မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
The Chocolate Chance ( 2017 )

The Chocolate Chance ( 2017 )

2017 ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့ Indonesian Drama Romace Film လေးတစ်ခုပဲဖြစ်ပါတယ် …

ဇာတ်လမ်းနာမည်လေးကလဲ The Chocolate Chance တဲ့ … နာမည်လေးက အဆန်းတော့ အဆန်းသားနော် … ပန်းတွေမှာဆို နှင်းဆီဟာ အချစ်နဲ့တင်စားခံရပြီး … အစားအသောက်မှာဆိုရင်တော့ဖြင့် ချောကလက်နဲ့ အချစ်ကို တင်စားကြတာ အားလုံးလဲ အသိပါ …

အချစ်တစ်ခုပေါက်ဖွားလာပြီဆိုရင် ချောကလက်လေးလိုမျိုးပါပဲ … အထဲမှာ ချိုတဲ့အရသာပါမယ် , ခါးတဲ့အရသာပါမယ် … ချစ်ခြင်းနဲ့ တည်ဆောက်မယ့် ဘဝတစ်ခုဟာလဲ အဲ့လိုပါပဲ လမ်းခရီးမှာ ဖြတ်ကျော်ရမယ့် ချိုမြိန်မယ့်အရာတွေလဲ ရှိသလို ခါးသက်သက်အရာတွေလဲ ရှိပါတယ် … ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ချောကလက်ရော အချစ်ရော လူတွေကို စွဲလမ်းစေတတ်ကြတာပဲ မဟုတ်ပေဘူးလား ?

ဒီဇာတ်ကားလေးမှာတော့ Orvala ဆိုတဲ ကောင်မလေးဟာ အထက်တန်းကျောင်းသူ တစ်ဦးပါ … သူ့အိမ်ကတော့ O Donut ဆိုတဲ့ အမည်နဲ့ Donut ရောင်းပါတယ် … အဲ့ Donut တွေကို ကျောင်းက ကန်တင်းကို ပို့ပေးရပါတယ် … ဒါပေမဲ့ Orvala ရဲ့ အဖေဖြစ်သူက သူ့သမီးအရှက်ရမှာဆိုးလို့ Donut တွေကို သမီးဖြစ်သူနဲ့ တခါတည်း မထည့်ပေးလိုက်ပဲ သူကိုယ်တိုင် လာပို့ပါတယ် …

တနေ့ကျ ကျောင်းရဲ့ journalism အဖွဲ့က Orvala နဲ့ သူ့အဖေ Donut ဗူးတွေကိုင်ပြီး ကျောင်းလာကြတယ့်ပုံကို Juno ဆိုတဲ့ သူဌေးသားကျောင်းသားလေးက ဓာတ်ပုံခိုးရိုက်ပြီး ကျောင်းရဲ့ Website မှာ ဆောင်းပါးတစ်ခုအဖြစ် ရေးခဲ့ပါတယ် …

အဲ့ကိစ္စကြောင့်ပဲ Orvala နဲ့ Juno တို့ ပြသနာဖြစ်ပြီး ဘယ်လိုမျိုးဇာတ်လမ်းလေးတွေ ဆက်လက် ပေါက်ဖွားလာကြမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ကြရအောင်နော် …

ဒီဇာတ်ကားထဲမှာ Orvala ပြောနေကြ စကားတစ်ခွန်းရှိပါတယ် … ” ဘဝဆိုတာ ချောကလက်နဲ့ အလားသဏ္ဍာန်တူပါတယ် … ချောကလက်ဆိုတာ အချိုနဲ့အခါးအရသာကို အချိုးကျ ပေါင်းစပ်ထားတဲ့ စားစရာတစ်ခုပါ … အဲ့အရသာကပဲ လူတွေကို စွဲလမ်းစေတာပါ … ဘဝဆိုတာလဲ ထိုနည်းလည်းကောင်းပါပဲ ”

ဇာတ်လမ်းနာမည်လေးအရ ဘယ်လိုချိုမြိန်မှုတွေကို ဖြတ်ကျော်ရပြီး ဘယ်လိုခါးသီးမှုတွေကို ဖြတ်ကျော်ရမလဲဆိုတာကတော့ The Chocolate Chance ဆိုတဲ့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော် …

 

Translator : Ziven
Encoder : Ziven
Quality : 720p WEB-DL
File Size : 767 MB

 

 

Duration: 1h 35min

Quality: WEB-DL 720p

Release:

The Chocolate Chance ( 2017 )
The Chocolate Chance ( 2017 )
#404_is_fine