မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
0
BoredFineGoodAmazingExcellent
Loading...
Woochi : The Demon Slayer ( 2009 )

Woochi : The Demon Slayer ( 2009 )

Also known as Jeon Woochi The Taoist Wizard

ဒီကားလေးဟာ တစ်ခေတ်မှာ တစ်ယောက်ထွန်းဆို သလိုပဲ

၁၅၀၉ခုနှစ်၊ ဂျိုဆန်ခေတ်မှာ ထင်ရှားခဲ့တဲ့ မှော်ဆရာ ဂျောင်ဝူးချီရဲ့ ဇာတ်လမ်းတွေထဲက တစ်ခုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။

ဒီကားထဲမှာ ဂျောင်ဝူးချီရယ်၊ လူယောင်ဖန်ဆင်းထားတဲ့ သူ့ရဲ့ ခွေးလေးရယ်အပြင် မကောင်းဆိုးဝါးတွေ၊ မှင်စာတွေကို ထိန်းချုပ်နိုင်တဲ့အတွက် နတ်တွေသာမက မကောင်းဆိုးဝါးတွေ၊ မှော်ဆရာတွေအားလုံး အသည်းအသန်လိုက်နေကြတဲ့ နတ်ပုလွေအကြောင်းကို ရုပ်ရှင်ရိုက်ချက် ကောင်းကောင်းအသုံးချ ရိုက်ကူးထားတာဖြစ်ပြီး

ကြောက်ရွံ့ထိတ်လန့်မှုတွေက်ု တစ်ချိန်လုံးကြည့်ရှုရမှာမဟုတ်ပဲ ဝူးချီရဲ့ အလွဲလေးတွေကို အမောပြေ ကြည့်ရှုနိုင်ကြမှာပါ။

ဇာတ်လမ်းအစမှာ အင်မတန်တော်လှတဲ့ ဝူးချီဟာ နတ်ပုလွေကို ပိုင်ဆိုင်ချင်တဲ့ တခြားမှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဟွာဒန်းရဲ့ လုပ်ကြံဖန်တီးမှုကြောင့် အပြစ်မရှိဘဲ နှစ်ပေါင်း ၅၀၀တိုင်အောင် ပန်းချီကားချပ်ထဲမှာ နတ်ပုလွေနဲ့ အတူ ဖမ်းဆီးကာ အပိတ်ခံလိုက်ရပါတယ်။

၂၀၀၉ခုနှစ်ကိုရောက်တော့ မကောင်းဆိုးဝါးတွေရဲ့ ဘေးရန်ကနေ ငြိမ်းအေးသွားပြီ ဖြစ်တဲ့အတွက် နတ်တွေဟာ အငြိမ်းစားယူလိုက်ကြပြီး လူအဖြစ် အသွင်ယူရင်း လူတွေနဲ့ရောနှောနေထိုင်ခဲ့ကြပါတယ်။

နတ်တွေမရှိတော့တဲ့နောက် လူကောင်းအဖြစ်အယောင်ဆောင်နေထိုင်တဲ့ နတ်ဆိုးကြီးတစ်ဖြစ်လဲ မှော်ဆရာဟွာဒန်းလဲ ပျောက်ဆုံးနေချိန်မှာ မှင်စာတွေဟာ သောင်းကျန်းလာခဲ့တဲ့အချိန်မှာတော့ အကူအညီအဖြစ် ဟွာဒန်းအစား ဝူးချီကို ပြန်လည်ခေါ်ဆောင်ကြပါတော့တယ်။

ဒီအချိန်မှာပဲ ဟွာဒန်းလဲ ပြန်လည်ပေါ်ထွက်လာပြီးနောက်မှာတော့ ဝူးချီနဲ့ပဲ ငြိမ်းချမ်းရေးယူပြီး လောကကြီးကို အေးချမ်းစွာ အုပ်ချုပ်မလား။

နတ်ပုလွေကို အသည်းအသန်ပြန်လည်ရှာဖွေပြီး လောကကြီးကို ချယ်လှယ်မလားဆိုတာကိုတော့

ရုပ်ရှင်ချစ်သူတို့က ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ

 

 

 

Translator : Htoo Aung

Encoder : Sandar Lwin

MMATV Channel မှတင်ဆက်သည်

 

 

Duration: 136

Quality: Blu-ray 720p

Release:

IMDb: 6.7/10

Woochi : The Demon Slayer ( 2009 )
Woochi : The Demon Slayer ( 2009 )
Woochi : The Demon Slayer ( 2009 )
Woochi : The Demon Slayer ( 2009 )
Woochi : The Demon Slayer ( 2009 )