မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
10
BoredFineGoodAmazingExcellent
Loading...
Until Forever ( 2016 )

Until Forever ( 2016 )

သင့်မှာ ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ ယုံကြည်ရတဲ့ အရာတစ်ခုရှိလား ? ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ဖို့တော့လိုတာပေါ့။

ဥပမာ – ဘုရားသခင်၊ တရားဓမ္မ၊ ကောင်းမွန်သော လူကြီးသူမတို့ရဲ့ ဆုံးမမှု စသဖြင့်ဆိုပါတော့။

ယုံကြည်တယ်ဆိုတာ ကောင်းတဲ့အရာဖြစ်ပေမယ့် ယုံကြည်တဲ့အရာပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေက ပြောင်းလဲသွားတာပါ။

ဒီဖြစ်ရပ်မှန်ဇာတ်ကားထဲက မိုက်ကယ်ဟာဆိုရင် ယုံကြည်မှုရဲ့ စွမ်းအားကို ပြသသွားခဲ့တာပါ။

မိုက်ကယ်နဲ့ မီရှယ်လ်တို့ရဲ့ အချစ်ရေးဟာ ပျော်ရွှင်ကြည်နူးစရာအပြည့် သစ္စာရှိစွာ နှစ်ယောက်အတူတူ လက်တွဲရင်း ဖြတ်သန်းနေကြတာပါ။

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ရှေ့ရေးဟာ မိုက်ကယ်ရဲ့ အဖြစ်နည်းလွန်းလှတဲ့ သွေးကင်ဆာကြောင့် ဝေဝါးသွားပါတယ်။

မိုက်ကယ်ဟာ အရှုံးမပေးခဲ့ပဲ ဘဝကို ရဲရင့်စွာ ရင်ဆိုင်ရင်း ကင်ဆာကို တိုက်ပွဲဝင်ခဲ့ပါတယ်။

သူ့ပတ်ဝန်းကျင်က လူတွေအားလုံး သူ့အပေါ် ဂရုစိုက်ကြတာကြောင့်တင်ပဲသူစိတ်သက်သာရတာမဟုတ်ပါဘူး။

သူ့ရဲ့ပြင်းထန်တဲ့ ယုံကြည်မှုကြောင့် သူ့စိတ်ကိုသူ ဖြေနိုင်ခဲ့တာပါ။

ယုံကြည်မှုရဲ့ စွမ်းအား ဘယ်လောက်ပြင်းထန်တယ်ဆိုတာ သူက သက်သေပြသွားပါလိမ့်မယ်။

ဘာသာပြန်တဲ့ ကျွန်တော်ကတော့ ဒီအထဲက ဖန်တန်လိုမျိုး Atheist တစ်ယောက်ဖြစ်ပြီး ရခဲ့တဲ့ Message ကလဲ ကွဲပြားပါတယ်။

လူတိုင်း တစ်နေ့သေကြရမှာပါ။ မသေခင်မှာ ကိုယ်တန်ဖိုးထားရတဲ့ သူကို မြတ်နိုးပါ။ ချစ်ပါ။ ယုယပါ။ ဇာတ်ကားထဲမှာလဲ ပါပါတယ်။

မိတ်ဆွေ ဘယ်လောက်ကောင်းကောင်း အကြောင်းအရာတစ်ခုမဟုတ် တစ်ခုကတော့ ပြဿနာဖြစ်စေပါတယ်။

မိသားစုနဲ့ ကိုယ်ချစ်ရတဲ့သူသာ ကိုယ့်အတွက် အရေးအပါဆုံးဆိုတဲ့ Message လေးကို လက်ဆင့်ကမ်းပေးရင်း ပရိတ်သတ်များ မကြည့်ရှုခင် တစ်သျှူးတစ်ထုတ်လောက်တော့ ဆောင်ထားဖို့ အကြံပေးပါရစေ။

Me befor you တို့လို့ Drama အရမ်းမဆန်ပေမယ့် ရင်ထဲကို တစ်မျိုးလေး တိုးဝင်လာစေတာမို့ ပရိတ်သတ်ကြီးကျေနပ်မှာပါ။

“Love knows no limit to its endurance”

“True love never give up”

 

Translator:  Htoo Aung

Encoder:  Sandar Lwin

MMATV Channelမှတင်ဆက်သည်

Duration: 1Hr 40mins

Quality: WEBRip 720p

Release:

IMDb: 6.3/10

Until Forever ( 2016 )
Until Forever ( 2016 )