မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
The Vanished ( 2018 )

The Vanished ( 2018 )

က်ပေးချင်တဲ့ကားလေးကတော့၂၀၁၂ကထွက်ရှိထားခဲ့တဲ့ စပိန်ရုပ်ရှင် The Body ကိုပြန်လည်ရိုက်ကူထားတဲ့ The Vanished ဆိုတဲ့ ကိုရီးယားကားလေးပဲဖြစ်ပါတယ်

Review****
ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ သူဋ္ဌေးမယွန်းဆိုဟီး…
ယွန်းဆိုဟီးရဲ့အမျိုးသားဖြစ်သူ ပရော်ဖက်ဂျင်ဟန်က ဟဲဂျင်ဆိုတဲ့ကျောင်းသူလေးနဲ့ ချစ်ကြိုက်နေတာကြောင့် သူလေ့လာနေတဲ့မေ့ဆေးအသစ်တစ်မျိုးကို ယွန်းဆိုဟီးသောက်မယ့်အရက်ထဲထည့်ပြီး တိုက်လိုက်တာကြောင့် ယွန်းဆိုဟီးသေဆုံးသွားတယ်

အဲ့ဒီဆေးက အာရုံကြောတွေတုံ့ဆိုင်းသွားစေပြီး ဘာသဲလွန်စမှမကျန်ဘဲနဲ့ သေဆုံးစေတဲ့ဆေးတစ်မျိုးဖြစ်တယ်

အသုဘအခမ်းအနားနေ့ညမှာပဲ ကိုရီးယားဆေးသိပ္ပံစုံစမ်းစစ်ဆေးရေးဌာနကနေ ယွန်းဆိုဟီးအလာင်းကထူးဆန်းစွာပျောက်ဆုံးသွားတယ်

ရဲအရာရှိဂျောင်ရှစ်နဲ့အဖွဲ့ကအမှုကိုစုံစမ်းစစ်ဆေးကြတယ်

ညတွင်းချင်းပဲရဲကအကြောင်းကြားတဲ့အခါမှာ ပတ်ဂျင်ဟန်ရောက်လာပြီး စစ်ဆေးမေးမြန်းရင်းနဲ့ယွန်းဆိုဟီးသေဆုံးမှုဟာ ပတ်ဂျင်ဟန်လက်ချက်လို့သင်္ကာမကင်းဖြစ်တဲ့အတွက် အမှုစစ်ဆေး
မပြီးမချင်းပြန်ခွင့်မပေးဘဲရဲအရာရှိက ဌာနမှာပဲနေခိုင်းတယ်

ဒီလိုနဲ့ ပတ်ဂျင်ဟန်တစ်ယောက်သံသယဖြစ်စရာသဲလွန်စတွေကို တွေ့လာရပြီးသူ့မိန်းမယွန်းဆိုဟီး မသေဘူးလို့ယုံကြည်လာတယ်

ယွန်းဆိုဟီးကလက်စားချေပြီး သူ့ချစ်သူဟဲဂျင်ကိုအန္တရာယ်ပြုမှာကြောက်လာတဲ့အတွက် သူပြောတဲ့လိပ်စာအတိုင်းသွားကြည့်အခါ အဲ့မှာဟဲဂျင်ရှိမနေခဲ့ဘဲနဲ့ လူနေခဲ့တဲ့အရိပ်အယောင်တောင်မတွေ့ရတဲ့အခါ…

တကယ်ပဲ ယွန်းဆိုဟီးမသေခဲ့ဘူးလား?

ပတ်ဂျင်ဟန်ကပဲ အထင်အမြင်မှားခဲ့တာလား?

ယွန်းဆိုဟီးသေဆုံးသွားပြီဆိုရင်ကော အလောင်းကဘာကြောင့်ပျောက်ဆုံးသွားရတာလဲ???

ဒါတွေကိုစိတ်ဝင်တစား ကြည့်ရှူရမယ့် plot twist လေးတွေနဲ့ Suspense,Thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်

မူရင်းစပိန်ရုပ်ရှင်ကားကိုတော့မကြည့်ဖူးလို့နှိုင်းယှဉ်မပြောတတ်ပေမယ့် ဒီRemake ကလည်းသူ့ဟန်နဲ့သူတော့တကယ်ကိုကောင်းမွန်ပါတယ်

Rating တွေအနေနဲ့ကလည်း IMDB6.7, My Drama List 7.9 နဲ့ RT 100%တောင်ရရှိထားတာဖြစ်ပါတယ်

ဒီလိုဇာတ်လမ်းအမျိုးအစားကြိုက်နှစ်သက်တတ်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ

 

 

Translated by HMN

Encoded by Sandar Lwin

MMATV မှတင်ဆက်သည်

Duration: 100

Quality: FHDRip 720p

Release:

IMDb: 6.6/10

The Vanished ( 2018 )
The Vanished ( 2018 )
The Vanished ( 2018 )
Server Subtitle File Size Links