မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
The Ex-File 3: The Return of the Exes ( 2017 )

The Ex-File 3: The Return of the Exes ( 2017 )

The Ex-Files ဆိုတဲ့ ဇာတ်ကားလေးကို MMATV ပရိသတ်ကြီးတို့ကို အဆုံးသတ်ပေးလိုက်တော့မယ် … ရှေ့မှာ Ex-Files 1 နဲ့ 2 တင်ဆက်ပြီးသွားပြီဆိုတော့ နောက်ဆုံးဖြစ်တဲ့ 2017 ခုနှစ်မှာ ထွက်ရှိထားတဲ့ The Ex-Files 3 : Return of the Exes လေးကို တင်ဆက်ပေးလိုက်ပါတယ် … ဇာတ်လမ်းလေးကတော့ မအီပဲ အဆုံးသတ်ထိကောင်းဆဲပါပဲ ဆိုတာတော့ ရဲရဲကြီးအာမခံတယ် …

နံပါတ် (၃) မှာတော့ နံပါတ် (၁) က မင်းသားပဲ ဖြစ်တယ့် Super Junior အဖွဲ့ဝင်ဟောင်း Han Geng နဲ့ The Ex-Files သုံးကားလုံးကို အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ Kai Zheng တို့က အဓိက မင်းသားတွေ အဖြစ်ပါဝင်ထားပါတယ် …

အဓိက သရုပ်ဆောင် မင်းသမီးအဖြစ်တော့ Chines Singer and Actress ဖြစ်တဲ့ အချောလေး Kelly Yu က ပါဝင်ထားပါတယ် …

ဇာတ်လမ်းအကျဉ်းလေးကတော့ –

ဇာတ်လမ်းအစမှာပဲ လင်းဂျီ တို့ အတွဲ အကြောင်းအမျိုးမျိုးကြောင့် ပြတ်ခဲ့ကြတယ် …

အခန်း ၁ တုန်း က အစစအရာရာ နားလည်ပေးခဲ့တဲ့ ချစ်သူက ဘာကြောင့် အခန်း ၃ မှာ ပြတ်ခဲ့ကြတာလဲ ???

ယုဖီ တို့ အတွဲကလဲ လင်းဂျီတို့ ပြတ်တာကို စိတ်မကောင်းဖြစ်နေကြောင်း ပြောနေကြရင်း ယုဖီဖုန်း ဆီ စာဝင်လာတာကို ဒင်းဒန် က ပြခိုင်းတာကို ယုဖီက ဖုံးကွယ်လို့ အဲ့နေ့ညမှာပဲ ပြသာနာတက်ရင်း ပြတ်ခဲ့ကြတယ် …

သူငယ်ချင်းတွေဖြစ်တဲ့ အတွဲနှစ်တွဲ ပြတ်ခဲ့ကြတော့ …
ယောကျာ်းလေးဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်က ကဲဖော်ကဲဖက်ဖြစ်တာပေါ့ ..

မိန်းကလေးဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ အသဲကွဲဖော် အသဲကွဲဖက်ပေါ့ …

လင်းဂျီ တို့ သူငယ်ချင်းနှစ်ယောက် အသေအလဲတွေ ကြေကွဲ ခံစားနေရချိန်မှာ …

ယုဖီ တို့ သူငယ်ချင်းနှစ်ယောက်ကတော့ တခြားကောင်မလေးတွေနဲ့ ပျော်ပါးပြီး အသဲကွဲတာကို ကုစားနေကြတာပေါ့ …
( ဒါကတော့ ယောကျာ်းလေး နဲ့ မိန်းကလေး ကြားက ကုစားပုံ ကွာနည်းပါ … လက်တွေ့မှာလဲ အဲ့လိုပါပဲ )

ယုဖီ တို့ အတွဲကတော့ တစ်ညကျတော့ စာရင်းရှင်းမယ်ဆိုပြီး … ဒင်းဒန်က မူးပြီးဖုန်းမှားခေါ်ခဲ့မိလေရဲ့ … ဒင်းဒန် တယောက် ဖုန်းအရင်ဆက်မိလို့ သူ့မာနတွေသွားပါပြီလို့ ပြောနေခဲ့တယ် …
( ဒါလေးကတော့ လက်တွေ့မှာလဲ တကယ်ချစ်တဲ့ ချစ်သူရည်းစားကြား မထားသင့်တဲ့ မာန လေးပေါ့ )

စာရင်းရှင်းကြရင်း သူတို့အတွဲ ဘာဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားလေးကို ဆက်ကြည့်ကြနော် …

လင်းဂျီ တို့ အတွဲကတော့ တလွဲမာန တွေနဲ့ သူဆက်နိုး ငါဆက်နိုး နဲ့ အလှမ်းဝေးနေကြဆဲပဲ …

လင်းဂျီ တို့ အတွဲ အဆင်မပြေနေချိန် အခိုက်အတန့်မှာပဲ သူတို့အတွဲ မှာ ရင်ဖွင့်ဖော်တွေ ပေါ်လာခဲ့ပါသေးတယ် …

ဒါကတော့ဇာတ်လမ်းရဲ့ မပါမဖြစ်ထည့်ရမယ့် ဇာတ်ကွက်လေးကို …

သူတို့နှစ်ယောက်ချစ်ခဲ့ကြိုက်ခဲ့စဉ်က ပြောခဲ့တဲ့ စကားလေးရှိခဲ့တယ် … အဲ့စကားလေးက ဇာတ်လမ်းအဆူံးလေးမှာ ရင်ထဲ ထိခဲ့ရတယ် …
( ကျမ Translator အပျိုကြီးမမ တောင် ဘာသာပြန်နေရင်း မျက်ရည်တွေ ကျခဲ့ရတယ် )

ဇာတ်ကားနာမည်လေးအတိုင်း မင်းသားနဲ့မင်းသမီး ပြန်ပေါင်းထုတ်မလားဆိုတာကို ဇာတ်ကားလေးကြည့်ရင်း အဖြေထုတ်တာပေါ့နော် …

ပရိသတ် ကြီးလဲ ဒီဇာတ်ကားလေးကို ကြည့်ပြီး ရင်ထဲတခုတော့ကျန်ခဲ့မယ်ဆိုတာ ယုံကြည်ပါတယ် …

Rating အရ IMDb မှာ 5.7/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ …

 

 

Translator : Kiddo
Encoder : Ziven
Quality : Blu-ray 720p
File Size : 930 MB

 

 

Views: 402

Genre: ComedyRomance

Actors: ,

Country:

Duration: 120 min

Quality: Blu-ray 720p

Release:

IMDb: 5.7

The Ex-File 3: The Return of the Exes ( 2017 )
The Ex-File 3: The Return of the Exes ( 2017 )
The Ex-File 3: The Return of the Exes ( 2017 )
The Ex-File 3: The Return of the Exes ( 2017 )
The Ex-File 3: The Return of the Exes ( 2017 )