10 နှင့် MyDramaList မှာ 8.1 အထိ ရရှိထားပါတယ် … Season 1 ကတော့ အပိုင်း ၆ ပိုင်းမှာပဲ ပြီးဆုံးသွားတာဖြစ်ပြီး Season 2 ကိုတော့ February လထဲမှာ ပြန်လည် ထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ် …

 

 

Translators : Shin NuNu Han, PDoubleST, May Hnin Soe & Ziven
Encoder : Ziven
Quality : 720p WEB-DL
File Size : 450 MB

 

DOWNLOAD FOR OPENLOAD

Episode 01 Episode 02   Episode 03 Episode 04   Episode 05 Episode 06

 

 

DOWNLOAD FOR SOLIDDRIVE

Episode 01 Episode 02   Episode 03 Episode 04   Episode 05 Episode 06

 

 

 

Views: 1024

Genre: Action & AdventureDrama

Director:

Studio:

TV Status: Returning Series

Duration: 51 min

Release:

TMDb: 9

Country:

Networks:

Starring: Bae Doo-na, Huh Joon-ho, Jin Sun-kyu, Ju Ji-hoon, Jun Suk-ho, Jung Suk-won, Kim Hye-jun, Kim Sang-ho, Kim Sung-kyu, Ryu Seung-ryong,

Kingdom : Season 1 ( 2019 )
Kingdom : Season 1 ( 2019 )
Kingdom : Season 1 ( 2019 )
Kingdom : Season 1 ( 2019 )